ဒီေန႔ မႏၲေလးၿမိဳ႕မွာ သံဃာေတာ္ အပါး သုံးေသာင္းကို ဆြမ္းဆန္စိမ္း ေလာင္းလႉေနတဲ့ ျမင္ကြင္း ဗီဒီယို





Zawgyi ျဖင့္ဖတ္ရန္

ေအာက္တြင္ ဗြီဒီယို တင္ထားေပးပါသည္။ကမာၻေပၚမွာ ယခင္က ဗုဒၶဘာသာကိုးကြယ္သူ ႏိုင္ငံအမ်ားအျပားရွိခဲ့ရာကေန အခုခ်ိန္မွာေတာ့ ႏိုင္ငံအနည္းငယ္သာက်န္ပါေတာ့တယ္ေနာ္။ ျမန္မာ ၊ယိုးဒယား ၊ သီရိလကၤာ ၊ ဘူတန္ စတဲ့ ႏိုင္ငံေတြပဲ ျဖစ္ပါတယ္။ ဒီႏိုင္ငံေတြဟာလည္း သာသနာေတာ္ အဓြန႔္ရွည္စြာ တည္တံ့ႏိုင္ေစေရးအတြက္ ႀကိဳးစားေနၾကတာလည္း အားလုံးသိပါတယ္။




သာသနာေတာ္ အဓြန႔္ရွည္တည္တံ့ေစေရးရဲ႕ အဓိကအခ်က္ျဖစ္တဲ့ ဘုရားသားေတာ္ရဟန္းသံဃာမ်ားအတြက္ လိုအပ္တဲ့ ပစၥည္းေလးပါးကို မျပတ္ျဖည့္တင္းၿပီး ဗုဒၶရဲ႕ဓမၼအေမြေတြ လက္ဆင့္ကမ္းႏိုင္ေအာင္ ေဆာင္႐ြက္ျခင္းပဲျဖစ္ပါတယ္။ လက္ရွိအခါမွာ
ေတာ့ ဗုဒၶဘာသာဝင္ ႏိုင္ငံႏွစ္ခုျဖစ္တဲ့ ထိုင္း- ျမန္မာ ခ်စ္ၾကည္ေရးအရလည္းျဖစ္ ၊ဘာသာတရား အေထာက္အပံ့လည္းျဖစ္ေစတဲ့ ႏွစ္ႏိုင္ငံက သံဃာေတာ္ေတြကို ဆြမ္းေလာင္းလႉပြဲကို က်င္းပၾကတာ အေတာ္ေလး ေကာင္းမြန္လွပါတယ္။







ဒီလို ႏွစ္ႏိုင္ငံခ်စ္ၾကည္ေရးအတြက္ ႏွစ္ႏိုင္ငံက သံဃာေတာ္ေတြကို ဆြမ္းဆန္စိမ္းေလာင္းလႉတာကေတာ့ ၂၀၁၅ ခုႏွစ္က စတင္ခဲ့တာျဖစ္ၿပီးေတာ့ ပထမအႀကိမ္အျဖစ္သံဃာအပါး ၁၀၀၀၀ ၊ ဒုတိယအႀကိမ္ အပါး ၂၀၀၀၀ နဲ႔ ယခု ေတာ့ တတိယအႀကိမ္အျဖစ္ အပါး ၃၀၀၀၀ တို႔ကို ဆက္ကပ္လႉဒါန္းပူေဇာ္ပြဲကို ယေန႔မွာ မႏၲေလးတိုင္းေဒသႀကီးမွာ ျပဳလုပ္ခဲ့ပါတယ္။ ေနရာကေတာ့ ခ်မ္းျမသာစည္ ေလယာဥ္ကြင္းမွာပါ။





