ဒုတိယကမာၻစစ္အတြင္းမွာ အမ်ိဳးသမီးေထာင္ေသာင္းမ်ားစြာ ဂ်ပန္စစ္သားေတြအတြက္ လိင္ကြၽန္ျပဳလုပ္ေပးခဲ့ရ





Zawgyi ျဖင့္ဖတ္ရန္

ဒုတိယကမာၻစစ္အတြင္းမွာ ဂ်ပန္ႏိုင္ငံဟာ ၎ရဲ႕ စစ္သားေတြအတြက္ စစ္တပ္ျပည့္တန္ဆာေဆာင္ေတြ ထားရွိခဲ့ပါတယ္။ ၎ စစ္ႏိုင္က်ဴးေက်ာ္သိမ္းပိုက္တဲ့ ႏိုင္ငံေတြက အမ်ိဳးသမီးေတြကို ဒီ စစ္တပ္ျပည့္တန္ဆာေဆာင္ေတြမွာ အဓမၼလိင္ကြၽန္ျပဳတာဟာ ကိုရီးယားႏွစ္ႏိုင္ငံနဲ႔ အခဲမေက်ႏိုင္တဲ့ ရန္ၿငိဳးျဖစ္ခဲ့ပါတယ္။

ဒုတိယကမာၻစစ္အတြင္း စစ္မွတ္တမ္းေတြကို ျပန္လည္ဆန္းစစ္ၿပီး က်ိဳဒိုသတင္းဌာနက ေသာၾကာေန႔မွာ ေဖာ္ျပခဲ့တဲ့ သတင္းတစ္ရပ္မွာ ဂ်ပန္ဧကရာဇ္တပ္မေတာ္ဟာ စစ္သား အေယာက္ ၇၀ တိုင္းအတြက္ လိင္ကြၽန္အမ်ိဳးသမီး တစ္ဦးႏႈန္း ခ်ထားေပးဖို႔ အစိုးရဆီကေန ေတာင္းခံခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။

ဂ်ပန္ ကက္ဘိနက္ဝန္ႀကီးအဖြဲ႕ဟာ ၂၀၁၇ ဧၿပီလကေန ၂၀၁၉ မတ္လအတြင္း ဒီ စစ္မွတ္တမ္းေတြကို စုေဆာင္းခဲ့တာ ျဖစ္ၿပီး မွတ္တမ္းေပါင္း ၂၃ ခုမွာ ၁၃ ခုက ၁၉၃၈ ခုႏွစ္အတြင္း တ႐ုတ္မွာရွိတဲ့ ဂ်ပန္ေကာင္စစ္ဝန္႐ုံးကေန တိုက်ိဳက ႏိုင္ငံျခားေရးဝန္ႀကီးဌာနဆီ ေပးပို႔ထားတဲ့ မွတ္တမ္းေတြ ျဖစ္ပါတယ္။



တ႐ုတ္၊ က်ီနန္ၿမိဳ႕က ေကာင္စစ္ဝန္ခ်ဳပ္က ႏိုင္ငံျခားေရးဝန္ႀကီးဆီ ေပးပို႔တဲ့ စာတစ္ေစာင္မွာ ဂ်ပန္ရဲ႕ က်ဴးေက်ာ္စစ္ဟာ နယ္ေျမေဒသေတြမွာ ျပည့္တန္ဆာေတြ တိုးပြားလာေစတယ္လို႔ ဆိုထားပါတယ္။ ဂ်ပန္က ေဂရွားမယ္ ၁၀၁ ဦးနဲ႔ လိင္မယ္ ၁၁၀၊ ကိုရီးယားကြၽန္းဆြယ္ကေန ၂၂၈ ဦးကို ဂ်ပန္စစ္တပ္ရဲ႕ ျပည့္တန္ဆာေဆာင္ဆီ အတင္းအဓမၼ ပို႔ေဆာင္ခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။




ဂ်ပန္ဟာ ကိုရီးယားကြၽန္းဆြယ္ကို ၁၉၁၀ မွာ က်ဴးေက်ာ္သိမ္းပိုက္ခဲ့တာ ျဖစ္ပါတယ္။ comfort women လို႔ ေဖ်ာ္ေျဖမႈေပးတဲ့ အမ်ိဳးသမီးေတြအျဖစ္ စကားလုံးလွလွ သုံးထားေပမယ့္ လိင္မယ္ေတြအျဖစ္ ဂ်ပန္စစ္တပ္ ျပည့္တန္ဆာေဆာင္ေတြမွာ စစ္သားေတြရဲ႕ လိင္ကြၽန္ဘဝေရာက္ အမ်ိဳးသမီးေတြပဲ ျဖစ္ပါတယ္။

