ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ-၄၃၆ ပြင်ဆင်ရေး ကိစ္စများ အရှိန်အဟုန် မြင့်လာသည်နှင့် အမျှ ၄၃၆ မပြင် ဆင်ရေး ဆန့်ကျင် ဆန္ဒပြမှုများလည်း ထွက်ပေါ် လာသည်ကို တွေ့မြင်ရသည်။ ၄၃၆ ကို ပြင်လျှင် ပြည်သူ့ အကျိုးပျက်လိမ့်မည်၊ တိုင်းပြည် အကျိုးပျက်တော့မည်ဟု အသံများလွှင့်ကာ လုပ်ဆောင်လာကြသည်။ သို့ဖြစ်၍ ပုဒ်မ-၄၃၆ ကို ပြင်ဆင်ခြင်းသည် ပြည်သူ့အကျိုး ပျက်မည်လော၊ ပြည်သူအကျိုးအတွက် ရည် သလော။ ထိုပုဒ်မ ၄၃၆ သည် ပြည်သူကို အကာအကွယ်ပေးနေ သည်လော၊ မည်သူကို အကာအ ကွယ် ပေးနေသနည်း ဆိုသည်ကို ပြည်သူများ ကိုယ်တိုင် သုံးသပ် ဆုံးဖြတ်စေနိုင်စေရန် တင်ပြလိုပေသည်။
ဝထ္ထုတစ်ပုဒ်ကို ဖတ်လျှင် အစ မှ အလယ်၊ အလယ် မှ အဆုံး စဉ်အတိုင်း ဖတ်သွားရသည်။ ကြံကို အဖျားမှ စ၍ စားသည်ကဲ့သို့ ဖတ်ရှုရချေသည်။ သို့သော် ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ခုကို လေ့လာရာတွင်မူ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အခန်းကို ဦးစွာ ပထမ စတင် ဖတ်ရှုရပေမည်။ အကြောင်းမှာကား ထိုဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မည်ကဲ့သို့သော နည်းလမ်းများဖြင့် ပြင်ဆင် နိုင်ခွင့်ရှိသည်။
မည်မျှပြင်ဆင်ရန် လွယ်ကူသည် သို့မဟုတ် ခက်ခဲကြပ် တည်းသည် စသည်တို့ကို သိနိုင်မည် ဖြစ်သည်။ ထို့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် မည်သည့် အချက်အလက် ပုဒ်မတို့ကို ပြင်ဆင်ရန်အတွက် တင်းကြပ်စွာ တားမြစ် ချုပ်ချယ်သည် ဆိုသည်ကို သိမြင်ခြင်းမှသည် ဤဖွဲ့စည်းပုံသည် မည်သည့် လူတန်းစားအလွှာကို အကာအကွယ် ပေးသည်၊ အထောက်အပံ့ ပေးသည် ဆိုသည်ကို ထင်ရှားစွာ သိမြင်နိုင်ရန် အတွက်ဖြစ်ပေသည်။
တိုင်းပြည်ကို နှစ်ပေါင်း နှစ်ဆယ်ကျော်မျှ ဓားမိုးအုပ်ချုပ်ခဲ့၍ ပြည်သူတို့အား နှိပ်စက် ချုပ်ချယ်ကာ ကိုယ်ကျိုးရှာခဲ့သော သူတို့သည် ၄င်းတို့စိတ်တိုင်း မကျမချင်း နှစ်ပေါင်းများစွာ အချိန်ယူ ရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် ပြည်သူတို့ အတွက် အကာအကွယ် ဖြစ်ပါ၏လော၊ သို့တည်းမဟုတ် ၄င်းတို့ အကျိုးစီးပွားကို ထာဝစဉ် ကာကွယ်ရေးအတွက် ရေးဆွဲခဲ့ခြင်း ဖြစ်ပါသလော စောကြော ကြပါစို့။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အခန်း( ၁၁) ဖွဲ့စည်းပုံ ပြင်ဆင်ရေး အခန်း ပုဒ်မ-၄၃၆ (က) တွင် ဖော်ပြထားသည်မှာ ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ အခန်း(၁) ပုဒ်မ-၁မှ ၄၈ ထိ၊ အခန်း (၂) ပုဒ်မ-၄၉ မှ ၅၆ ထိ၊ အခန်း(၃) ပုဒ်မ-၅၉ ၊ ၆၀၊ အခန်း (၄) ပုဒ်မ-၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁၊ အခန်း (၅) ပုဒ်မ-၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆၊ အခန်း(၆) ပုဒ်မ-၂၉၃၊ ၂၉၄၊ ၃၀၅၊ ၃၁၄၊ ၃၂၀၊ အခန်း (၁၁) ပုဒ်မ-၄၁၀မှ ၄၃၂ အထိ၊ အခန်း (၁၂) ပုဒ်မ ၄၃၆ တို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင် လိုလျှင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ အားလုံး ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ဖော်ပြထားပါသည်။ လွှတ်တော်တွင် ပြည်သူများက ရွေးကောက် တင်မြှောက်ထားသော ကိုယ်စားလှယ်သည် (၇၅) ရာခိုင်နှုန်းသာရှိ၍ ရွေးကောက်ပွဲ မလုပ်နိုင်ခဲ့သော လစ်လပ်နေရာများ ကွယ်လွန်အနိစ္စ ရောက်သွားသည့် ကိုယ်စားလှယ် လစ်လပ်နေရာများ ရှိနေ၍ ထို (၇၅) ရာခိုင်နှုန်းပင် မပြည့်ပါ။
သို့ဖြစ်ရာ ဤအချက်ကို ပြဋ္ဌာန်းထားခြင်းသည် တပ်မတော်သား ကိုယ်စားလှယ် (၂၅) ရာခိုင်နှုန်း၏ ဆန္ဒသဘောထား မပါလျှင်၊ တနည်းအားဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဆန္ဒမပါလျှင် ပြည်သူ့ ကိုယ်စားလှယ်များက မည်သို့ပင် ပြင်ဆင်ချင်ပါသည်ဆိုစေ တစ်လုံးတစ်ပါဒမျှ ပြင်ဆင်ခွင့် မရှိဟူသော အဓိပ္ပာယ်ပင် ဖြစ်ပါသည်။
ထို့အပြင် ထိုအဆင့်ကို ကျော်လွန်နိုင်ခဲ့သည် ဆိုလျှင်ပင် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ ပြည်သူများအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲအရေအတွက် ဖြင့်သာ ပြင်ဆင်ရမည်ဟု သတ်မှတ်ထားခြင်းမှာ သော့ခတ် ပိတ်ရုံမျှမက သော့တံပေါက်ကို ပါဂဟေဖြင့် ပိတ်ထားလိုက်ခြင်း နှင့် အလားသဏ္ဌာန်တူ နေပေသည်။
ဤမျှ အဆင့်ဆင့် ကျပ်တည်းစွာ သတ်မှတ် ပြဋ္ဌာန်းထားသည့် ပုဒ်မ-၄၃၆ သည် ဖော်ပြထားသော ပုဒ်မ များကို မပြင်ဆင်ရဟု မဆိုရုံတမည် ၀ိနည်းလွတ်ရုံမျှ ရေးသား သတ်မှတ် ထားခြင်းပင်ဖြစ်သည်။ ဘော လုံးပွဲ တစ်ခုတွင် ကစားသမား (၁၁) ယောက်လုံး လူလဲ ကစားခွင့် ရှိရုံသာမက ဒိုင်လူကြီးကိုပင် အသင်း မန်နေဂျာ ခန့်အပ်ထားသော ပွဲတစ်ခုကို ကစားနေရသည်နှင့် မည်သို့ ခြားနားပါမည်နည်း။
