ပယင္း အစစ္ရထားတတ္လွ်င္ ဒီလို အစြမ္းေတြရွိပါသတဲ့




Zawgyi ျဖင့္ဖတ္ရန္

တန္ဖိုးႀကီးလွတဲ့ ပယင္း ျဖစ္ေပၚလာပုံ ႏွင့္ လူေတြမသိေသးေသာ ပယင္း၏ က်န္းမာေရးအစြမ္းမ်ား

လူေတြမသိေသးေသာ ပယင္း=Amber၏အစြမ္းမ်ား….

ပယင္းကသစ္ပင္ကျဖစ္တဲ့ေက်ာက္ျဖစ္႐ုပ္ႂကြင္း၁မ်ိဳးပါ…

သစ္ပင္ရဲ႕အဆီအႏွစ္ျဖစ္တဲ့သစ္ေစးကေနျဖစ္တည္အတြက္..

သဘာဝကေပးတဲ့ထူးျခားျဖစ္စဥ္ထဲက ၁ခုအပါဝင္ျဖစ္ပါတယ္….

တန္းဖိုးထားရာ ရတနာ ( ၉ )ပါးထဲမွာလဲတစ္ပါးအပါဝင္ျဖစ္ပါတယ္…

ပယင္းမွာ အဖိုးတန္ရတနာမ်ားကဲ့သို႔ ရွားပါးမႈ ျဖစ္တည္မႈ သန္႔ရွင္းမႈအစရွိသည္မ်ားႏွင့္ျပည့္စုံေနေသာရတနာ၁ပါးလဲျဖစ္ပါတယ္။

လြန္ခဲ့ေသာႏွစ္သန္းေပါင္း၁၂၀ခန္႔က အဖိုးတန္သက္ရွိမ်ားသိုမွီးရာ ျပတိုက္၁ခုလဲျဖစ္ပါတယ္…

ကမာၻႀကီး၏ျဖစ္ပ်က္ေျပာင္းလဲမႈျဖစ္စဥ္အမ်ားျပားကို သက္ေသျပႏိုင္တဲ့ ၁ခုတည္းေသာ အဖိုးတန္ရတနာ၁မ်ိဳးဘဲျဖစ္ပါတယ္…

ထူးျခားျဖစ္စဥ္မ်ားႏွင့္ ဂမၻီရဆန္ေသာအျဖစ္ပ်က္မ်ားစြာ ယေန႔တိုင္ျဖစ္ေပၚေနတဲ့ရတနာျဖစ္မ်ိဳးလဲျဖစ္ပါတယ္…

ထူးျခားျဖစ္စဥ္မ်ားမွာသက္ရွိ၁ေကာင္ကို… ႏွစ္ေပါင္းသန္း၁၂၀မပုပ္သိုးေအာင္ထိန္းသိမ္းႏိုင္တဲ့ ဂုဏ္သတၱိလဲရွိပါတယ္….

ယင္းျဖစ္စဥ္ကိိုၾကည့္ျခင္းအားျဖင့္ ပယင္းဝတ္ဆင္တဲ့သူအေပါင္းကို အ႐ြယ္တင္ႏုပ်ိဳေစပါတယ္…

သိပၸံနည္းျဖင့္ေျပာရလွ်င္ Nano ဂုဏ္သတၱိကိုပိုင္ဆိုင္ပါတယ္…

သက္ေသအားျဖင့္ျပရလွ်င္ ပယင္းကိုကိုယ္တိုင္ေသြးေသာတူးေသာ

မိတ္ေဆြမ်ားထိခိုက္ရွနာရတဲ့အခါမွာ အလိုလို ခနအတြင္ျပန္ေကာင္းမြန္သြားသည္ သာဓကမ်ားလဲရွိပါတယ္…

ပယင္းကိုေသြး၍လိမ္လွ်င္ အေရျပားႏွင့္ပက္သက္သည့္ေရာဂါမွန္သမွ်ကိုအျမန္ဆုံးေပ်ာက္ကင္းေစပါတယ္…

(ဥပမာ…တင္းတိပ္..ဝက္ၿခံ…ေနေလာင္…အပူေလာင္..ထိခိုက္ရွနာ)အစရွိသျဖင့္..အျမန္ဆုံးသက္သာေပ်ာက္ကင္းေစပါတယ္….အသုံးျပဳပုံ

ဆြဲသီးကို မ်က္လုံးေပၚအုပ္ထားျခင္းျဖင့္ အပူကိုစုပ္ေစေသာေၾကာင့္မ်က္လုံးေအာင့္မ်က္လုံးနာမ်ားကိုသက္သာေစပါတယ္….

မိမိဝတ္ဆင္ထားေသာဆြဲသီးျဖင့္မိမိမ်က္နာျပင္ကိုပြတ္ေပးျခင္းအားျဖင့္ အသားရည္ကိုၾကည္လင္ေတာက္ပေစပါတယ္…..

