Zawgyi ျဖင့္ဖတ္ရန္
ပတ္ဝန္းက်င္နဲ႔ လူ႔အဖြဲ႕အစည္းမွာ ကန႔္သတ္ခ်က္မ်ားစြာရွိႏိုင္ေပမယ့္ အခ်စ္စစ္မွာေတာ့ ဘာကန္သတ္ခ်က္မွမရွိပါဘူး။အသက္ ၅၆ႏွစ္အ႐ြယ္ Paul နဲ႔ အသက္ ၅၉ႏွစ္အ႐ြယ္ Kris Scharoun တို႔ႏွစ္ဦးဟာ ဦးေႏွာက္မမွန္တဲ့ ေဒါင္းေရာဂါကိုခံစားေနရသူေတြျဖစ္ပါတယ္။ သူတို႔၂ဦးဟာ တစ္ဦးကိုတစ္ဦးခ်စ္ခင္ၾကၿပီး လက္ထပ္ၾကမယ္ဆိုတဲ့အခ်ိန္မွာေတာ့ ပတ္ဝန္းက်င္ကလူေတြက မျဖစ္ႏိုင္ဘူးလို႔ ယူဆခဲ့ၾကပါတယ္။
သူတို႔၂ဦးဟာ လြန္ခဲ့တဲ့ ႏွစ္၃၀ေလာက္က မသန္စြမ္းေတြရဲ႕ ကပြဲမွာစေတြ႕ခဲ့တာျဖစ္ၿပီး ကမာၻ႔ရဲ႕ သက္တမ္းအရွည္ၾကာဆုံး ေပါင္းသင္းႏိုင္တဲ့ ေဒါင္းေရာဂါေဝဒနာရွင္ လင္မယားပဲျဖစ္ပါတယ္။
1980 မွာ ဆုံေတြ႕ခဲ့ၾကတဲ့ သူတို႔၂ဦးဟာ ၁၉၈၈ မတိုင္ခင္အထိ သမီးရည္းစားျဖစ္ခဲ့ၾကပါတယ္။ “သူက ကြၽန္မကို ရယ္ေအာင္လုပ္ေပးႏိုင္တယ္ သူမ်က္လုံးေတြကိုျမင္ရခ်ိန္မွာ ကြၽန္မအနာဂါတ္ကို ေတြ႕ရတယ္” လို႔ Kris က အင္တာဗ်ဴးတစ္ခုမွာ ေျဖဆိုခဲ့ပါတယ္။
ဘယ္သူေတြ ဘယ္လိုေျပာေျပာ Kris နဲ႔ Paul တို႔ဟာ ႏွစ္ေယာက္အတူေနေနရတဲ့ဘဝေလးကို သိပ္ကိုေက်နပ္ႏွစ္သက္ၾကပါတယ္။
စစခ်င္းမွာေတာ့ နယူးေယာ့ခ္မွ တာဝန္ရွိသူေတြဟာ သူတို႔လက္ထပ္ျခင္းကို ခြင့္မျပဳခ်င္ၾကပါဘူး။ ႏွစ္ေပါင္းမ်ားစြာၾကာၿပီးေနာက္ သူတို႔ရဲ႕ လိင္ဆက္ဆံမႈနဲ႔ပတ္သတ္တဲ့ အသိပညာ ခံစားခ်က္ေတြနဲ႔ လိုအပ္ခ်က္ေတြကို စစ္ေဆးၿပီးေနာက္ ၁၉၉၃ ခုႏွစ္မွာ လက္ထပ္ဖို႔ ခြင့္ျပဳခ်က္ရတာပဲျဖစ္ပါတယ္။
သူတို႔ဇနီးေမာင္ႏွံဟာ ကိုယ္စီအလုပ္အကိုင္ရွိသူမ်ားျဖစ္ၾကပါတယ္။ အမ်ိဳးသမီးျဖစ္သူဟာ Pizza Hut မွာအလုပ္လုပ္ၿပီး အမ်ိဳးသားကေတာ့ မသန္စြမ္းျဖစ္သူေတြအတြက္ ေထာက္ပံ့ေပးတဲ့ Arc of Onondaga ရဲ႕ အလုပ္႐ုံမွာ အလုပ္လုပ္တယ္လို႔ သိရပါတယ္။
