Zawgyi ျဖင့္ဖတ္ရန္
အိႏၵိယႏိုင္ငံက ‘ပရီရန္ကာရက္ဒီ’ ဆိုသူ အမ်ိဳးသမီးရဲ႕ အေလာင္းကို သက္ဆိုင္ရာက စစ္ေဆးခဲ့ရာမွာ အုပ္စုလိုက္ အဓၶမျပဳက်င့္တာခံခဲ့ရေၾကာင္း စိတ္မေကာင္းစရာသတင္း ေပၚထြက္လာခဲ့ၿပီးေနာက္ အိႏၵိယ႐ုပ္ရွင္ဒါ႐ိုက္တာ ‘ဒန္နီရယ္ ရွာရာဗန္ (Daniel Shravan)’ က မုဒိန္းက်င့္တာကို တရားဝင္တယ္လို႔ သတ္မွတ္လိုက္ရင္ အခုလို လူသတ္မႈေတြ ေပၚလာမွာမဟုတ္ဘူးလို႔ လူမႈကြန္ယက္ေပၚကေန ႏွမသားခ်င္းမစာနာစြာ ေရးသားမွတ္ခ်က္ေပးခဲ့ပါတယ္။
လက္တေလာမွာ အိႏၵိယ႐ုပ္ရွင္ဒါ႐ိုက္တာ ‘ဒန္နီရယ္ ရွာရာဗန္’ ရဲ႕ ေရးသားခ်က္က ၾကက္သီးထစရာေကာင္းေလာက္ေအာင္ လူစိတ္ကင္းမဲ့ေနတာကိုေတြ႕ရပါတယ္။ အစိုးရအေနနဲ႔ သတ္ျဖတ္မႈေတြမရွိပဲ မုဒိန္းက်င့္တာကို တရားဝင္ျဖစ္တယ္လို႔ အားေပးသင့္တယ္။ အသက္ ၁၈ ႏွစ္ျပည့္တဲ့ မိန္းကေလးေတြကိုလည္း မုဒိန္းက်င့္ခံရတာတဲ့ပက္သက္ၿပီး အမ်ိဳးသားေတြရဲ႕ ကာမဆႏၵကို မျငင္းဆန္ရဖူးဆိုတဲ့ အသိပညာမ်ိဳးေပးသင့္တယ္။ ဒီနည္းလမ္းကသာလွ်င္ မုဒိန္းက်င့္ၿပီး လူသတ္တာေတြ ပေပ်ာက္သြားလိမ့္မယ္။
အုပ္စုဖြဲ႕ အဓၶမျပဳက်င့္ သတ္ခံခဲ့ရသူ 'ရန္ကာရက္ဒီ’
အထူးသျဖင့္ အိႏၵိယအမ်ိဳးသမီးေတြအေနနဲ႔ အသက္ ၁၈ ႏွစ္ျပည့္ၿပီးတာနဲ႔ ကြန္ဒုံးေဆာင္ထားသင့္ေၾကာင္း ပညာေပးထားသင့္တယ္။ ကိစၥက ရွင္းပါတယ္ ကာမဆႏၵအာသာေျပသြားရင္ ေယာက္်ားေတြက သူတို႔ကို သတ္မွာမဟုတ္ပါဘူး။ အမ်ိဳးသမီးေတြအေနနဲ႔ မုဒိန္းက်င့္ခံရေတာ့မယ္ဆိုရင္ မုဒိန္းသမားကို ကြန္ဒုံး ကမ္းေပးလိုက္ၿပီး သူ႔ရဲ႕ကာမဆႏၵျပည့္ဝသြားေအာင္ ေအးေဆးေနေပးလိုက္ပါ၊ ဒါဆိုရင္ သူကလည္း နာက်င္ေအာင္ လုပ္မွာ မဟုတ္ပါဘူး လို႔ ေရးသားခဲ့ပါတယ္။
ဒီသတင္းဟာ ကမာၻအရပ္ရပ္က သတင္းဌါနေတြကို ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။ Daily Mail သတင္းအရ ‘ဒန္နီရယ္ ရွာရာဗန္’ ဟာ သူ႔ရဲ႕ ကြန္မန႔္ကို ျပန္ဖ်က္သြားတယ္လို႔ သိရပါတယ္။ ဒါေပမယ့္ စခရင္ေရွာ့ေတြနဲ႔ ပုံေတြေၾကာင့္ သူမေရးခဲ့ပါဘူးလို႔ ျငင္းလို႔ မရႏိုင္ပါဘူး။