သို့ဆိုပါလျှင် ပုဒ်မ-၄၃၆ သည် မည်သည်တို့ကို ထိုမျှ ကာကွယ်စောင့်ရှောက်လိုနေခြင်းဖြစ်ပါသနည်း။ ပြည် သူ့တို့၏ အကျိုးကိုလော၊ နိုင်ငံတော်၏ အကျိုးကို လော ဆိုသည်ကို ဆန်းစစ်လေ့လာရန် မဖြစ်မနေ လို အပ်လာပါသည်။ သို့ဖြစ်ရာ ပုဒ်မ-၄၃၆ အားဖြင့် တပ်မတော်က ကာကွယ်စောင့်ရှောက်မည်ဆိုသည့် ဥပဒေများကို လေ့လာကြည့်ရန်လိုပါသည်။
ရှေးဦးစွာ အခန်း (၁) ပုဒ်မ ၆(စ)တွင် နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မ တော်က ဦးဆောင်မှုအခန်းကဏ္ဍမှ တာဝန်ယူနိုင်ရေးကို အစဉ်တစိုက် ဦးတည်သည်ဟူသော အချက်ကို ကာကွယ် ထားကြောင်းတွေ့ရပါသည်။ နိုင်ငံရေးဟူသည်မှာ နိုင်ငံ ရေးသာလျှင် ဖြစ်ပါသည်။ အမျိုးသားနိုင်ငံရေး၊ အမျိုး သမီး နိုင်ငံရေး၊ နပုန်းပဏ္ဍုတ်နိုင်ငံရေးဟူ၍ မရှိ။ ဤ သည်မှာ အမျိုးသား နိုင် ငံရေးဗန်းပြ၍ စစ်တပ်၏ နိုင်ငံ ရေး စွက်ဖက်မှုကို တရားဝင်ဖြစ်အောင်လုပ်ထားခြင်း၊ ပြည်သူကို လိမ်လည် လှည့်ဖြားထားခြင်းသာ ဖြစ် ကြောင်း လေ့လာတွေ့ရှိရပါသည် ။
ဤပုဒ်မ ၆(စ)ကြောင့် အခန်း (၄) ပုဒ်မ-၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁ တို့အား ဆက်လက်အသက်သွင်း၍ ရသွားပါ သည်။ ပုဒ်မ-၇၄အရ ပြည်ထောင်စုလွှတ်တော်တွင် တပ်မတော်သား (၂၅)ရာခိုင်နှုန်းကိုထည့်သွင်းခွင့်ရ ယူခြင်း၊ ပုဒ်မ-၁၀၉ အရ ပြည်သူလွှတ်တော်တွင် တပ်မတော်သား(၂၅) ရာခိုင်နှုန်း ထည့်သွင်းခွင့်ရယူခြင်း၊ ပုဒ်မ-၁၄၁ အရ အမျိုးသားလွှတ်တ်ာတွင် တပ်မတော်သား(၂၅)ရာခိုင်နှုန်း ထည့်သွင်းခွင့်ရယူခြင်း၊ ပုဒ်မ-၁၆၁အရ တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် ရွေးကောက်ခံကိုယ်စားလှယ် ဦးရေ၏ သုံးပုံတစ်ပုံနှင့် ညီမျှသော တပ်မတော်သား ကိုယ်စားလှယ်များ ထည့်သွင်းခွင့်ရယူခြင်းတို့ကို လုပ်ဆောင် နိုင်ခွင့် ရယူလိုက် ပါသည်။
အကယ်၍ ထိုပုဒ်မများကို ပြင်ဆင်ခဲ့ပါလျှင် ပယ်ဖျက်ခဲ့ပါလျှင် ဥပဒေပြုမဏ္ဍိုင် လွှတ်တော်ထဲတွင် တပ်မတော်သား(၂၅)ရာခိုင်နှုန်းကို ထည့်သွင်းထားရန် မဖြစ်နိုင်တော့ပါ။ သို့ဖြစ်လျှင် ပုဒ်မ-၄၃၆ မပြင်ဆင်လိုဟု ဆိုကြသူများသည် တပ်မတော်က လွှတ်တော်ထဲတွင် အခွင့်ထူးခံဝင်ရောက်နေရာယူထား ကြသည်ကို