လြန္ခဲ့တဲ့ တစ္ႏွစ္ေလာက္က ခင္ပြန္းသည္ျဖစ္သူဟာ ႐ူးသြပ္ျခင္းေဝဒနာကို စတင္ခံစားခဲ့ရပါတယ္။ ေဒါင္းေရာဂါလို႔အမည္ရတဲ့ ဦးေႏွာက္မမွန္တဲ့ ေဝဒနာခံစားရတဲ့ ေရာဂါရွင္ေတြရဲ႕ တစ္ဝက္ေလာက္ဟာ အသက္ ၅၀ေက်ာ္တဲ့အခ်ိန္မွာ ေရာဂါေဖာက္လာခဲ့ပါတယ္။
2018 ခုႏွစ္မွာ သူတို႔ရဲ႕အိမ္ေထာင္သက္ ၂၅ႏွစ္ျပည့္မွာျဖစ္ၿပီး သူတို႔ရဲ႕မဂၤလာႏွစ္ပတ္လည္ မက်င္းပႏိုင္ခင္မွာပဲ Paul ဟာ ဆုံးပါးသြားခဲ့ပါတယ္။
သူတို႔ဟာ တျခားသူေတြ ထင္ထားသလိုမဟုတ္ဘဲ က်န္းမာေရးအေျခအေန ခ်ိဳ႕တဲ့ၾကေပမယ့္ ေမတၱာစစ္နဲ႔ အတူေနႏိုင္တယ္ဆိုတဲ့အေၾကာင္း သက္ေသျပသြားတဲ့ စုံတြဲပဲျဖစ္ပါတယ္။ Kris ဟာ ခင္ပြန္းျဖစ္သူရဲ႕အ႐ိုးျပာကို သူတို႔အႀကိဳက္ဆုံးေနရာျဖစ္တဲ့ နယူးေယာ့ခ္က Adirondack ေတာင္မွာ က်ဲခဲ့တယ္လို႔ သိရပါတယ္။
Writer -LLA ( Shwe Yaung Lan )
Unicode ဖြင့်ဖတ်ရန်
တကမ္ဘာလုံးရဲ့ထင်မြင်ယူဆချက်ကို ဆန့်ကျင်ပြီး အချစ်စစ်ဆိုတာကို သက်သေပြသွားခဲ့တဲ့ စုံတွဲ
ပတ်ဝန်းကျင်နဲ့ လူ့အဖွဲ့အစည်းမှာ ကန့်သတ်ချက်များစွာရှိနိုင်ပေမယ့် အချစ်စစ်မှာတော့ ဘာကန်သတ်ချက်မှမရှိပါဘူး။အသက် ၅၆နှစ်အရွယ် Paul နဲ့ အသက် ၅၉နှစ်အရွယ် Kris Scharoun တို့နှစ်ဦးဟာ ဦးနှောက်မမှန်တဲ့ ဒေါင်းရောဂါကိုခံစားနေရသူတွေဖြစ်ပါတယ်။ သူတို့၂ဦးဟာ တစ်ဦးကိုတစ်ဦးချစ်ခင်ကြပြီး လက်ထပ်ကြမယ်ဆိုတဲ့အချိန်မှာတော့ ပတ်ဝန်းကျင်ကလူတွေက မဖြစ်နိုင်ဘူးလို့ ယူဆခဲ့ကြပါတယ်။
သူတို့၂ဦးဟာ လွန်ခဲ့တဲ့ နှစ်၃၀လောက်က မသန်စွမ်းတွေရဲ့ ကပွဲမှာစတွေ့ခဲ့တာဖြစ်ပြီး ကမ္ဘာ့ရဲ့ သက်တမ်းအရှည်ကြာဆုံး ပေါင်းသင်းနိုင်တဲ့ ဒေါင်းရောဂါဝေဒနာရှင် လင်မယားပဲဖြစ်ပါတယ်။
1980 မှာ ဆုံတွေ့ခဲ့ကြတဲ့ သူတို့၂ဦးဟာ ၁၉၈၈ မတိုင်ခင်အထိ သမီးရည်းစားဖြစ်ခဲ့ကြပါတယ်။ “သူက ကျွန်မကို ရယ်အောင်လုပ်ပေးနိုင်တယ် သူမျက်လုံးတွေကိုမြင်ရချိန်မှာ ကျွန်မအနာဂါတ်ကို တွေ့ရတယ်” လို့ Kris က အင်တာဗျူးတစ်ခုမှာ ဖြေဆိုခဲ့ပါတယ်။
