ေဒါက္တာေအးေဇာ္ထြန္း နဲ႔ သူရဲ႕သားဟာေမာ္လၿမိဳင္ၿမိဳ႕ထဲမွာ ကားေရာလူပါ ဘယ္လိုေပ်ာက္သြားလဲ ?





Zawgyi ျဖင့္ဖတ္ရန္

မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕၊ ေဇယ်ာသီရိနယ္ေျမ၊ ျဗဟၼစိုရ္ေဆးခန္းမွ ေဒါက္တာေအးေဇာ္ထြန္းဟာ ဒီဇင္ဘာ ၅ ရက္ေန႔ ည ၈ နာရီ ေဆးခန္းပိတ္ခ်ိန္မွာ သူရဲ႕မိန႔္ေဆြ ၃ ဦးနဲ႔ေတြ႕ဖို႔ သူရဲ႕သားငယ္ကိုေခၚၿပီး ေနအိမ္ကေန Toyota Wish 3L-9150 ခဲေရာင္ကားနဲ႔ ထြက္သြားခဲ့ပါတယ္။ အဲ့ဒီေနာက္ ေဒါက္တာေအးေဇာ္ထြန္းသည္ ဖက္ခင္းလမ္းရွိ ဧရာဝတီစားေသာက္ဆိုင္မွာ ၎မိန႔္ေဆြ ၃ ဦးႏွင့္ သြားေရာက္ေတြ႕ဆုံခဲ့ပါတယ္။



ေဒါက္တာေအးေဇာ္ထြန္း ေတြ႕ဆုံခဲ့သည့္ ၎မိန႔္ေဆြ ၃ ဦးထဲတြင္ ၂ ဦးမွာ ရန္ကုန္မွ လာေရာက္တာျဖစ္ၿပီး ၿမိဳင္သာယာရွိ တိမ္ျပာတည္းခိုခန္းမွာ တည္းခိုေနတာျဖစ္ပါတယ္။ က်န္တစ္ဦးကေတာ့ ေမာ္လၿမိဳင္က ျဖစ္ပါတယ္။ည ၉ နာရီခြဲဝန္းက်င္၌ ရန္ကုန္ေရာက္ေနတဲ့ ေဒါက္တာေအးေဇာ္ထြန္းရဲ႕ ဇနီးက ဖုန္းဆက္စကားေျပာခဲ့ရာမွာ အဆက္အသြယ္ရခဲ့ပါတယ္။



ေဒါက္တာေအးေဇာ္ထြန္းသည္ ၎မိန႔္ေဆြမ်ားနဲ႔ စကားေျပာၿပီး ည ၁၀ နာရီခြဲမွာ ၎မိန႔္ေဆြမ်ားနဲ႔ လမ္းခြဲၿပီး ဧရာဝတီစားေသာက္ဆိုင္မွ အိမ္ျပန္ခဲ့စဥ္ေနအိမ္သို႔ မေရာက္ရွိလာဘဲ လမ္းတြင္ ကားေရာလူပါ ေပ်ာက္သြားခဲ့တာပါ။ည ၁၁ နာရီတြင္ ေဒါက္တာေအးေဇာ္ထြန္းရဲ႕ ဇနီးျဖစ္သူက ဖုန္းဆက္ရာမွ ဖုန္းဝင္ေသာ္လည္း ဖုန္းမကိုင္ေတာ့ဘူးလို႔ သိရပါတယ္။ ထိုေနာက္ ၎ရဲ႕ဖခင္ျဖစ္သူက ညဥ္း ၁ နာရီမွာ ဖုန္းဆက္ရာမွာေတာ့ ဖုန္းကို စက္ပိတ္သြားၿပီးျဖစ္ပါတယ္။





ေဒါက္တာေအးေဇာ္ထြန္းဟာ ေနအိမ္ျပန္ေသာ လမ္းေၾကာင္းဟာ ဧရာဝတီ စားေသာက္ဆိုင္ရဲ႕ ဘယ္ဘက္အျခမ္းကို ေ႐ြးခ်ယ္ခဲ့ၿပီး ၿမိဳင္သာယာ တိုင္းရင္းေဆး႐ုံအေရွ႕မွတစ္ဆင့္ အုတ္ဖိုလမ္းကို ေ႐ြးခ်ယ္ခဲ့လို႔ CCTVမွတ္တမ္းမ်ားအရ သိရပါတယ္။ဒီျဖစ္စဥ္ေၾကာင့္ ရဲ႕တပ္ဖြဲ႕မ်ားက ေမာ္လၿမိဳင္အထြက္ ကားနံပါတ္မ်ားကို စစ္ေဆးရာမွာ ယာဥ္အထြက္မေတြ႕ရ ျဖစ္ေနတယ္လို႔ သိရၿပီး ေဒါက္တာေအးေဇာ္ထြန္းနဲ႔ အတူ ၃ ႏွစ္အခြဲသားေလ ေမာင္စသုတမြန္ပါသြားတာေၾကာင့္ မိသားစုမ်ားက ပိုမိုစိုးရိမ္ေနၾကရပါတယ္။




တစ္စုံတစ္ဦးရဲ႕ ပေရာဂဆိုရင္ေတာ့ ေဒါက္တာေအးေဇာ္ထြန္း ဧရာဝတီ စားေသာက္ဆိုင္ ေရာက္ကတည္းက တစ္စုံတစ္ဦးက ေစာင့္ၾကည့္ေနၿပီး ကားေနာက္လိုက္သြားတာလို႔ ေတြးမိတယ္။ ကားေရာလူပါ ျပန္ေပးဆြဲတာမ်ားလား၊ ကားလုယူတာမ်ားလား။

share from :burmese.asia

Unicode ဖြင့်ဖတ်ရန်

ဒေါက်တာအေးဇော်ထွန်း နဲ့ သူရဲ့သားဟာမော်လမြိုင်မြို့ထဲမှာ ကားရောလူပါ ဘယ်လိုပျောက်သွားလဲ ?