သဘောတူထောက်ခံသူများဖြစ်သည်ဟူ သည့် သဘောထားမဟုတ်ပါလော။ ထိုပုဒ်မများကို ၄၃၆ ဖြင့် အကာအကွယ်ပေးထားခြင်းမှာ စစ်တပ်က လွှတ် တော်ဥပဒေပြုရေးကို ငယ်ထိပ်ကိုင်ထားခြင်းပင် မဟုတ် ပါလော။ စစ်တပ်သည် အရပ်သားအုပ်ချုပ်ရေးကို အာဏာ လွှဲပြောင်းပေးခဲ့သည်ဟူသည်မှာ အဘယ်မှာနည်း၊ အချုပ် အခြာအာဏာသည် မည်သူ့လက်ထဲတွင်သာ ရှိသနည်း။ စဉ်းစားဆင်ခြင် ဉဏ်ဖြင့် ယှဉ်ကြပါလေလော့။
အချို့သော ပညာရှင်များက နိုင်ငံရေးတည်ငြိမ်မှု ရလာလျှင် ဒီမိုကရေစီရေချိန်မြင့်မားလာလျှင် တပ်မတော် သားကိုယ်စားလှယ်(၂၅) ရာခိုင်နှုန်းကို တစ်ဖြည်းဖြည်း လျှော့ချသွားမည်ဟု ဆိုကြပါသည်။ ဥပဒေ ပုဒ်မများ ဖြင့် ထည့်သွင်းထားသော ကိုယ်စားလှယ်များကို ဥပဒေ ပုဒ်မဖြင့်မဟုတ်ဘဲ မည်သူတစ်ဦး တစ်ယောက်၏သဘော ထားဖြင့် လျှော့ချပါမည်နည်း။ ဘယ်သောအခါ လျှော့ချ ပါမည်နည်း။ယုံတမ်းစကား ပင်ဖြစ်ချေလိမ့်မည်။ ပုဒ်မ- ၄၃၆ ကို မပြင်ဘဲ ထိုပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁ တို့ အသက်ဝင်နေလျှင် တပ်မတော်၏ ပါဝင်မှုအခန်းကဏ္ဍ ကို မည်သို့လျှော့ချပါမည်နည်း။ ဤသည်မှာ ပြည်သူကို မလှိမ့်တစ် ပတ်ဖြင့် ပျားရည်နှင့် ၀မ်းချခြင်းပင် မဟုတ်ပါ သလော။
အခန်း(၃) နိုင်ငံတော်အကြီးအကဲအခန်းတွင် ပုဒ်မ ၅၉ နှင့် ပုဒ်မ ၆၀ ကို ပုဒ်မ ၄၃၆ အတိုင်းသာ ပြင်ဆင် ရန် ကာကွယ်ထားသည်ကိုတွေ့ရသည်။ (ပြည်သူ အများ သိနားလည်ပြီးဖြစ်သော ပုဒ်မ-၅၉ ကို မဆွေး နွေးဘဲ ချန်လှပ်ခဲ့ပါမည်။ ) ပုဒ်မ ၆၀ သည် နိုင်ငံတော် သမ်္မတရွေးချယ်ခြင်းပုဒ်မဖြစ်ပါသည်။
နိုင်ငံတော် သမ်္မတရွေးချယ်ရန်အတွက် ဒုတိယ သမ်္မတလောင်း (၃) ဦးကို ဦးစွာရွေးချယ်တင်မြှောက် ရပါသည်။ ထို(၃) ဦးထဲ တွင် ပြည်သူ့များက ရွေးကောက်တင်မြှောက်သော ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်များက ဒုတိယသမ်္မတ တစ်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက တစ်ဦး ရွေးချယ်ပေး ရသည်။ တပ်မတော်သား ကိုယ်စား လှယ်များက ဒုတိယသမ်္မတတစ်ဦး ရွေးချယ်တင်မြှောက် ခွင့် ရယူထားသည်။
