Hot Pot စားရာကေန ဦးေႏွာက္ထဲအထိ သန္ေကာင္ေတြ ဝင္ေရာက္ျခင္း ခံခဲ့ရသူ


Zawgyiျဖင့္ဖတ္ရန္

က်က္ေအာင္ ခ်က္ျပဳတ္စားေသာက္သင့္တဲ့ အစားအစာေတြကို မက်က္တက်က္ စားေသာက္တဲ့အခါမွာ ကိုယ္ထင္မွတ္မထားတဲ့ ေဘးထြက္ဆုိးက်ိဳးေတြလည္း ရွိလာႏုိင္ပါတယ္။ ေတာထဲေတာင္ထဲ ေရာက္တဲ့အခါ ေတြ႕ကရာေရကုိ ဒီအတုိင္းေသာက္တာထက္ ပုိၿပီးစိတ္ခ်ရေအာင္ ပြက္ပြက္ဆူေအာင္ ႀကိဳၿပီးမွ ေသာက္သင့္ပါတယ္။

ၿပီးခဲ့တဲ့ လပုိင္းေလာက္တုန္းက တရုတ္ႏုိင္ငံက လူတစ္ေယာက္ဟာ စမ္းေခ်ာင္းေရကုိ မက်ိဳမခ်က္ပဲ ေသာက္ခဲ့မိရာက၊ အာေခါင္ထဲမွာ ေမွ်ာ့တြယ္ၿပီး ပါလာခဲ့ပါတယ္။ ေမွ်ာ့က ဥေတြေတာင္ အာေခါင္ထဲမွာ ဥထားပါသတဲ့။ အခုလည္း ဒီလုိပါဘဲ အသားေတြကို မက်က္တစ္က်က္ စားသုံးျခင္းေၾကာင့္ လူတစ္ေယာက္ ဒုကၡေရာက္ခဲ့ပါေတာ့တယ္။

တ႐ုတ္ေဒသခံသတင္းေတြအရ အသက္(၄၆)ႏွစ္အရြယ္ အမ်ိဳးသားတစ္ေယာက္ဟာ Epilepsy လုိ႔ေခၚတဲ့ ဝက္႐ူးျပန္ေရာဂါ ျဖစ္ခဲ့ရပါတယ္။ သူဟာ ေဟာ့ေပါ့ခ်က္ျပဳတ္ စားေသာက္စဥ္မွာ ဝက္လက္နဲ႔ ဝက္သားေတြကို က်က္ေအာင္မခ်က္ဘဲ စားခဲ့လုိ႔ပါ။ သူဟာ ေဒါက္တာေတြဆီကုိ သြားေရာက္ျပသခဲ့ပါတယ္။

ေသခ်ာစစ္ေဆးၾကည္လုိက္တဲ့အခ်ိန္မွာ သူရဲ႕ဦးေႏွာက္ထဲမွာ သန္ေကာင္ကပ္ပါး တစ္ေကာင္ေရာက္ရွိေနၿပီး၊ ဒီကပ္ပါးဟာ အသားစိမ္းေတြမွာ အေတြ႕ရမ်ားတယ္လုိ႔ ေဒါက္တာေတြက အတည္ျပဴခဲ့ပါတယ္။ အဲဒီအမ်ိဳးသားဟာ ဦးေႏွာက္ေသြးျပန္ေၾကာတစ္ခုထဲမွာ အရာဝတၳဳတစ္ခု ပိတ္ဆုိ႔သလုိ ျဖစ္ေနလုိ႔ Intracranial calcification ဆုိတဲ့အေျခအေနကုိ ခံစားေနရတာပါ။

