အရမ္းခ်စ္ရတဲ့ျမန္မာျပည္ကို ဆယ္ႏွစ္ၾကာၿပီးေနာက္ လာမယ့္ဇန္နဝါရီလမွာ ဒုတိယအႀကိမ္ထပ္မံလာေရာက္လည္ပတ္မယ့္ ဝသုန္မိုး




Zawgyi ျဖင့္ဖတ္ရန္

ဝသုန္မိုးကေတာ့ ျမန္မာျပည္နဲ႔ျမန္မာစာကို အရမ္းခ်စ္တဲ့႐ုရွားသူေလးတစ္ေယာက္ပဲျဖစ္ပါတယ္။ တကၠသိုလ္မွာလည္း ျမန္မာစာကို အဓိကေမဂ်ာအေနနဲ႔သင္ယူေလ့လာခဲ့ၿပီး လက္ရွိေမာ္စကိုတကၠသိုလ္မွာ ျမန္မာစာကိုသင္ၾကားေပးေနသူတစ္ေယာက္ပါ။ ျမန္မာစာအေပၚစြဲလမ္း႐ူးသြပ္သူတစ္ေယာက္ျဖစ္ၿပီး ျမန္မာစကားတစ္ရက္မေျပာရရင္ေတာင္ မေနႏိုင္သူေလးတစ္ေယာက္ျဖစ္ပါတယ္။




သူဟာ လြန္ခဲ့တဲ့ဆယ္ႏွစ္အၾကာ (၂၀၀၉)ခုႏွစ္က ျမန္မာႏိုင္ငံကို ပထမဆုံးအႀကိမ္လာေရာက္လည္ပတ္ခဲ့ၿပီး (၃)လနီးပါးေနထိုင္ခဲ့တာျဖစ္ပါတယ္။ သူဟာအဲ့ဒီအေခါက္မွာ ရန္ကုန္၊ပဲခူး၊ ပုဂံ၊ ပုပၸါး၊ ငပလီတို႔ေရာက္ခဲ့ၿပီး ရန္ကုန္ကိုပထမဆုံးလာေရာက္ရတုန္းက ခံစားခ်က္ကိုလည္း အခုလိုေရးသားခဲ့ပါတယ္။ “ ရန္ကုန္ေလဆိပ္ကေန ထြက္ထြက္ခ်င္းရခဲ့တဲ့ ခံစားခ်က္ကို အခုခ်ိန္ထိေသခ်ာမွတ္မိပါတယ္။ ပုံျပင္တစ္ခုခုကို ေရာက္သြားသလိုပဲ၊ ႐ုရွားႏိုင္ငံရဲ႕ေဆာင္းရာသီ ႏွင္းေတြက်ေနတဲ့ကာလမွာ ေလယာဥ္ေပၚတက္ခဲ့တယ္။ ရန္ကုန္ကိုေရာက္ေတာ့ ရာသီဥတုပူၿပီး ေနသာေနပါတယ္။ လမ္းေပၚမွာ ေဘာင္းဘီအတိုအစိမ္းေရာင္နဲ႔ ကေလးေလးေတြက ထမင္းခ်ိဳင့္ကိုင္ၿပီး လမ္းေလွ်ာက္ေနတာကို ေတြ႕ခဲ့တယ္” လို႔ သူ႔ရဲ႕ပထမဆုံးျမန္မာျပည္နဲ႔ ပတ္သက္တဲ့အေတြ႕အႀကဳံကို ေရးသားခဲ့တာျဖစ္ပါတယ္။



အခုလာမယ့္ (၂၀၂၀)ခုႏွစ္၊ဇန္နဝါရီလမွာေတာ့ ျမန္မာႏိုင္ငံကို ဒုတိယအႀကိမ္လာေရာက္လည္ပတ္မွာျဖစ္ၿပီး ဗီဇာ(၂၈)ရက္သာရရွိတယ္လို႔ဆိုပါတယ္။ (၁၀)ႏွစ္တိတိၾကာၿပီးေနာက္မွာ “ျမန္မာႏိုင္ငံႀကီးေျပာင္းလဲသြားၿပီလား။ ကြၽန္မကိုယ္တိုင္ေတာ့ေျပာင္းလဲသြားၿပီ၊ ကြၽန္မနဲ႔ျမန္မာႏိုင္ငံႀကီးရဲ႕ဒုတိယအႀကိမ္ေတြ႕ဆုံမႈက ဘယ္လိုျဖစ္မလဲ လူသစ္စိတ္သစ္နဲ႔ (၂၀၂၀) ႏွစ္သစ္ဇန္နဝါရီလမွာ ျမန္မာႏိုင္ငံကိုသြားလည္ဖို႔ စီစဥ္ထားပါတယ္။ ဘယ္လိုလဲ။ႀကိဳဆိုၾကမွာလား” လို႔သူ႔ရဲ႕ေဖ့ဘြတ္ခ္စာမ်က္ႏွာမွာေရးသားခဲ့တာျဖစ္ပါတယ္။

share from :burmese.asia



Unicode ဖြင့်ဖတ်ရန်

အရမ်းချစ်ရတဲ့မြန်မာပြည်ကို ဆယ်နှစ်ကြာပြီးနောက် လာမယ့်ဇန်နဝါရီလမှာ ဒုတိယအကြိမ်ထပ်မံလာရောက်လည်ပတ်မယ့် ဝသုန်မိုး