ဒီလို ႏွစ္ႏိုင္ငံက သံဃာအပါး ၃၀၀၀၀ ကို ဆြမ္းကပ္လႉတဲ့ ျမင္ကြင္းကိုလည္း အားလုံးဖူးေမွ်ာ္ျမင္ေတြ႕ႏိုင္ေအာင္လို႔ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

share from: shweyaunglan

Unicode ဖြင့်ဖတ်ရန်

ဒီနေ့ မန္တလေးမြို့မှာ သံဃာတော် အပါး သုံးသောင်းကို ဆွမ်းဆန်စိမ်း လောင်းလှူနေတဲ့ မြင်ကွင်း ဗီဒီယို

အောက်တွင် ဗွီဒီယို တင်ထားပေးပါသည်။ကမ္ဘာပေါ်မှာ ယခင်က ဗုဒ္ဓဘာသာကိုးကွယ်သူ နိုင်ငံအများအပြားရှိခဲ့ရာကနေ အခုချိန်မှာတော့ နိုင်ငံအနည်းငယ်သာကျန်ပါတော့တယ်နော်။ မြန်မာ ၊ယိုးဒယား ၊ သီရိလင်္ကာ ၊ ဘူတန် စတဲ့ နိုင်ငံတွေပဲ ဖြစ်ပါတယ်။ ဒီနိုင်ငံတွေဟာလည်း သာသနာတော် အဓွန့်ရှည်စွာ တည်တံ့နိုင်စေရေးအတွက် ကြိုးစားနေကြတာလည်း အားလုံးသိပါတယ်။





သာသနာတော် အဓွန့်ရှည်တည်တံ့စေရေးရဲ့ အဓိကအချက်ဖြစ်တဲ့ ဘုရားသားတော်ရဟန်းသံဃာများအတွက် လိုအပ်တဲ့ ပစ္စည်းလေးပါးကို မပြတ်ဖြည့်တင်းပြီး ဗုဒ္ဓရဲ့ဓမ္မအမွေတွေ လက်ဆင့်ကမ်းနိုင်အောင် ဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်။ လက်ရှိအခါမှာ
တော့ ဗုဒ္ဓဘာသာဝင် နိုင်ငံနှစ်ခုဖြစ်တဲ့ ထိုင်း- မြန်မာ ချစ်ကြည်ရေးအရလည်းဖြစ် ၊ဘာသာတရား အထောက်အပံ့လည်းဖြစ်စေတဲ့ နှစ်နိုင်ငံက သံဃာတော်တွေကို ဆွမ်းလောင်းလှူပွဲကို ကျင်းပကြတာ အတော်လေး ကောင်းမွန်လှပါတယ်။



ဒီလို နှစ်နိုင်ငံချစ်ကြည်ရေးအတွက် နှစ်နိုင်ငံက သံဃာတော်တွေကို ဆွမ်းဆန်စိမ်းလောင်းလှူတာကတော့ ၂၀၁၅ ခုနှစ်က စတင်ခဲ့တာဖြစ်ပြီးတော့ ပထမအကြိမ်အဖြစ်သံဃာအပါး ၁၀၀၀၀ ၊ ဒုတိယအကြိမ် အပါး ၂၀၀၀၀ နဲ့ ယခု တော့ တတိယအကြိမ်အဖြစ် အပါး ၃၀၀၀၀ တို့ကို ဆက်ကပ်လှူဒါန်းပူဇော်ပွဲကို ယနေ့မှာ မန္တလေးတိုင်းဒေသကြီးမှာ ပြုလုပ်ခဲ့ပါတယ်။ နေရာကတော့ ချမ်းမြသာစည် လေယာဉ်ကွင်းမှာပါ။



ဒီလို နှစ်နိုင်ငံက သံဃာအပါး ၃၀၀၀၀ ကို ဆွမ်းကပ်လှူတဲ့ မြင်ကွင်းကိုလည်း အားလုံးဖူးမျှော်မြင်တွေ့နိုင်အောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

share from: shweyaunglan

Previous
Next Post »
Powered by Blogger.