ပြည်သူတစ်ဦးတစ်ယောက်၏ ဆန်္ဒတစ်ပြားသားမှမပါဘဲ လွှတ်တော်ထဲ ၀င်ထိုင်နေသူ တပ်မတော်သား ကိုယ်စားလှယ်ဆိုသူများက ဒုတိယ သမ်္မတတစ်ယောက်ကို ခေါင်းခေါက်တင်မြှောက် ရွေး ချယ်ခွင့်ရယူထား သည့် နိုင်ငံသည် ဒီမိုကရေစီနှင့် မည်မျှ နီးလှပါသနည်း။ ပုဒ်မ-၄၃၆ သည် မည်သူတို့၏ အကျိုး စီးပွားကို ကာကွယ်စောင့်ရှောက်ထားခြင်း ဖြစ်ပါသ နည်း။ ဤအတိုင်း မပြင်မဆင်ထားခဲ့လျှင် ကာ/ချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်သည် မည်သည့် မဲဆန်္ဒ နယ်တွင်မှ ၀င်ရောက်ယှဉ်ပြိုင်ရန်မလိုဘဲ အချိန်ကျမှ လူဝတ် လဲ၍ ဒုတိယသမ်္မတ ခန့်ခန့်ကြီးဖြစ်လာရမည် မဟုတ်ပါလော။ ပြီးလျှင် စစ်တပ်အလိုတော်ရိ ကိုယ်စား လှယ်မဲများနှင့် တပ်မတော်သား ကိုယ်စားလှယ်တို့၏ မဲများပေါင်းစု၍ သမ်္မတကြီး ဦးမင်းအောင်လှိုင်ပင် နေ့ မကူးဘဲ ဖြစ်လာနိုင်မည်မဟုတ်ပါလော။ သို့ဆိုလျှင် ပုဒ်မ၄၃၆ သည် မည်သူ့အကျိုးစီးပွားဖြစ်ပါသနည်း။
အခန်း (၅) ပုဒ်မ-၂၀၀ သည် အစိုးရအဖွဲ့ ဖွဲ့ စည်းခြင်းဖြစ်၍ ပုဒ်မ-၂၀၁သည် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဖွဲ့စည်းခြင်းဖြစ်ပါသည်။ ထိုကာလုံ ဖွဲ့စည်းရာတွင် အဖွဲ့ဝင်(၁၁)နေရာတွင် ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယကာ/ချုပ်၊ ကာ/ချုပ်က ခန့်အပ်သော ဒုတိယသမ်္မတ၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေး ၀န်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဟု ခြောက်နေရာစာသည် မည်သူ့အပိုင်စားဖြစ်ပါသနည်း။
နိုင်ငံတော်သမ်္မတ သည် တိုင်းပြည်တွင် နိုင်ငံသားများအားလုံး၏ အထွတ် အထိပ်နေရာကိုရရှိသည်ဟု ပုဒ်မ-၅၈ တွင် ပြဋ္ဌာန်း ထားပါသည်။ သို့သော် ထိုအထွတ်အထိပ်ဖြစ်သော ပုဂ်္ဂိုလ်ကြီးသည် သူ၏ အစိုးရအဖွဲ့ဝင် ဖြစ်လာမည့် ၀န်ကြီးများအနက် ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေး ၀န်ကြီး၊ နယ်စပ်ရေး ရာဝန်ကြီးတို့ကို ခန့်အပ်ဖို့မဆိုထား ဘိ၊ ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်း လာသည် ကို ငြင်းပယ်ခွင့်ပင်မရှိပါ။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ်္မတဖြစ်ရသော နိုင်ငံတော်၏ အထွတ်အ ထိပ်ပုဂ်္ဂိုလ်သည် ကိုယ့်အစိုးရ အဖွဲ့ဝင် ၀န်ကြီး ကိုပင်ခန့်အပ်ပိုင်ခွင့်မရှိရှာဘဲ၊ ကာကွယ်ရေးဦးစီးချုပ်မျှ သဘောကို လိုက်နာရပါသည်။ ပုဒ်မ-၄၃၆ သည် မည်သည့်အခြင်းအရာကို ကာကွယ်စောင့်ရှောက်နေခြင်း ဖြစ် ပါသနည်း။