သူဟာ ေနရထုိင္ရ သက္သာလာတဲ့အတြက္ ေနာက္ထပ္ စမ္းသပ္မႈေတြ ျပဳလုပ္မွာကိုမလုိေတာ့ေၾကာင္း ေျပာၿပီး ေဆးရုံက ျပန္သြားပါတယ္။ ေနာက္ရက္အနည္းငယ္အၾကာမွာ သူ ျပန္ေရာက္လာပါတယ္။ သူဟာ ညဘက္ဆုိ ဝက္႐ူးျပန္ေၾကာင္း ေဒါက္တာေတြကို ဖြင့္ဟခဲ့တာပါ။ MRI Scan နဲ႔ စစ္ေဆးၾကည့္ရာ၊ သူရဲဲ႕ဦးေႏွာက္ဟာ ဆုိးရြားလွတဲ့ Parasitic infection ကို ခံစားေနရပါၿပီ။

အသားကပါလာတဲ့ သန္ျပားေကာင္ဟာ အစာေျခစနစ္က ဦးေႏွာက္ထဲထိ ေရာက္သြားခဲ့တာလုိ႔ ေဒါက္တာေတြက ေျပာပါတယ္။ သူဟာ ဒီမတုိင္ခင္က မာလာေဟာ့ေပါ့ စားခဲ့ေၾကာင္း ဆုိပါတယ္။ မာလာအႏွစ္ရဲ႕အေရာင္ေၾကာင့္ တစ္ခ်ိဳ႕အသားေတြဟာ က်က္တယ္လုိ႔ ထင္ျမင္ေစတယ္လုိ႔ ေဒါက္တာေတြက ေျပာပါတယ္။

ဒီလူနာကို ဘယ္လုိပုံစံနဲ႔ ကုသလုိ္သလဲဆုိတာ အေသးစိတ္ ေဖာ္ျပမထားေပမယ့္ ေဒါက္တာေတြရဲ႕အဆုိအရ သန္ျပားေကာင္ေတြဟာ ကၽြန္ေတာ္တုိ႔ အစာေခ်စနစ္ထဲမွာ ေကာင္းစြာေပါက္ပြားႏုိင္ေၾကာင္း၊ ခႏၶာကိုယ္အႏွံ႔အျပားကို လွည့္လည္သြားလာႏုိင္ၿပီး၊ ဦးေႏွာက္ထဲမွာ အမ်ားဆုံး ေတြ႕ရတတ္တယ္လုိ႔ သတိေပးခဲ့ပါတယ္။

လင္းသုတ

Credit:shwemom

Unicodeဖြင့်ဖတ်ရန်

Hot Pot စားရာကနေ ဦးနှောက်ထဲအထိ သန်ကောင်တွေ ဝင်ရောက်ခြင်း ခံခဲ့ရသူ

ကျက်အောင် ချက်ပြုတ်စားသောက်သင့်တဲ့ အစားအစာတွေကို မကျက်တကျက် စားသောက်တဲ့အခါမှာ ကိုယ်ထင်မှတ်မထားတဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း ရှိလာနိုင်ပါတယ်။ တောထဲတောင်ထဲ ရောက်တဲ့အခါ တွေ့ကရာရေကို ဒီအတိုင်းသောက်တာထက် ပိုပြီးစိတ်ချရအောင် ပွက်ပွက်ဆူအောင် ကြိုပြီးမှ သောက်သင့်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းလောက်တုန်းက တရုတ်နိုင်ငံက လူတစ်ယောက်ဟာ စမ်းချောင်းရေကို မကျိုမချက်ပဲ သောက်ခဲ့မိရာက၊ အာခေါင်ထဲမှာ မျှော့တွယ်ပြီး ပါလာခဲ့ပါတယ်။ မျှော့က ဥတွေတောင် အာခေါင်ထဲမှာ ဥထားပါသတဲ့။ အခုလည်း ဒီလိုပါဘဲ အသားတွေကို မကျက်တစ်ကျက် စားသုံးခြင်းကြောင့် လူတစ်ယောက် ဒုက္ခရောက်ခဲ့ပါတော့တယ်။

