Zawgyi ဖြင့်ဖတ်ရန်
))
Unicode ဖြင့်ဖတ်ရန်
ဗိုလ်ချူပ်ဈေးထဲက နာမည်ကြီး တရုတ်ဆိုင်တစ်ခု ကနေ စားမိလို့ လည်ပင်းခွဲစိတ်ရတော့မလို ဖြစ်ခဲ့တဲ့ အဖြစ်
“အသွားမတော် တစ်လှမ်း ၊ အစားမတော် တစ်လုပ်” ဆိုတဲ့ မြန်မာစကားပုံကိုကြားဖူးကြမှာပါ။ ဒါကြောင့် ရှေးလူကြီးတွေရဲ့ စကားကို ပစ်ပယ်ထားလို့မရဘူးဆိုတာလေးကိုသိစေချင်ပါတယ်။ အစားတစ်လုပ်ကြောင့် အသက်ပေးခဲ့ရသူတွေ ရှိသလို ၊ ခြေတစ်လှမ်းကြောင့် ထောင်ထဲရောက်သွားသူတွေလည်း အများအပြားပါပဲနော်။ အခုတော့ အစားအစာနဲ့ ပတ်သတ်ပြီး ဒီနေ့ တွေ့မိတဲ့ အကြောင်းအရာလေးကို မျှဝေပေးချင်ပါတယ်။ အဲ့တာကတော့ “အစားတစ်လိုင်း” ဆိုတဲ့ ကိုကို ၊ မမ တွေ အတွက်ပါနော်။
ဒီအကြောင်းကိုတော့ ဖေ့ဘွတ်လူမှုကွန်ရက်မှာ Nudy J ဆိုသူက တင်ထားပေးခဲ့တာဖြစ်ပြီးတော့ အားလုံး သတိထားနိုင်အောင်လည်း မျှဝေထားတာဖြစ်ပါတယ်။ဖြစ်ပုံကတော့ ဒီလိုပါ။
တိတ်တဆိတ်လူမဆန်သော လူသတ်သမားများ😏😏😏
မနေ့ကနေ့လည်ဖက်ကို ဗိုလ်ချုပ်ဈေးထဲက နာမည်ကြီးတရုတ်ဆိုင်မှာ စားနေကြအတိုင်းပေါ့ ဝက်နံရိုးကြော်နဲ့ထမင်းကြော်မှာပြီး စားတယ်။တဝက်လောက်မှာ လည်ပင်းထဲစူးခနဲဖြစ်သွားတော့ အရိုးစူးတယ်ထင်ပြီး ရေတွေသောက် ငှက်ပျောသီးအလုံးလိုက်မျိုချ(ကိုယ်ကတော့ ဝက်နံရိုး အစလေးဆူးတယ်ထင်တာ)မသက်သာတော့ ညနေဆေးခန်းသွားတော့ ဆရာဝန်မက နား၊နှာခေါင်းလည်ချောင်းကိုသွားလိုက်ပါတဲ့၊ဒါနဲ့ညဖက်ကြီးဆေးရုံကိုတယောက်ထဲသွား ဟိုရောက်တော့ ဆရာဝန်မတယောက်က လည်ချောင်းထဲကြည့်တော့ မမြင်ရဖူးတဲ့၊ဓါတ်မှန်ရိုက်ပြန်ရော၊ဓါတ်မှန်ရတော့လည်း ဘာမှမတွေ့ဘူးတဲ့ သေချာအောင် းအဲ့ဓါတ်မှန်ကို ဖုန်းနဲ့ရိုက်ပြီး senior ဆီလှမ်းပို့ပြီးမေးရတဲ့အဖြစ်ပါ(၂၄နာရီservice ပေးနေတဲ့ အစိုးရဆေးရုံမှာ တာဝန်ကျနေတဲ့ ဆရာဝန်တွေရဲ့ အားနည်းချက်ကို အစိုးရကမသိတာလား ဖြစ်သလိုထားတာလား သိချင်မိတယ်၊မရှင်းလို့ပြန်မေးကြည့်တော့ မကြိုက်တဲ့ပုံနဲ့ ဘာဖြစ်လို့လဲဆိုပြီး ပြန်ပြောတယ်)
