Zawgyi ျဖင့္ဖတ္ရန္
သိပၸံပညာရွင္ေတြက ေန႔စဥ္ပလပ္စတစ္မီးဖိုေခ်ာင္သုံးပစၥည္းေတြျဖစ္တဲ့ ဇြန္းေတြ၊ ေယာက္မေတြနဲ႔ ခေလာက္တံေတြဟာ သင့္ရဲ႕အသည္းနဲ႔ သိုင္း႐ြိဳက္ကို ပ်က္စီးေစႏိုင္တယ္လို႔ဆိုပါတယ္။ က်ဳံ႕ႏိုင္ဆံ့ႏိုင္တဲ့ ပလပ္စတစ္ပစၥည္းကိရိယာေတြဟာ အဆိပ္သင့္ေစတဲ့ ေဘးထြက္ဆိုးက်ိဳးေတြကိုထုတ္လုပ္ေပးတဲ့အတြက္ ျမင့္မားတဲ့အပူခ်ိန္မွာအသုံးျပဳတာနဲ႔တၿပိဳင္နက္ အစားအစာထဲကို ေရာက္ရွိသြားၿပီး အဆိပ္ျဖစ္ႏိုင္ပါတယ္။
Oligomers လို႔ေခၚတဲ့ အဆိပ္အေတာက္ျဖစ္ေစတဲ့ေဘးထြက္ပစၥည္းေတြဟာ ပလပ္စတစ္ထုတ္လုပ္တဲ့အခါမွာ မရည္႐ြယ္ဘဲ ပါ၀င္ေနတတ္ပါတယ္။ သူတို႔ဟာေသးငယ္တဲ့အတြက္ လူေတြကမသိဘဲ မ်ိဳခ်မိႏိုင္ပါတယ္။
ေဘးအႏၲရာယ္အကဲျဖတ္မႈဆိုင္ရာဂ်ာမန္ဖက္ဒရယ္အင္စတီက်ဳ(BFR) မွသိပၸံပညာရွင္ေတြက က်ံဳ႕ႏိုင္ဆံ့ႏိုင္တဲ့ပလပ္စတစ္ ပစၥည္းေတြကိုအသုံးျပဳၿပီးခ်က္ျပဳတ္တဲ့အခါ အထူးသျဖင့္ ရ၀ ဒီဂရီစင္တီဂရိတ္အပူခ်ိန္မွာခ်က္ျပဳတ္ရင္ ထိုပစၥည္းေတြနဲ႔ အစားအစာ တတ္ႏိုင္သမွ်ထိေတြ႕မႈအနည္းဆုံးျဖစ္ေစဖို႔ လူထုေတြကို သတိေပးထားပါတယ္။
အစားအစာ၊ ဓာတုပစၥည္းနဲ႔ ထုတ္ကုန္ေဘးကင္းလုံၿခံဳေရးဆိုင္ရာအစိုးရကိုအႀကံေပးေသာ ပုဂၢလိကအဖြဲ႕ျဖစ္သည့္ BFR က PA6 ႏွင့္ PA6,6 အပါအဝင္ မီးဖိုေခ်ာင္ပစၥည္းမ်ားျပဳလုပ္ရာတြင္ အဓိကအသုံးျပဳေသာ ေမာ္လီက်ဴး ၂ ခုမွ oligomers မ်ားကို ေလ့လာခဲ့ပါတယ္။
၂၀၁၆ ခုႏွစ္နဲ႔ ၂၀၁၇ ခုႏွစ္အၾကားျပဳလုပ္ခဲ့တဲ့ ေလ့လာမႈတစ္ခုမွအခ်က္အလက္ေတြကိုယူၿပီး သိပၸံပညာရွင္ေတြဟာ ပလပ္စတစ္ဇြန္းနဲ႔ေယာက္မေတြကမွတစ္ဆင့္ PA oligomers မ်ား အစားအစာထဲကို ဘယ္လိုေရာက္ရွိသြားသလဲဆိုတာနဲ႔ က်န္းမာေရးအေပၚသက္ေရာက္မႈရွိပုံေတြကို ေလ့လာခဲ့ၾကပါတယ္။ ေလာ့လာေတြ႕ရွိခ်က္အရ မီးဖိုေခ်ာင္သုံးပစၥည္းကိရိယာမ်ားမွ အစားအစာေတြထဲကို ေရာက္ရွိသြားတဲ့ PA oligomer ပမာဏာဟာ အရင္က ထင္ထားတာထက္ကို အမ်ားႀကီး ပိုျမင့္မားတယ္လို႔ ဆိုပါတယ္။
လူႀကီးတစ္ဦးဟာ ၄င္းပလပ္စတစ္မီးဖိုေခ်ာင္သုံးပစၥည္းထိေတြ႕ထားတဲ့ အစားအေသာက္ကို ေန႔တိုင္းတစ္ကီလိုဂရမ္စား သုံးတယ္လို႔ယူဆရေၾကာင္း ဥေရာပ ပလပ္စတစ္ကြပ္ကဲေရးအဖြဲ႕က ေျပာၾကားပါတယ္။
ရရွိတဲ့အခ်က္အလက္ေတြအေပၚအေျခခံ ၿပီး အစားအစာတစ္ကီလိုဂရမ္မွာ ေဖာ္ျပပါ ဓာတ္ေပါင္းေတြ အစုလိုက္ဝင္ေရာက္မႈဟာ ၅မိုက္က႐ိုဂရမ္ရွိခဲ့ရင္ အဆိပ္ျဖစ္ေစႏိုင္တဲ့ပမာဏအျဖစ္ သတ္မွတ္ပါတယ္။