အခန်း(၆) ပုဒ်မ-၂၉၃ တွင် နိုင်ငံတော်၏ တရား စီရင်ရေးဆိုင်ရာ တရားရုံးများကို ဖွဲ့စည်းခြင်းရန် ပြဋ္ဌာန်း ထားပါသည်။ ထိုပုဒ်မ(ခ) တွင်စစ်ဘက်ဆိုင်ရာ တရားရုံး များ ဖွဲ့စည်းရန်ပြဋ္ဌာန်းထားပါသည်။ ပုဒ်မ-၂၉၄ တွင် ထိုပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် စစ်တပ် ဆိုင်ရာ တရားရုံးများနှင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံး၏ စီရင်ပိုင်ခွင့်အာဏာများကို မထိခိုက်စေဘဲ ပြည်ထောင်စုတရားလွှတ်တော် ချုပ်သည် နိုင်ငံတော်၏ အမြင့်ဆုံး တရားရုံးဖြစ်သည်ဟု ပြဋ္ဌာန်းထားပါသည်။
သို့ဖြစ်၍ မြန်မာနိုင်ငံတော် တရားလွှတ်တော်ချုပ်သည် စစ်ဘက်ဆိုင်ရာတရားရုံးချုပ်၏ စီရင်ပိုင်ခွင့်ကို မစွက် ဖက်နိုင်တော့ပါ။ စစ်သည်တစ်ယောက်က ပြည်သူ တစ်ဦးတစ်ယောက်၏ ရွှေဆိုင်ကိုဝင်ရောက် ဓားပြတိုက် သော အမှုကို အရပ်ဘက်တရားရုံးက စီရင်ဆုံးဖြတ်ပိုင် ခွင့်မရှိတော့ပါ။ စစ်သည်တစ်ဦး တစ်ယောက်က ပြည်သူ အမျိုးကောင်းသမီးတစ်ဦးကို အဓမ်္မမှုကျူးလွန်ခဲ့သော အခါတွင်လည်း အရပ်ဘက် တရားရုံးမှ စီရင်ဆုံးဖြတ် ပိုင်ခွင့်မရှိတော့ပါ။ ဤပုဒ်မ-၂၉၃ ကိုလည်း ပုဒ်မ-၄၃၆ အရပြင်ဆင်ခြင်းကို ကန့်သတ်ထားပါသည်။ သို့ ဆိုလျှင် ပုဒ်မ-၄၃၆ သည် မည်သည့် အရာကို ကာကွယ် စောင့်ရှောက်နေခြင်းဖြစ်ပါသနည်း။
အခန်း (၁၁) ပုဒ်မ-၄၁၀ မှ ၄၃၂ အထိဟူရာတွင် နိုင်ငံတော်သမ်္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့ အာဏာ တည်သော အမိန့်ကို ကြေညာနိုင်သည်ဟု ပြဋ္ဌာန်း ထား သည်ကိုတွေ့ရသည်။ ဆက်လက်လေ့လာသောအခါ အရေးပေါ်အခြေအနေပေါ်ပေါက်လျှင်၊ သို့မဟုတ် ထိုသို့ ပေါ်ပေါက်ရန် လုံလောက်သောအကြောင်းရှိကြောင်း သိရှိလျှင်သော်လည်းကောင်း၊ ထိုသို့ပေါ်ပေါက်ရန် လုံ လောက်သော အကြောင်းရှိကြောင်း သက်ဆိုင်ရာ ဒေသ အာဏာပိုင်အ ဖွဲ့အစည်းက တင်ပြလျှင်သော်လည်း ကောင်း နိုင်ငံတော်သမ်္မတသည် အမျိုးသားကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းပြီး ဥပဒေကဲ့ သို့အာဏာတည်သော အမိန့်ကို ကြေညာနိုင်သည် ဟူသော အချက်ကို တွေ့ရသည်။ ဤပုဒ်မများ စကား ရပ်များသည် ပြည်သူတို့ကို တပ်မတော်က လက်ဆုပ် ထဲသို့ ငှက်ငယ်တစ်ကောင်ကို ထည့်ဆုပ်ထားသည့် သဘောဟူသည်ကို ပြက်ပြက်ထင်ထင် မြင်နိုင်ရပေ သည်။