အထက္က စာမွာ ထိုးစစ္ဆက္ခ်ီေနတဲ့ ဂ်ပန္တပ္ေတြအတြက္ ဧၿပီမကုန္မီ လိင္မယ္ ၅၀၀ ရရွိထားဖို႔ လိုေၾကာင္း ေဖာ္ျပထားပါတယ္။ နန္က်င္း အေနာက္ေျမာက္ဖက္ က်န္စုျပည္နယ္ ကူက်ိဳ႕ၿမိဳ႕ကို သိမ္းပိုက္အၿပီးမွာ စစ္ယာဥ္ေတြနဲ႔ အမ်ိဳးသမီး ၁၈၆ ဦးကို အတူေခၚေဆာင္ခဲ့ေၾကာင္းလည္း ေရးသားထားပါတယ္။



ရွန္တုံျပည္နယ္ ကြမ္ေတာင္ ေကာင္စစ္ဝန္ခ်ဳပ္က ေပးပို႔တဲ့ စာမွာေတာ့ ဧကရာဇ္တပ္မေတာ္ဟာ ဂ်ပန္စစ္သား ၇၀ အတြက္ အမ်ိဳးသမီးတစ္ဦးႏႈန္း ေတာင္းခံထားေၾကာင္း ေဖာ္ျပထားၿပီး ေရတပ္ကလည္း လိင္မယ္နဲ႔ ေဂရွားမယ္ ၁၅၀ ကို ေတာင္းခံထားတယ္လို႔ ေဖာ္ျပထားပါတယ္။

စစ္အတြင္း ဂ်ပန္စစ္တပ္အတြက္ လိင္မယ္အျဖစ္ စုစည္းခံရတဲ့ အမ်ိဳးသမီးေပါင္း အေရအတြက္ကို တိတိက်က် မသိရဘဲ ၂၀၀၀၀ မွသည္ ေထာင္ေသာင္းေပါင္းမ်ားစြာအထိ ရွိလိမ့္မယ္လို႔ ခန႔္မွန္းထားပါတယ္။ ဂ်ပန္ဧကရာဇ္စစ္သားေတြအတြက္ ဂ်ပန္၊ ကိုရီးယားကြၽန္းဆြယ္၊ ထိုင္ဝမ္နဲ႔ အျခားႏိုင္ငံေတြကေန အမ်ိဳးသမီးေတြကို လိင္မယ္အျဖစ္ စုေဆာင္းခံခဲ့ရတာ ျဖစ္ပါတယ္။


Writer_ ေမာင္သံဆင့္ ( XYZ NEWS )




Unicode ဖြင့်ဖတ်ရန်

ဒုတိယကမ္ဘာစစ်အတွင်းမှာ အမျိုးသမီးထောင်သောင်းများစွာ ဂျပန်စစ်သားတွေအတွက် လိင်ကျွန်ပြုလုပ်ပေးခဲ့ရ


ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျပန်နိုင်ငံဟာ ၎င်းရဲ့ စစ်သားတွေအတွက် စစ်တပ်ပြည့်တန်ဆာဆောင်တွေ ထားရှိခဲ့ပါတယ်။ ၎င်း စစ်နိုင်ကျူးကျော်သိမ်းပိုက်တဲ့ နိုင်ငံတွေက အမျိုးသမီးတွေကို ဒီ စစ်တပ်ပြည့်တန်ဆာဆောင်တွေမှာ အဓမ္မလိင်ကျွန်ပြုတာဟာ ကိုရီးယားနှစ်နိုင်ငံနဲ့ အခဲမကျေနိုင်တဲ့ ရန်ငြိုးဖြစ်ခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း စစ်မှတ်တမ်းတွေကို ပြန်လည်ဆန်းစစ်ပြီး ကျိုဒိုသတင်းဌာနက သောကြာနေ့မှာ ဖော်ပြခဲ့တဲ့ သတင်းတစ်ရပ်မှာ ဂျပန်ဧကရာဇ်တပ်မတော်ဟာ စစ်သား အယောက် ၇၀ တိုင်းအတွက် လိင်ကျွန်အမျိုးသမီး တစ်ဦးနှုန်း ချထားပေးဖို့ အစိုးရဆီကနေ တောင်းခံခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဂျပန် ကက်ဘိနက်ဝန်ကြီးအဖွဲ့ဟာ ၂၀၁၇ ဧပြီလကနေ ၂၀၁၉ မတ်လအတွင်း ဒီ စစ်မှတ်တမ်းတွေကို စုဆောင်းခဲ့တာ ဖြစ်ပြီး မှတ်တမ်းပေါင်း ၂၃ ခုမှာ ၁၃ ခုက ၁၉၃၈ ခုနှစ်အတွင်း တရုတ်မှာရှိတဲ့ ဂျပန်ကောင်စစ်ဝန်ရုံးကနေ တိုကျိုက နိုင်ငံခြားရေးဝန်ကြီးဌာနဆီ ပေးပို့ထားတဲ့ မှတ်တမ်းတွေ ဖြစ်ပါတယ်။