ေလ့လာမႈအရ မီးဖိုေခ်ာင္သုံးပစၥည္းေတြရဲ႕ ရ၀%ေလာက္မွာ PA oligomers အစုလိုက္ ၀င္ေရာက္မႈဟာ အစားအစာတစ္ကီလိုမွာ ၅မိုက္က႐ိုဂရမ္ေအာက္ကို ေလ်ာ့နည္းေပမယ့္လည္း က်န္ ၃၀%ေလာက္မွာေတာ့ အစားအစာေတြထဲကို ၅မိုက္က႐ိုဂရမ္ထက္ပိုၿပီး ၀င္ေရာက္သြားတာကို ေတြ႕ရွိရတယ္လို႔ ဆိုပါတာယ္။
ေလ့လာသူတစ္ဦးရဲ႕ေျပာၾကားခ်က္အရ oligomers ပါ၀င္မႈျမင့္မားျခင္းဟာ ဇီဝျဖစ္ပ်က္မႈေၾကာင့္ျဖစ္တဲ့ အသည္းနဲ႔ သိုင္း႐ြိဳက္ကို ဆိုးက်ိဳးျဖစ္ေပၚေစတယ္လို႔ဆိုပါတယ္။ အစားအေသာက္နဲ႔ မီးဖိုေခ်ာင္အသုံးအေဆာင္ထုတ္လုပ္သူေတြဟာ ဥေရာပစားနပ္ရိကၡာလုံၿခံဳမႈဆိုင္ရာအာဏာပိုင္အဖြဲ႕အစည္း (EFSA)ရဲ႕သတ္မွတ္ခ်က္ေတြနဲ႔အညီ အၿပီးသတ္ အကဲျဖတ္မႈ လုပ္ေဆာင္ႏိုင္ရန္အတြက္ အဆိပ္အေတာက္ျဖစ္ေစတဲ့အခ်က္အလက္ေတြစုေဆာင္းဖို႔လိုအပ္တယ္လို႔ သိပၸံရွင္ေတြက အႀကံျပဳခဲ့ပါတယ္။
Writer_Aung Moe ( XYZ NEWS )
Unicode ဖြင့်ဖတ်ရန်
သိပ္ပံပညာရှင်တွေသတိပေးလိုက်တဲ့ ပလပ်စတစ်မီးဖိုချောင်သုံး ပစ္စည်းများ၏ အန္တရာယ်
သိပ္ပံပညာရှင်တွေက နေ့စဉ်ပလပ်စတစ်မီးဖိုချောင်သုံးပစ္စည်းတွေဖြစ်တဲ့ ဇွန်းတွေ၊ ယောက်မတွေနဲ့ ခလောက်တံတွေဟာ သင့်ရဲ့အသည်းနဲ့ သိုင်းရွိုက်ကို ပျက်စီးစေနိုင်တယ်လို့ဆိုပါတယ်။ ကျုံ့နိုင်ဆံ့နိုင်တဲ့ ပလပ်စတစ်ပစ္စည်းကိရိယာတွေဟာ အဆိပ်သင့်စေတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုထုတ်လုပ်ပေးတဲ့အတွက် မြင့်မားတဲ့အပူချိန်မှာအသုံးပြုတာနဲ့တပြိုင်နက် အစားအစာထဲကို ရောက်ရှိသွားပြီး အဆိပ်ဖြစ်နိုင်ပါတယ်။
Oligomers လို့ခေါ်တဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ဘေးထွက်ပစ္စည်းတွေဟာ ပလပ်စတစ်ထုတ်လုပ်တဲ့အခါမှာ မရည်ရွယ်ဘဲ ပါဝင်နေတတ်ပါတယ်။ သူတို့ဟာသေးငယ်တဲ့အတွက် လူတွေကမသိဘဲ မျိုချမိနိုင်ပါတယ်။
ဘေးအန္တရာယ်အကဲဖြတ်မှုဆိုင်ရာဂျာမန်ဖက်ဒရယ်အင်စတီကျု(BFR) မှသိပ္ပံပညာရှင်တွေက ကျုံ့နိုင်ဆံ့နိုင်တဲ့ပလပ်စတစ် ပစ္စည်းတွေကိုအသုံးပြုပြီးချက်ပြုတ်တဲ့အခါ အထူးသဖြင့် ရ၀ ဒီဂရီစင်တီဂရိတ်အပူချိန်မှာချက်ပြုတ်ရင် ထိုပစ္စည်းတွေနဲ့ အစားအစာ တတ်နိုင်သမျှထိတွေ့မှုအနည်းဆုံးဖြစ်စေဖို့ လူထုတွေကို သတိပေးထားပါတယ်။