နိုင်ငံတော်သမ်္မတသည် တိုင်းဒေသကြီးနှင့် ပြည် နယ်ဝန်ကြီးချုပ်များကို ခန့်အပ်သည်။ ထိုဒေသဆိုင်ရာ အာဏာပိုင်များသည် ပြည်သူကရွေးကောက်တင်မြှောက် ခံရသူများမဟုတ်၍ ပြည်သူ့မျက်နှာကိုကြည့် မည်လား၊ ကိုယ့်အားခန့်အပ်သော အထက်ပုဂ်္ဂိုလ်၏ အကျိုးစီးပွား ကိုကြည့်မည်လားဆိုသည်မှာ များစွာ သံသယဖြစ်ဖွယ် ရှိသည်။
ပြည်သူ့မျက်နှာကို မကြည့်မထောက်သဖြင့် ပြည်သူတို့က အုံကြွလာသည့်အ ခါမျိုးတွင် အထက် ပုဂ်္ဂိုလ်ထံသို့ အရေးပေါ်အခြေအနေဖြစ်ကြောင်း တင်ပြ အစီရင်ခံခဲ့ကြလျှင်၊ နိုင်ငံတော် သမ်္မတသည် ကာ/လုံနှင့် တိုင်ပင်ပေတော့မည်။ ကာ/လုံက အကြံပေးလျှင် အရေးပေါ်အခြေအနေ ကြေညာ ရပေတော့ မည်။ အထက် တွင် ဖော်ပြထားခဲ့သည်အရ ကာ/လုံတွင် အဖွဲ့ဝင် ခြောက်ဦးသည် ကာကွယ်ရေး ဦးစီးချုပ်နှင့် အပေါင်းပါ များဖြစ်လေရာ အဖြေရလာဒ်သည် မည်သို့ထွက်လာနိုင် မည်နည်း။ ပုဒ်မ-၄၃၆ သည် မည်သည်ကို ကာကွယ် စောင့်ရှောက်ထားသနည်း။
ပုဒ်မ-၄၁၂ (ခ)တွင်ကား နိုင်ငံတော် သမ်္မတသည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိ နှိုင်းရာတွင် အဖွဲ့ဝင်များ စုံညီစွာ တက်ရောက်နိုင်ခြင်း မရှိပါက အဖွဲ့ဝင်များဖြစ်ကြသော တပ်မတော် ကာကွယ် ရေး ဦးစီးချုပ်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦး စီးချုပ်နှင့်(၎င်းင်းတို့၏ ရုပ်သေးကြိုးဆွဲ ရုပ်ဖြစ်သော) ပြည်ထဲရေးဝန်ကြီး ဌာန၀န်ကြီးတို့နှင့် ညှိနှိုင်းပြီး အရေး ပေါ်အခြေအနေကြေညာနိုင်သည်ဟု ထပ်ဆင့်ပြဋ္ဌာန်းပေး ထား၏။ ထိုပုဒ်မအရ ကာ/လုံ အစည်းအဝေးကို လူစုံ တက်စုံပင် ခေါ်ယူရန်မ လိုတော့ချေ။ ပြီးမှ ကာ/လုံသို့ အမြန်ဆုံးတင်ပြ အတည်ပြုချက်ယူရမည်ဟု ဆိုပေသည်။
ကာကွယ်ရေးဦးစီးချုပ်နှင့် သူ၏လက်အောက်မှ အပေါင်း ပါနှစ်ဦး သဘောတူမျှလျှင် ဒေသဆိုင်ရာတစ်ခု ကိုသော် လည်းကောင်း၊ တစ်နိုင်ငံလုံးကို သော်လည်းကောင်း အရေးပေါ်အခြေအနေ ကြေညာ ချက်ကို ကြေညာနိုင် သွားပေပြီ။ ထိုနောက်မှ တစ်ဆင့်တက်၍ ထိုပုဒ်မ-၄၁၂ ကို အထောက်အကူပြုစေရန် အတွက် ပုဒ်မ-၄၁၃ ကို ထပ်ဆင့်ပြဋ္ဌာန်းထားပြန်သေးသည်။ ပုဒ်မ-၄၁၃ (က)တွင် အရေးပေါ် အခြေ အနေကြေညာချက် အကျိုး သက်ရောက်သည့် နယ်မြေအတွင်း မူလအခြေအနေကို အမြန်ပြန် လည် ရောက်စေရန် ဒေသဆိုင်ရာ တပ်မတော် ၏ အကူအညီရယူဆောင်ရွက်နိုင်သောဟူ၏။