အိႏၵိယႏိုင္ငံက အမ်ိဳးသမီးေတြဟာ တန္းတူအခြင့္အေရးရရွိေရးနဲ႔ အမ်ိဳးသားေတြရဲ႕ စိတ္မထင္ရင္ မထင္သလို အဓၶမျပဳက်င့္မႈကေန လြတ္ေျမာက္ဖို႔ ႀကိဳးပမ္းေဆာင္႐ြက္ေနၾကရပါတယ္။ အိႏၵိယဟာ အမ်ိဳးသမီးေတြအတြက္ အကာအကြယ္မဲ့တဲ့ ႏိုင္ငံတစ္ခုျဖစ္ေနၿပီး အခ်ိဳ႕ေသာ အိႏၵိယအမ်ိဳးသားေတြရဲ႕ စိတ္ထဲမွာ အဓၶမျပဳက်င့္(မုဒိန္းက်င့္)ၿပီး လူသတ္တာဟာ ဘာမွမျဖစ္ဘူးလို႔ ခံယူထားၾကပါတယ္။ ဒီလိုျဖစ္ရတာဟာ အမ်ိဳးသမီးေတြရဲ႕ ဝတ္စားဆင္ယင္မႈေၾကာင့္ အမ်ိဳးသားေတြရဲ႕ ကာမဆႏၵကို ႏိုးႂကြလာေစတာေၾကာင့္ ဆႏၵျဖည့္ဆည္းတာျဖစ္တယ္လို႔ လြဲမွားစြာ လက္ခံေနၾကပါတယ္။
Credit : popolay
Unicode ဖြင့်ဖတ်ရန်
မုဒိန်းကျင့်တာဟာ တရားဝင်ဖြစ်သင့်တယ်လို့ ပြောချလိုက်တဲ့ ရုပ်ရှင်ဒါရိုက်တာ
အိန္ဒိယနိုင်ငံက ‘ပရီရန်ကာရက်ဒီ’ ဆိုသူ အမျိုးသမီးရဲ့ အလောင်းကို သက်ဆိုင်ရာက စစ်ဆေးခဲ့ရာမှာ အုပ်စုလိုက် အဓ္ဓမပြုကျင့်တာခံခဲ့ရကြောင်း စိတ်မကောင်းစရာသတင်း ပေါ်ထွက်လာခဲ့ပြီးနောက် အိန္ဒိယရုပ်ရှင်ဒါရိုက်တာ ‘ဒန်နီရယ် ရှာရာဗန် (Daniel Shravan)’ က မုဒိန်းကျင့်တာကို တရားဝင်တယ်လို့ သတ်မှတ်လိုက်ရင် အခုလို လူသတ်မှုတွေ ပေါ်လာမှာမဟုတ်ဘူးလို့ လူမှုကွန်ယက်ပေါ်ကနေ နှမသားချင်းမစာနာစွာ ရေးသားမှတ်ချက်ပေးခဲ့ပါတယ်။
လက်တလောမှာ အိန္ဒိယရုပ်ရှင်ဒါရိုက်တာ ‘ဒန်နီရယ် ရှာရာဗန်’ ရဲ့ ရေးသားချက်က ကြက်သီးထစရာကောင်းလောက်အောင် လူစိတ်ကင်းမဲ့နေတာကိုတွေ့ရပါတယ်။ အစိုးရအနေနဲ့ သတ်ဖြတ်မှုတွေမရှိပဲ မုဒိန်းကျင့်တာကို တရားဝင်ဖြစ်တယ်လို့ အားပေးသင့်တယ်။ အသက် ၁၈ နှစ်ပြည့်တဲ့ မိန်းကလေးတွေကိုလည်း မုဒိန်းကျင့်ခံရတာတဲ့ပက်သက်ပြီး အမျိုးသားတွေရဲ့ ကာမဆန္ဒကို မငြင်းဆန်ရဖူးဆိုတဲ့ အသိပညာမျိုးပေးသင့်တယ်။ ဒီနည်းလမ်းကသာလျှင် မုဒိန်းကျင့်ပြီး လူသတ်တာတွေ ပပျောက်သွားလိမ့်မယ်။
