Zawgyi ျဖင့္ဖတ္ရန္
ပိုက္ဆံအိတ္ထဲက ရွိတဲ့ပိုက္ဆံေတြ ဘယ္ေလာက္သုံးသုံး၊ သုံးမကုန္ျဖစ္ေစခ်င္ၾကတာ လူတိုင္းရဲ႕စိတ္ကူးေလးပဲမဟုတ္လား။ ဒီလိုအျဖစ္အပ်က္မ်ိဳးေတြထဲကတစ္ခုကို တ႐ုတ္ႏိုင္ငံက အမ်ိဳးသားတစ္ေယာက္ ႀကဳံေတြ႕ခဲ့ရၿပီး အဲဒါကို World of Buzz မွ ေကာက္ႏုတ္ေဖာ္ျပေပးလိုက္ပါတယ္။သူဟာ ပိုက္ဆံအိတ္ထဲမွာ ပိုက္ဆံဘယ္ေလာက္က်န္လဲဆိုတာ ကြၽန္ေတာ္တို႔လိုပဲ တိတိက်က်မွတ္ထားတတ္သူတစ္ေယာက္ မဟုတ္ေပမယ့္လို႔ အၿမဲတမ္းလိုလို ၂ ပတ္စာ၊ ၂ ပတ္စာ အသုံးစရိတ္ေလးကို ATM ထဲကထုတ္ကာ ပိုက္ဆံအိတ္ထဲ လြယ္လင့္တကူထည့္ထည့္ထားေလ့ရွိပါတယ္။
ခ်စ္သူေလးနဲ႔အျပင္သြားတိုင္းလည္း စားေသာက္ဖိုးေတြ၊ သြားလာစရိတ္စတဲ့ ကုန္က်စရိတ္မွန္သမွ် ေယာက္်ားေလးျဖစ္တဲ့ သူ႔ဖက္ကပဲ ေပးေနက်ပါပဲတဲ့။ ဒါေၾကာင့္ ပုံမွန္အိတ္ထဲထည့္ထားတဲ့ ပိုက္ဆံဟာ ၂ ပတ္ဆိုရင္ ကုန္ေလ့ရွိတာကိုေတာ့ သတိထားမိခဲ့ပါတယ္။ ဒါေပမဲ့ အခုတေလာ သူ႔အေနနဲ႔ ATM ထဲက ပိုက္ဆံမထုတ္တာ ၾကာပါၿပီ။ ဒါကို အစကေတာ့ သတိမထားမိခဲ့ပါဘူး။ အခုက်မွ ႐ုတ္တရက္ သူပိုက္ဆံမထုတ္တာ ၂ လေလာက္ရွိေနၿပီဆိုတာကို သတိထားမိခဲ့ပါတယ္။ ATM ကို စစ္ၾကည့္တဲ့အခါမွာလည္း ေနာက္ဆုံး ပိုက္ဆံထုတ္ထားခဲ့တာ လြန္ခဲ့တဲ့ ၂ လေက်ာ္ေလာက္ကလို႔ ထြက္လာခဲ့တဲ့အတြက္ အမ်ိဳးသားခင္ဗ်ာ ေတ္ာေတ္ာေလးကို စဥ္းစားရၾကပ္သြားခဲ့ပါၿပီ။ ဘာေၾကာင့္ဆို သူ႔အေနနဲ႔ ၂ ပတ္စာပဲ ထုတ္ထားတဲ့ေငြဟာ ၂ လေက်ာ္ေလာက္သုံးၿပီးတာေတာင္ မကုန္ဘူးဆိုတာ ဘယ္လိုမွမျဖစ္ႏိုင္လို႔ပါပဲ။
ဒီအေၾကာင္းကို လက္ထပ္ေတာ့မယ့္ ခ်စ္သူေလးနဲ႔ ထူးဆန္းတယ္လို႔ေျပာမိခဲ့ေတာ့မွ ေကာင္မေလးက သူ႔ခင္ပြန္းေလာင္းေလး အၿမဲတမ္းအျပင္သြားတိုင္း ပိုက္ဆံထုတ္ရွင္းေနရလို႔ဆိုၿပီး မသိေအာင္ ပိုက္ဆံအိတ္ထဲ ပိုက္ဆံေတြ ထည့္ထည့္ေပးေနတာပါလို႔ ဝန္ခံခဲ့ပါေတာ့တယ္။ အမ်ိဳးသားကေတာ့ ဒီစကားကိုၾကားၾကားခ်င္းပဲ သိပ္ခ်စ္တတ္တဲ့ သူမကိုမႏွစ္ကတည္းကလက္ထပ္ခဲ့သင့္တာဆိုၿပီး အတူတူမေနလိုက္ရတဲ့ ၁ ႏွစ္ေလာက္အခ်ိန္ေတြကို ႏွေမာတသၾကည္ႏူးစြာနဲ႔ လူမႈကြန္ယက္မွာ post တင္ခဲ့ပါတယ္။ ဒီအေၾကာင္းဟာ လူေတြၾကားထဲ ျမန္ျမန္ဆန္ဆန္ပဲ ပ်ံ႕ႏွံ႔သြားကာ သူတို႔အတြဲေလးကို အားက်ေနခဲ့ၾကပါတယ္တဲ့
share from:burmese.asia
Unicode ဖြင့်ဖတ်ရန်
ချစ်သူကောင်လေးမသိအောင် ပိုက်ဆံအိတ်ထဲအသုံးစရိတ်တွေဖြည့်ဖြည့်ပေးနေတဲ့ ကောင်မလေး