ပုဒ်မခွဲ (ခ) တွင် နိုင်ငံတော်သမ်္မတသည် လိုအပ်ပါက စစ်အုပ်ချုပ် ရေးအမိန့်ကို ထုတ်ပြန်နိုင်သည် ယင်းစစ်အုပ်ချုပ်ရေး အမိန့်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းတာဝန်များကိုသော်လည်း ကောင်း၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် သက်ဆိုင်ရာ တရားစီရင်ရေးတာဝန် များကိုသော်လည်းကောင်း သတ်မှတ်ပေးရမည်ဟု ပြ ဋ္ဌာန်းထားပြန်၏။
နိုင်ငံကို ထိုပုဒ်မ-၄၁၃ (က)အရ ဒေသဆိုင်ရာ တစ်ခု၊ ပုဒ်မခွဲ(ခ)အရ တစ်နိုင်ငံလုံးသည် စစ်အုပ်ချုပ်ရေး လက်အောက်သို့ ပြန်လည်ကျရောက် သွားရန် ( စစ်တပ်က အာဏာသိမ်းရန်မှာ ) ပုဒ်မ ၄၁၂ (ခ)အရ ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ ကာ ကွယ်ရေး ဦးစီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးတို့ သုံးဦး မျက်စပစ် ခေါင်းညိတ် အချက်ပြလိုက်ရန်သာလိုကြောင်း အထင်အရှားမြင်နိုင်၏။
နိုင်ငံကို စစ်တပ်၏ စစ်ဖိနပ် အောက်သို့ ပြန်လည်ထိုးချလိုက်ရန်အတွက် ထိုမျှ လွယ် ကူချောမွေ့စေရန် စီမံပေးထားသော ဥပဒေတို့ကို မပြင် ဆင်နိုင်သော် ပြည်သူအများသည် နိုင်ငံရေး ခေါင်း ဆောင်များသည် လည်ပင်းထက်တွင် သင်ဒုန်းဓားသွား တင်လျက်နေရသည်နှင့် တူနေပေလိမ့်မည်။ ထိုပုဒ်မ များကို ပြင်ဆင် ရန်ဆိုသည်မှာ ပုဒ်မ-၄၃၆ ကို ပြင်ဆင် နိုင်မှသာ ဖြစ်ပေလိမ့်မည်။
ထိုသို့ဆိုလျှင် ပုဒ်မ-၄၃၆ သည် မည်သည်တို့ကို ကာကွယ်စောင့်ရှောက်ပေးနေပါသနည်း။ ထိုပုဒ်မ-၄၃၆ ကို ကာကွယ်နေသူတို့သည် မည်သည့်အရာကို ကာ ကွယ်စောင့်ရှောက်နေကြပါသနည်း။ ပုဒ်မ-၄၃၆ ကို မပြင်သင့်ဟု ဆန့်ကျင်ဆန်္ဒပြနေသူတို့သည် မည်သူတို့ အလိုကျ လုပ်ဆောင်နေကြသည့် မည်သည့် ဘက်သား များဖြစ်ပါသနည်းဆိုသည်ကို နိုင်ငံတော်သူ၊ နိုင်ငံတော် သား ပြည်သူများ မျက်ဝါးထင်ထင် သိမြင်ကြမည်ဟု ထင်ပါသည်။
ထိုမျှ တံတိုင်းခုနစ်ထပ် ကာရံပတ်၍ ဘီလူးတပ် အထပ်ထပ် စောင့်ကြပ်ကာကွယ်နေသော ဥပဒေ ပုဒ်မ-၄၃၆ ကို ပြင်ဆင်ခြင်း မပြင်ဆင်ခြင်းသည် စစ်ဖိနပ် အောက်သို့ အချိန်မရွေးပြန်ရောက်နိုင်ခြင်း၊ မရောက်နိုင်ခြင်းနှင့် တိုက်ရိုက်အချိုးကျနေသည်။ သို့ ဖြစ်၍ ဤပုဒ်မကို ပြင်ရန်ထောက်ခံ မထောက်ခံ ဆိုသည်ကိုကား မိမိတို့ခံစားခဲ့ရသော ဘ၀ပေးအသိဖြင့် ပြတ်ပြတ်သားသား အဆုံးအဖြတ်ပေးကြရန်သာ တိုက် တွန်းလိုပေသည်။
the messenger
Sign up here with your email
ConversionConversion EmoticonEmoticon