ဘယ်သူတွေ ဘယ်လိုပြောပြော Kris နဲ့ Paul တို့ဟာ နှစ်ယောက်အတူနေနေရတဲ့ဘဝလေးကို သိပ်ကိုကျေနပ်နှစ်သက်ကြပါတယ်။
စစချင်းမှာတော့ နယူးယော့ခ်မှ တာဝန်ရှိသူတွေဟာ သူတို့လက်ထပ်ခြင်းကို ခွင့်မပြုချင်ကြပါဘူး။ နှစ်ပေါင်းများစွာကြာပြီးနောက် သူတို့ရဲ့ လိင်ဆက်ဆံမှုနဲ့ပတ်သတ်တဲ့ အသိပညာ ခံစားချက်တွေနဲ့ လိုအပ်ချက်တွေကို စစ်ဆေးပြီးနောက် ၁၉၉၃ ခုနှစ်မှာ လက်ထပ်ဖို့ ခွင့်ပြုချက်ရတာပဲဖြစ်ပါတယ်။
သူတို့ဇနီးမောင်နှံဟာ ကိုယ်စီအလုပ်အကိုင်ရှိသူများဖြစ်ကြပါတယ်။ အမျိုးသမီးဖြစ်သူဟာ Pizza Hut မှာအလုပ်လုပ်ပြီး အမျိုးသားကတော့ မသန်စွမ်းဖြစ်သူတွေအတွက် ထောက်ပံ့ပေးတဲ့ Arc of Onondaga ရဲ့ အလုပ်ရုံမှာ အလုပ်လုပ်တယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ တစ်နှစ်လောက်က ခင်ပွန်းသည်ဖြစ်သူဟာ ရူးသွပ်ခြင်းဝေဒနာကို စတင်ခံစားခဲ့ရပါတယ်။ ဒေါင်းရောဂါလို့အမည်ရတဲ့ ဦးနှောက်မမှန်တဲ့ ဝေဒနာခံစားရတဲ့ ရောဂါရှင်တွေရဲ့ တစ်ဝက်လောက်ဟာ အသက် ၅၀ကျော်တဲ့အချိန်မှာ ရောဂါဖောက်လာခဲ့ပါတယ်။
2018 ခုနှစ်မှာ သူတို့ရဲ့အိမ်ထောင်သက် ၂၅နှစ်ပြည့်မှာဖြစ်ပြီး သူတို့ရဲ့မင်္ဂလာနှစ်ပတ်လည် မကျင်းပနိုင်ခင်မှာပဲ Paul ဟာ ဆုံးပါးသွားခဲ့ပါတယ်။
သူတို့ဟာ တခြားသူတွေ ထင်ထားသလိုမဟုတ်ဘဲ ကျန်းမာရေးအခြေအနေ ချို့တဲ့ကြပေမယ့် မေတ္တာစစ်နဲ့ အတူနေနိုင်တယ်ဆိုတဲ့အကြောင်း သက်သေပြသွားတဲ့ စုံတွဲပဲဖြစ်ပါတယ်။ Kris ဟာ ခင်ပွန်းဖြစ်သူရဲ့အရိုးပြာကို သူတို့အကြိုက်ဆုံးနေရာဖြစ်တဲ့ နယူးယော့ခ်က Adirondack တောင်မှာ ကျဲခဲ့တယ်လို့ သိရပါတယ်။
Writer -LLA ( Shwe Yaung Lan )
Sign up here with your email
ConversionConversion EmoticonEmoticon