တရုတ်ဒေသခံသတင်းတွေအရ အသက်(၄၆)နှစ်အရွယ် အမျိုးသားတစ်ယောက်ဟာ Epilepsy လို့ခေါ်တဲ့ ဝက်ရူးပြန်ရောဂါ ဖြစ်ခဲ့ရပါတယ်။ သူဟာ ဟော့ပေါ့ချက်ပြုတ် စားသောက်စဉ်မှာ ဝက်လက်နဲ့ ဝက်သားတွေကို ကျက်အောင်မချက်ဘဲ စားခဲ့လို့ပါ။ သူဟာ ဒေါက်တာတွေဆီကို သွားရောက်ပြသခဲ့ပါတယ်။

သေချာစစ်ဆေးကြည်လိုက်တဲ့အချိန်မှာ သူရဲ့ဦးနှောက်ထဲမှာ သန်ကောင်ကပ်ပါး တစ်ကောင်ရောက်ရှိနေပြီး၊ ဒီကပ်ပါးဟာ အသားစိမ်းတွေမှာ အတွေ့ရများတယ်လို့ ဒေါက်တာတွေက အတည်ပြူခဲ့ပါတယ်။ အဲဒီအမျိုးသားဟာ ဦးနှောက်သွေးပြန်ကြောတစ်ခုထဲမှာ အရာဝတ္ထုတစ်ခု ပိတ်ဆို့သလို ဖြစ်နေလို့ Intracranial calcification ဆိုတဲ့အခြေအနေကို ခံစားနေရတာပါ။

သူဟာ နေရထိုင်ရ သက်သာလာတဲ့အတွက် နောက်ထပ် စမ်းသပ်မှုတွေ ပြုလုပ်မှာကိုမလိုတော့ကြောင်း ပြောပြီး ဆေးရုံက ပြန်သွားပါတယ်။ နောက်ရက်အနည်းငယ်အကြာမှာ သူ ပြန်ရောက်လာပါတယ်။ သူဟာ ညဘက်ဆို ဝက်ရူးပြန်ကြောင်း ဒေါက်တာတွေကို ဖွင့်ဟခဲ့တာပါ။ MRI Scan နဲ့ စစ်ဆေးကြည့်ရာ၊ သူရဲ့ဦးနှောက်ဟာ ဆိုးရွားလှတဲ့ Parasitic infection ကို ခံစားနေရပါပြီ။

အသားကပါလာတဲ့ သန်ပြားကောင်ဟာ အစာခြေစနစ်က ဦးနှောက်ထဲထိ ရောက်သွားခဲ့တာလို့ ဒေါက်တာတွေက ပြောပါတယ်။ သူဟာ ဒီမတိုင်ခင်က မာလာဟော့ပေါ့ စားခဲ့ကြောင်း ဆိုပါတယ်။ မာလာအနှစ်ရဲ့အရောင်ကြောင့် တစ်ချို့အသားတွေဟာ ကျက်တယ်လို့ ထင်မြင်စေတယ်လို့ ဒေါက်တာတွေက ပြောပါတယ်။

ဒီလူနာကို ဘယ်လိုပုံစံနဲ့ ကုသလိုသလဲဆိုတာ အသေးစိတ် ဖော်ပြမထားပေမယ့် ဒေါက်တာတွေရဲ့အဆိုအရ သန်ပြားကောင်တွေဟာ ကျွန်တော်တို့ အစာချေစနစ်ထဲမှာ ကောင်းစွာပေါက်ပွားနိုင်ကြောင်း၊ ခန္ဓာကိုယ်အနှံ့အပြားကို လှည့်လည်သွားလာနိုင်ပြီး၊ ဦးနှောက်ထဲမှာ အများဆုံး တွေ့ရတတ်တယ်လို့ သတိပေးခဲ့ပါတယ်။

လင်းသုတ

Credit:shwemom
Previous
Next Post »
Powered by Blogger.