ဝသုန်မိုးကတော့ မြန်မာပြည်နဲ့မြန်မာစာကို အရမ်းချစ်တဲ့ရုရှားသူလေးတစ်ယောက်ပဲဖြစ်ပါတယ်။ တက္ကသိုလ်မှာလည်း မြန်မာစာကို အဓိကမေဂျာအနေနဲ့သင်ယူလေ့လာခဲ့ပြီး လက်ရှိမော်စကိုတက္ကသိုလ်မှာ မြန်မာစာကိုသင်ကြားပေးနေသူတစ်ယောက်ပါ။ မြန်မာစာအပေါ်စွဲလမ်းရူးသွပ်သူတစ်ယောက်ဖြစ်ပြီး မြန်မာစကားတစ်ရက်မပြောရရင်တောင် မနေနိုင်သူလေးတစ်ယောက်ဖြစ်ပါတယ်။



သူဟာ လွန်ခဲ့တဲ့ဆယ်နှစ်အကြာ (၂၀၀၉)ခုနှစ်က မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်လာရောက်လည်ပတ်ခဲ့ပြီး (၃)လနီးပါးနေထိုင်ခဲ့တာဖြစ်ပါတယ်။ သူဟာအဲ့ဒီအခေါက်မှာ ရန်ကုန်၊ပဲခူး၊ ပုဂံ၊ ပုပ္ပါး၊ ငပလီတို့ရောက်ခဲ့ပြီး ရန်ကုန်ကိုပထမဆုံးလာရောက်ရတုန်းက ခံစားချက်ကိုလည်း အခုလိုရေးသားခဲ့ပါတယ်။ “ ရန်ကုန်လေဆိပ်ကနေ ထွက်ထွက်ချင်းရခဲ့တဲ့ ခံစားချက်ကို အခုချိန်ထိသေချာမှတ်မိပါတယ်။ ပုံပြင်တစ်ခုခုကို ရောက်သွားသလိုပဲ၊ ရုရှားနိုင်ငံရဲ့ဆောင်းရာသီ နှင်းတွေကျနေတဲ့ကာလမှာ လေယာဉ်ပေါ်တက်ခဲ့တယ်။ ရန်ကုန်ကိုရောက်တော့ ရာသီဥတုပူပြီး နေသာနေပါတယ်။ လမ်းပေါ်မှာ ဘောင်းဘီအတိုအစိမ်းရောင်နဲ့ ကလေးလေးတွေက ထမင်းချိုင့်ကိုင်ပြီး လမ်းလျှောက်နေတာကို တွေ့ခဲ့တယ်” လို့ သူ့ရဲ့ပထမဆုံးမြန်မာပြည်နဲ့ ပတ်သက်တဲ့အတွေ့အကြုံကို ရေးသားခဲ့တာဖြစ်ပါတယ်။



အခုလာမယ့် (၂၀၂၀)ခုနှစ်၊ဇန်နဝါရီလမှာတော့ မြန်မာနိုင်ငံကို ဒုတိယအကြိမ်လာရောက်လည်ပတ်မှာဖြစ်ပြီး ဗီဇာ(၂၈)ရက်သာရရှိတယ်လို့ဆိုပါတယ်။ (၁၀)နှစ်တိတိကြာပြီးနောက်မှာ “မြန်မာနိုင်ငံကြီးပြောင်းလဲသွားပြီလား။ ကျွန်မကိုယ်တိုင်တော့ပြောင်းလဲသွားပြီ၊ ကျွန်မနဲ့မြန်မာနိုင်ငံကြီးရဲ့ဒုတိယအကြိမ်တွေ့ဆုံမှုက ဘယ်လိုဖြစ်မလဲ လူသစ်စိတ်သစ်နဲ့ (၂၀၂၀) နှစ်သစ်ဇန်နဝါရီလမှာ မြန်မာနိုင်ငံကိုသွားလည်ဖို့ စီစဉ်ထားပါတယ်။ ဘယ်လိုလဲ။ကြိုဆိုကြမှာလား” လို့သူ့ရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာရေးသားခဲ့တာဖြစ်ပါတယ်။

share from :burmese.asia

Previous
Next Post »
Powered by Blogger.