ပိုက်ဆံအိတ်ထဲက ရှိတဲ့ပိုက်ဆံတွေ ဘယ်လောက်သုံးသုံး၊ သုံးမကုန်ဖြစ်စေချင်ကြတာ လူတိုင်းရဲ့စိတ်ကူးလေးပဲမဟုတ်လား။ ဒီလိုအဖြစ်အပျက်မျိုးတွေထဲကတစ်ခုကို တရုတ်နိုင်ငံက အမျိုးသားတစ်ယောက် ကြုံတွေ့ခဲ့ရပြီး အဲဒါကို World of Buzz မှ ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။သူဟာ ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံဘယ်လောက်ကျန်လဲဆိုတာ ကျွန်တော်တို့လိုပဲ တိတိကျကျမှတ်ထားတတ်သူတစ်ယောက် မဟုတ်ပေမယ့်လို့ အမြဲတမ်းလိုလို ၂ ပတ်စာ၊ ၂ ပတ်စာ အသုံးစရိတ်လေးကို ATM ထဲကထုတ်ကာ ပိုက်ဆံအိတ်ထဲ လွယ်လင့်တကူထည့်ထည့်ထားလေ့ရှိပါတယ်။
ချစ်သူလေးနဲ့အပြင်သွားတိုင်းလည်း စားသောက်ဖိုးတွေ၊ သွားလာစရိတ်စတဲ့ ကုန်ကျစရိတ်မှန်သမျှ ယောက်ျားလေးဖြစ်တဲ့ သူ့ဖက်ကပဲ ပေးနေကျပါပဲတဲ့။ ဒါကြောင့် ပုံမှန်အိတ်ထဲထည့်ထားတဲ့ ပိုက်ဆံဟာ ၂ ပတ်ဆိုရင် ကုန်လေ့ရှိတာကိုတော့ သတိထားမိခဲ့ပါတယ်။ ဒါပေမဲ့ အခုတလော သူ့အနေနဲ့ ATM ထဲက ပိုက်ဆံမထုတ်တာ ကြာပါပြီ။ ဒါကို အစကတော့ သတိမထားမိခဲ့ပါဘူး။ အခုကျမှ ရုတ်တရက် သူပိုက်ဆံမထုတ်တာ ၂ လလောက်ရှိနေပြီဆိုတာကို သတိထားမိခဲ့ပါတယ်။ ATM ကို စစ်ကြည့်တဲ့အခါမှာလည်း နောက်ဆုံး ပိုက်ဆံထုတ်ထားခဲ့တာ လွန်ခဲ့တဲ့ ၂ လကျော်လောက်ကလို့ ထွက်လာခဲ့တဲ့အတွက် အမျိုးသားခင်ဗျာ တေ်ာတေ်ာလေးကို စဉ်းစားရကြပ်သွားခဲ့ပါပြီ။ ဘာကြောင့်ဆို သူ့အနေနဲ့ ၂ ပတ်စာပဲ ထုတ်ထားတဲ့ငွေဟာ ၂ လကျော်လောက်သုံးပြီးတာတောင် မကုန်ဘူးဆိုတာ ဘယ်လိုမှမဖြစ်နိုင်လို့ပါပဲ။
ဒီအကြောင်းကို လက်ထပ်တော့မယ့် ချစ်သူလေးနဲ့ ထူးဆန်းတယ်လို့ပြောမိခဲ့တော့မှ ကောင်မလေးက သူ့ခင်ပွန်းလောင်းလေး အမြဲတမ်းအပြင်သွားတိုင်း ပိုက်ဆံထုတ်ရှင်းနေရလို့ဆိုပြီး မသိအောင် ပိုက်ဆံအိတ်ထဲ ပိုက်ဆံတွေ ထည့်ထည့်ပေးနေတာပါလို့ ဝန်ခံခဲ့ပါတော့တယ်။ အမျိုးသားကတော့ ဒီစကားကိုကြားကြားချင်းပဲ သိပ်ချစ်တတ်တဲ့ သူမကိုမနှစ်ကတည်းကလက်ထပ်ခဲ့သင့်တာဆိုပြီး အတူတူမနေလိုက်ရတဲ့ ၁ နှစ်လောက်အချိန်တွေကို နှမောတသကြည်နူးစွာနဲ့ လူမှုကွန်ယက်မှာ post တင်ခဲ့ပါတယ်။ ဒီအကြောင်းဟာ လူတွေကြားထဲ မြန်မြန်ဆန်ဆန်ပဲ ပျံ့နှံ့သွားကာ သူတို့အတွဲလေးကို အားကျနေခဲ့ကြပါတယ်တဲ့
share from:burmese.asia
Sign up here with your email
ConversionConversion EmoticonEmoticon