အစားအစာ၊ ဓာတုပစ္စည်းနဲ့ ထုတ်ကုန်ဘေးကင်းလုံခြုံရေးဆိုင်ရာအစိုးရကိုအကြံပေးသော ပုဂ္ဂလိကအဖွဲ့ဖြစ်သည့် BFR က PA6 နှင့် PA6,6 အပါအဝင် မီးဖိုချောင်ပစ္စည်းများပြုလုပ်ရာတွင် အဓိကအသုံးပြုသော မော်လီကျူး ၂ ခုမှ oligomers များကို လေ့လာခဲ့ပါတယ်။
၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်အကြားပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုမှအချက်အလက်တွေကိုယူပြီး သိပ္ပံပညာရှင်တွေဟာ ပလပ်စတစ်ဇွန်းနဲ့ယောက်မတွေကမှတစ်ဆင့် PA oligomers များ အစားအစာထဲကို ဘယ်လိုရောက်ရှိသွားသလဲဆိုတာနဲ့ ကျန်းမာရေးအပေါ်သက်ရောက်မှုရှိပုံတွေကို လေ့လာခဲ့ကြပါတယ်။ လော့လာတွေ့ရှိချက်အရ မီးဖိုချောင်သုံးပစ္စည်းကိရိယာများမှ အစားအစာတွေထဲကို ရောက်ရှိသွားတဲ့ PA oligomer ပမာဏာဟာ အရင်က ထင်ထားတာထက်ကို အများကြီး ပိုမြင့်မားတယ်လို့ ဆိုပါတယ်။
လူကြီးတစ်ဦးဟာ ၎င်းပလပ်စတစ်မီးဖိုချောင်သုံးပစ္စည်းထိတွေ့ထားတဲ့ အစားအသောက်ကို နေ့တိုင်းတစ်ကီလိုဂရမ်စား သုံးတယ်လို့ယူဆရကြောင်း ဥရောပ ပလပ်စတစ်ကွပ်ကဲရေးအဖွဲ့က ပြောကြားပါတယ်။
ရရှိတဲ့အချက်အလက်တွေအပေါ်အခြေခံ ပြီး အစားအစာတစ်ကီလိုဂရမ်မှာ ဖော်ပြပါ ဓာတ်ပေါင်းတွေ အစုလိုက်ဝင်ရောက်မှုဟာ ၅မိုက်ကရိုဂရမ်ရှိခဲ့ရင် အဆိပ်ဖြစ်စေနိုင်တဲ့ပမာဏအဖြစ် သတ်မှတ်ပါတယ်။
လေ့လာမှုအရ မီးဖိုချောင်သုံးပစ္စည်းတွေရဲ့ ရဝ%လောက်မှာ PA oligomers အစုလိုက် ဝင်ရောက်မှုဟာ အစားအစာတစ်ကီလိုမှာ ၅မိုက်ကရိုဂရမ်အောက်ကို လျော့နည်းပေမယ့်လည်း ကျန် ၃၀%လောက်မှာတော့ အစားအစာတွေထဲကို ၅မိုက်ကရိုဂရမ်ထက်ပိုပြီး ဝင်ရောက်သွားတာကို တွေ့ရှိရတယ်လို့ ဆိုပါတာယ်။
လေ့လာသူတစ်ဦးရဲ့ပြောကြားချက်အရ oligomers ပါဝင်မှုမြင့်မားခြင်းဟာ ဇီဝဖြစ်ပျက်မှုကြောင့်ဖြစ်တဲ့ အသည်းနဲ့ သိုင်းရွိုက်ကို ဆိုးကျိုးဖြစ်ပေါ်စေတယ်လို့ဆိုပါတယ်။ အစားအသောက်နဲ့ မီးဖိုချောင်အသုံးအဆောင်ထုတ်လုပ်သူတွေဟာ ဥရောပစားနပ်ရိက္ခာလုံခြုံမှုဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း (EFSA)ရဲ့သတ်မှတ်ချက်တွေနဲ့အညီ အပြီးသတ် အကဲဖြတ်မှု လုပ်ဆောင်နိုင်ရန်အတွက် အဆိပ်အတောက်ဖြစ်စေတဲ့အချက်အလက်တွေစုဆောင်းဖို့လိုအပ်တယ်လို့ သိပ္ပံရှင်တွေက အကြံပြုခဲ့ပါတယ်။
Writer_Aung Moe ( XYZ NEWS )
Sign up here with your email
ConversionConversion EmoticonEmoticon