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဇေယျာသီရိနယ်မြေ၊ ဗြဟ္မစိုရ်ဆေးခန်းမှ ဒေါက်တာအေးဇော်ထွန်းဟာ ဒီဇင်ဘာ ၅ ရက်နေ့ ည ၈ နာရီ ဆေးခန်းပိတ်ချိန်မှာ သူရဲ့မိန့်ဆွေ ၃ ဦးနဲ့တွေ့ဖို့ သူရဲ့သားငယ်ကိုခေါ်ပြီး နေအိမ်ကနေ Toyota Wish 3L-9150 ခဲရောင်ကားနဲ့ ထွက်သွားခဲ့ပါတယ်။ အဲ့ဒီနောက် ဒေါက်တာအေးဇော်ထွန်းသည် ဖက်ခင်းလမ်းရှိ ဧရာဝတီစားသောက်ဆိုင်မှာ ၎င်းမိန့်ဆွေ ၃ ဦးနှင့် သွားရောက်တွေ့ဆုံခဲ့ပါတယ်။



ဒေါက်တာအေးဇော်ထွန်း တွေ့ဆုံခဲ့သည့် ၎င်းမိန့်ဆွေ ၃ ဦးထဲတွင် ၂ ဦးမှာ ရန်ကုန်မှ လာရောက်တာဖြစ်ပြီး မြိုင်သာယာရှိ တိမ်ပြာတည်းခိုခန်းမှာ တည်းခိုနေတာဖြစ်ပါတယ်။ ကျန်တစ်ဦးကတော့ မော်လမြိုင်က ဖြစ်ပါတယ်။ည ၉ နာရီခွဲဝန်းကျင်၌ ရန်ကုန်ရောက်နေတဲ့ ဒေါက်တာအေးဇော်ထွန်းရဲ့ ဇနီးက ဖုန်းဆက်စကားပြောခဲ့ရာမှာ အဆက်အသွယ်ရခဲ့ပါတယ်။



ဒေါက်တာအေးဇော်ထွန်းသည် ၎င်းမိန့်ဆွေများနဲ့ စကားပြောပြီး ည ၁၀ နာရီခွဲမှာ ၎င်းမိန့်ဆွေများနဲ့ လမ်းခွဲပြီး ဧရာဝတီစားသောက်ဆိုင်မှ အိမ်ပြန်ခဲ့စဉ်နေအိမ်သို့ မရောက်ရှိလာဘဲ လမ်းတွင် ကားရောလူပါ ပျောက်သွားခဲ့တာပါ။ည ၁၁ နာရီတွင် ဒေါက်တာအေးဇော်ထွန်းရဲ့ ဇနီးဖြစ်သူက ဖုန်းဆက်ရာမှ ဖုန်းဝင်သော်လည်း ဖုန်းမကိုင်တော့ဘူးလို့ သိရပါတယ်။ ထိုနောက် ၎င်းရဲ့ဖခင်ဖြစ်သူက ညဉ်း ၁ နာရီမှာ ဖုန်းဆက်ရာမှာတော့ ဖုန်းကို စက်ပိတ်သွားပြီးဖြစ်ပါတယ်။



ဒေါက်တာအေးဇော်ထွန်းဟာ နေအိမ်ပြန်သော လမ်းကြောင်းဟာ ဧရာဝတီ စားသောက်ဆိုင်ရဲ့ ဘယ်ဘက်အခြမ်းကို ရွေးချယ်ခဲ့ပြီး မြိုင်သာယာ တိုင်းရင်းဆေးရုံအရှေ့မှတစ်ဆင့် အုတ်ဖိုလမ်းကို ရွေးချယ်ခဲ့လို့ CCTVမှတ်တမ်းများအရ သိရပါတယ်။ဒီဖြစ်စဉ်ကြောင့် ရဲ့တပ်ဖွဲ့များက မော်လမြိုင်အထွက် ကားနံပါတ်များကို စစ်ဆေးရာမှာ ယာဉ်အထွက်မတွေ့ရ ဖြစ်နေတယ်လို့ သိရပြီး ဒေါက်တာအေးဇော်ထွန်းနဲ့ အတူ ၃ နှစ်အခွဲသားလေ မောင်စသုတမွန်ပါသွားတာကြောင့် မိသားစုများက ပိုမိုစိုးရိမ်နေကြရပါတယ်။



တစ်စုံတစ်ဦးရဲ့ ပရောဂဆိုရင်တော့ ဒေါက်တာအေးဇော်ထွန်း ဧရာဝတီ စားသောက်ဆိုင် ရောက်ကတည်းက တစ်စုံတစ်ဦးက စောင့်ကြည့်နေပြီး ကားနောက်လိုက်သွားတာလို့ တွေးမိတယ်။ ကားရောလူပါ ပြန်ပေးဆွဲတာများလား၊ ကားလုယူတာများလား။

share from :burmese.asia


Previous
Next Post »
Powered by Blogger.