အုပ်စုဖွဲ့ အဓ္ဓမပြုကျင့် သတ်ခံခဲ့ရသူ 'ရန်ကာရက်ဒီ’
အထူးသဖြင့် အိန္ဒိယအမျိုးသမီးတွေအနေနဲ့ အသက် ၁၈ နှစ်ပြည့်ပြီးတာနဲ့ ကွန်ဒုံးဆောင်ထားသင့်ကြောင်း ပညာပေးထားသင့်တယ်။ ကိစ္စက ရှင်းပါတယ် ကာမဆန္ဒအာသာပြေသွားရင် ယောက်ျားတွေက သူတို့ကို သတ်မှာမဟုတ်ပါဘူး။ အမျိုးသမီးတွေအနေနဲ့ မုဒိန်းကျင့်ခံရတော့မယ်ဆိုရင် မုဒိန်းသမားကို ကွန်ဒုံး ကမ်းပေးလိုက်ပြီး သူ့ရဲ့ကာမဆန္ဒပြည့်ဝသွားအောင် အေးဆေးနေပေးလိုက်ပါ၊ ဒါဆိုရင် သူကလည်း နာကျင်အောင် လုပ်မှာ မဟုတ်ပါဘူး လို့ ရေးသားခဲ့ပါတယ်။
ဒီသတင်းဟာ ကမ္ဘာအရပ်ရပ်က သတင်းဌါနတွေကို ပျံ့နှံ့သွားခဲ့ပါတယ်။ Daily Mail သတင်းအရ ‘ဒန်နီရယ် ရှာရာဗန်’ ဟာ သူ့ရဲ့ ကွန်မန့်ကို ပြန်ဖျက်သွားတယ်လို့ သိရပါတယ်။ ဒါပေမယ့် စခရင်ရှော့တွေနဲ့ ပုံတွေကြောင့် သူမရေးခဲ့ပါဘူးလို့ ငြင်းလို့ မရနိုင်ပါဘူး။
အိန္ဒိယနိုင်ငံက အမျိုးသမီးတွေဟာ တန်းတူအခွင့်အရေးရရှိရေးနဲ့ အမျိုးသားတွေရဲ့ စိတ်မထင်ရင် မထင်သလို အဓ္ဓမပြုကျင့်မှုကနေ လွတ်မြောက်ဖို့ ကြိုးပမ်းဆောင်ရွက်နေကြရပါတယ်။ အိန္ဒိယဟာ အမျိုးသမီးတွေအတွက် အကာအကွယ်မဲ့တဲ့ နိုင်ငံတစ်ခုဖြစ်နေပြီး အချို့သော အိန္ဒိယအမျိုးသားတွေရဲ့ စိတ်ထဲမှာ အဓ္ဓမပြုကျင့်(မုဒိန်းကျင့်)ပြီး လူသတ်တာဟာ ဘာမှမဖြစ်ဘူးလို့ ခံယူထားကြပါတယ်။ ဒီလိုဖြစ်ရတာဟာ အမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်မှုကြောင့် အမျိုးသားတွေရဲ့ ကာမဆန္ဒကို နိုးကြွလာစေတာကြောင့် ဆန္ဒဖြည့်ဆည်းတာဖြစ်တယ်လို့ လွဲမှားစွာ လက်ခံနေကြပါတယ်။
Credit : popolay
Sign up here with your email
ConversionConversion EmoticonEmoticon