တရုတ်၊ ကျီနန်မြို့က ကောင်စစ်ဝန်ချုပ်က နိုင်ငံခြားရေးဝန်ကြီးဆီ ပေးပို့တဲ့ စာတစ်စောင်မှာ ဂျပန်ရဲ့ ကျူးကျော်စစ်ဟာ နယ်မြေဒေသတွေမှာ ပြည့်တန်ဆာတွေ တိုးပွားလာစေတယ်လို့ ဆိုထားပါတယ်။ ဂျပန်က ဂေရှားမယ် ၁၀၁ ဦးနဲ့ လိင်မယ် ၁၁၀၊ ကိုရီးယားကျွန်းဆွယ်ကနေ ၂၂၈ ဦးကို ဂျပန်စစ်တပ်ရဲ့ ပြည့်တန်ဆာဆောင်ဆီ အတင်းအဓမ္မ ပို့ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဂျပန်ဟာ ကိုရီးယားကျွန်းဆွယ်ကို ၁၉၁၀ မှာ ကျူးကျော်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။ comfort women လို့ ဖျော်ဖြေမှုပေးတဲ့ အမျိုးသမီးတွေအဖြစ် စကားလုံးလှလှ သုံးထားပေမယ့် လိင်မယ်တွေအဖြစ် ဂျပန်စစ်တပ် ပြည့်တန်ဆာဆောင်တွေမှာ စစ်သားတွေရဲ့ လိင်ကျွန်ဘဝရောက် အမျိုးသမီးတွေပဲ ဖြစ်ပါတယ်။

အထက်က စာမှာ ထိုးစစ်ဆက်ချီနေတဲ့ ဂျပန်တပ်တွေအတွက် ဧပြီမကုန်မီ လိင်မယ် ၅၀၀ ရရှိထားဖို့ လိုကြောင်း ဖော်ပြထားပါတယ်။ နန်ကျင်း အနောက်မြောက်ဖက် ကျန်စုပြည်နယ် ကူကျို့မြို့ကို သိမ်းပိုက်အပြီးမှာ စစ်ယာဉ်တွေနဲ့ အမျိုးသမီး ၁၈၆ ဦးကို အတူခေါ်ဆောင်ခဲ့ကြောင်းလည်း ရေးသားထားပါတယ်။



ရှန်တုံပြည်နယ် ကွမ်တောင် ကောင်စစ်ဝန်ချုပ်က ပေးပို့တဲ့ စာမှာတော့ ဧကရာဇ်တပ်မတော်ဟာ ဂျပန်စစ်သား ၇၀ အတွက် အမျိုးသမီးတစ်ဦးနှုန်း တောင်းခံထားကြောင်း ဖော်ပြထားပြီး ရေတပ်ကလည်း လိင်မယ်နဲ့ ဂေရှားမယ် ၁၅၀ ကို တောင်းခံထားတယ်လို့ ဖော်ပြထားပါတယ်။

စစ်အတွင်း ဂျပန်စစ်တပ်အတွက် လိင်မယ်အဖြစ် စုစည်းခံရတဲ့ အမျိုးသမီးပေါင်း အရေအတွက်ကို တိတိကျကျ မသိရဘဲ ၂၀၀၀၀ မှသည် ထောင်သောင်းပေါင်းများစွာအထိ ရှိလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဂျပန်ဧကရာဇ်စစ်သားတွေအတွက် ဂျပန်၊ ကိုရီးယားကျွန်းဆွယ်၊ ထိုင်ဝမ်နဲ့ အခြားနိုင်ငံတွေကနေ အမျိုးသမီးတွေကို လိင်မယ်အဖြစ် စုဆောင်းခံခဲ့ရတာ ဖြစ်ပါတယ်။


Writer_ မောင်သံဆင့် ( XYZ NEWS )

Previous
Next Post »
Powered by Blogger.