ဆေးတွေပေးလိုက်တယ် မသက်သာရင်လည်ပင်းခွဲရမယ်တဲ့၊ကျွန်တော့်ကိုဆေးပေးတယ် တခွန်းမမေးဘူး ဘာဆေးနဲ့မတည့်ဘူးလည်း၊သွေးတိုးရှိလား၊နှလုံးရှိလားတခွန်းမမေးဘူး၊ဆေးရေးပေးခဲ့ပြီး ဖုန်းကောက်ကိုင်ပြီး ဆရာဝန်နားနေခန်းထဲထွက်သွားရော(ကိုယ်ကသာရောက်လေရာဆေးခန်းပြရင် young hypertension ရှိတယ်ဆိုတာ အမြဲပြောရတယ်)အရင်ခောတ်ကလို အင်တာနက်မရှိရင် ဘယ်လိုလုပ်မလဲ၊ကိုယ့်ကိုယ်ကို ဝမ်းစာမပြည့်ဘူး၊ယုံကြည်မှုမရှိဘူးဆိုရင် ဆရာဝန်မလုပ်ပါနဲ့၊အသက်တစ်ချောင်းသည်ကစားစရာမဟုတ်ပါဘူး။
မနေ့နေ့လည်ကစဖြစ်တာ ဒီနေ့ရုံးဖွင့်လို့ရုံးမှာတနေကုန် ဆူးခနဲ ဆူးခနဲဖြစ်နေတယ်။နေ့လည်လောက်ကျတော့ တံတွေးထွေးတော့ သွေးနံ့ရတော့ မသင်္ကာလို့ toiletထဲသွားပြီး ထွေးကြည့်တော့သွေးပါလာရော၊လူလည်း လန့်ပြီးမန်နေဂျာကိုအကျိုးအကြောင်းပြောပြီး ဆေးရုံသွားမယ်၊ခွဲဖို့လိုရင်ခွဲမယ်ဆိုပြီး စကားပြောမလို့ပါးစပ်ဟ လိုက်တဲ့အချိန် ချွဲဟပ်ချင်သလိုဖြစ်လို့ဟပ်လိုက်တာ ပုံမှာပြထားတဲ့သံချောင်းထွက်လာတာပဲ(ဘုရားဂုဏ်တော်တွေကြောင့်ပါ သံဗုဒ္ဓေ၊မေတ္တာသုတ်၊ဗောဇ္ဈင်္ဂသုတ္တ၊ပုဗ္ဗဏှသုတ္တ တွေပူဇော်လို့ပါ)အဓိကက စားသောက်ဆိုင်ပါ FDAကဗိုလ်ချုပ်ဈေးထဲက ဆိုင်တွေကို စစ်ပေးစေချင်တယ် လူတွေကိုအတင်းဆွဲပြီးရောင်းဖို့တော့တတ်တယ်။သန့်ရှင်းမှုကျမရှိ saveမဖြစ်၊ဒါတောင်ဟိုးငယ်ငယ်ထဲကအခုထိနာမည်ကြီးနေဆဲ တရုတ်ဆိုင်တဆိုင်ပါ၊သံချောင်းစ လည်ပင်းထဲကထွက်လာတော့ ဒေါသထွက်လွန်းလို့ ဘာပြောရမှန်းမသိပါ။ထွက်သာမလာရင် လည်ပင်းအကောင်းကိုခွဲရတော့မှာ။နောက်ဆုံးသတိပေးချင်တာကတော့ ဘယ်မှာစားစား သတိနဲ့စားကြပါ(ဒါတောင်မစားချင်လို့ နည်းနည်းချင်းစားတာ)#မယုံမှာစိုးလို့ စာရွက်ဖြူကို သံချောင်းနဲ့ဖောက်ပြထားတာပါ။
))
ကဲ ပရိသတ်ကြီးလည်း အခုလောက်ဆိုရင် Nudy J ကြုံခဲ့ရတာလေးကို သိပြီးလောက်ပါပြီနော်။ ဒါကြောင့် ဘယ်လောက်နာမည်ကြီးတဲ့ ဆိုင်ဖြစ်နေပါစေ ၊ အစားအသောက်စားတဲ့အခါမှာ သေချာ ကြည့်ရှုပြီးမှ စားကြဖို့်နဲ့ ၊ ဒီက အစိုးရဆေးရုံတွေဆိုတာဟာလည်း ဘယ်လိုဘယ်ပုံဆိုတာ အားလုံး သိပြီးဖြစ်တာကြောင့် မိမိကိုယ်ကိုယ် ဂရုစိုက်နိုင်ဖို့ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Writer – SMT( Shwe Yaung Lan)
Sign up here with your email
ConversionConversion EmoticonEmoticon