Zawgyi ဖြင့်ဖတ်ရန်
share from: xyznews
Unicode ဖြင့်ဖတ်ရန်
ကြင်ယာရှာမတွေ့သဖြင့် စက်ရုပ်မိန်းကလေးနှင့် လက်ထပ်လိုက်သည့် အမျိုးသား
တရုတ်နိုင်ငံမှ အင်ဂျင်နီယာ အမျိုးသားတဦးဟာ သက်ရှိကြင်ဘက်ဇနီးမယား မရှာဖွေနိုင်ခဲ့တဲ့အတွက် စက်ရုပ်မိန်းကလေးကို တီထွင်ကာ အဲဒီစက်ရုပ်နဲ့ လက်ထပ်ခဲ့ပါတယ်။
ဉာဏ်ရည်တုဆိုင်ရာ ကျွမ်းကျင်ပညာရှင်တဦးဖြစ်တဲ့ အသက် ၃၁ နှစ်အရွယ် ဇန်ဂျီယာဂျီယာ အမည်ရတဲ့ အဲဒီအမျိုးသားဟာ ဇီကျန်းခရိုင်၊ ဟန်ကျိုးမြို့မှာနေထိုင်ပြီး စက်ရုပ်တွေကို တီထွင်ဖန်တီးပြီး အသက်မွေးသူတဦး ဖြစ်ပါတယ်။
သူဟာ နှစ်ပေါင်းများစွာကြာအောင် လက်တွဲဖော် ရှာမတွေ့နိုင်ခဲ့ဘဲ ရှိနေခဲ့ပြီး နောက်မှာတော့ သူကိုယ်တိုင်ဖန်တီးထားတဲ့ စက်ရုပ်မိန်းကလေးနဲ့ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
အဲဒီ စက်ရုပ်မိန်းကလေးရဲ့နာမည်ကို ယင်ယင်းလို့ ပေးထားပြီး ပြီးခဲ့တဲ့ ၂၀၁၆ ခု နှစ်ကုန်ပိုင်းကမှ တီထွင်ပြီးခဲ့တာပါ။
တရုတ်မိန်းကလေးတဦးရဲ့ အသွင်အပြင်နဲ့ ပုံဖော်ဖန်တီးထားတဲ့ အဲဒီ စက်ရုပ်မိန်းကလေးဟာ စကားအနည်းငယ် ပြောဆိုနိုင်တယ်လို့ ကွမ်ကျင်းညနေခင်းသတင်းစာက ဆိုပါတယ်။
share from: xyznews
Sign up here with your email
ConversionConversion EmoticonEmoticon