ဒုတိယ အခ်က္ကေတာ့….သစ္ပင္ကျဖစ္ တဲ့ေက်ာက္ျဖစ္႐ုပ္ႂကြင္းျဖစ္တဲ့အတြက္ သစ္ပင္ရဲ႕သဘာဝကိုပိုင္ပါတယ္…

အဲ့သဘာဝကေတာ့…စုပ္ယူျခင္းဂုဏ္သတၱိပါ… သစ္ပင္ရဲ႕ သဘာဝက ဟိုက္ဒ႐ိုခ်င္ကိုစုပ္ယူၿပီး

သန္႔စင္တဲ့ ေအာက္စီဂ်င္ ကိုျပန္လည္ထုတ္ယူေပးပါတယ္.ထိုသဘာဝတရားေၾကာင့္ပဲ…သစ္ပင္ကျဖစ္တည္တဲ့

ပယင္းေက်ာက္ကလည္း လူခႏၶာကိုယ္အတြင္းမွာရွိတဲ့ အပူအပုပ္မ်ားကိုစုပ္ယူေပးတဲ့အတြက္…အသားေရကိုၾကည္လင္ေစပါတယ္….

တတိယအခ်က္ကေတာ… ေတေဇာဓတ္ပိုင္ဆိုးတဲ့ရတနာဟုသတ္မွတ္ရတဲ့အရတနာ၁မ်ိဳးပါ…

မည္မွ်ပင္ခ်မ္းေနပါေစ..လူ႔ခႏၶာကိုယ္နဲ႔တသားတည္းျဖစ္ေအာငိ အပူခ်ိန္ထိန္းညႇိေပးၿပီး ေႏြးေနလ်က္ရွိပါတယ္…

အေၾကာင္းရင္းမွာ…လွ်က္စစ္ဓတ္ထုတ္လႊတ္ေပးႏိုင္တဲ့… electron ဂုဏ္သတၱိရွိတဲ့အတြက္ေၾကာင့္ပါ…

ယင္းအာနိသင္အစြမ္းေၾကာင့္.လူခႏၶာကိုယ္အတြင္းမွာရွိတဲ့ ေသြးေၾကာမ်ားကို ေသြးစီးဆင္းမႈအားေကာင္းေအာင္လႈံေဆာ္ေပးတဲ့အတြက္…ေသြးအားေကာင္းေစပါတယ္..

ႏွလုံးေသြးေၾကာက်ဥ္းေရာဂါ…..အေမာမခံႏိုင္တဲ့ေရာဂါ…ကိုယ္ဝန္ေဆာင္မိခင္မ်ား…ဖုန္းနဲ႔ကြန္ပ်ဴတာအသုံးမ်ားသူမ်ား..ေသြးတိုး…ေသြးက်ေရာဂါ…ေလးဘက္နာ…အဆစ္ျမစ္ကိုက္ခဲေရာဂါ..

က်ီးေပါင္းေရာဂါ…အာ႐ုံေၾကာအားနဲတဲ့ေရာဂါ….ညအိပ္မေပ်ာ္သူမ်ားအတြက္အထူးသင့္ေလ်ာ္ၿပီးသိသာေပ်ာက္ကင္းေစပါတယ္….

အထက္ပၚေဖာ္ျပထားတဲ့ေရာဂါမ်ားနဲ႔ အထူးသင့္ေလ်ာ္တဲ့ဝတ္ဆင္ပုံမ်ားကေတာ့..

ႏွလုံးႏွင့္အနီးဆုံးေနရာ၌ထား၍ဝတ္ေပးျခင္းျဖင့္ ေသြးလႊတ္ေက်ာ ေသြးျပန္ေက်ာတို႔ကို လႈံေဆာ္ေပးၿပီးေသြးလည္ပတ္မႈကိုေကာင္းေစေသာေၾကာင့္ ႏွလုံးေသြးေက်ာက်ဥ္းေရာဂါႏွင့္အေမာမခံႏိုင္သူမ်ားအတြက္အထူး သင့္ေလ်ာ္ၿပီးသိသာေပ်ာက္ကင္းပါတယ္…

ႏွလုံးရွိရာဘယ္ဘက္ျဖစ္တဲ့ ဘယ္လက္မွာ ဝတ္ဆင္ျခင္းျဖင့္…

ကြန္ပ်ဴတာႏွင့္ဖုန္းအသုံးမ်ားသူမ်ားအတြက္ လူကိုထိခိုက္ေစတဲ့ waveမွကာကြယ္ေပးၿပီ…အဆစ္ျမစ္ကိုက္တာ… လက္ကိုက္တာအစရွိသည့္..virus ကိုကာကြယ္ေပးပါတယ္

(ကိုယ္ေတြ႕) ထို႔အျပင္…ကိုယ္ဝန္ေဆာင္မိခင္မ်ားအတြက္ေသြးလည္ပတ္မႈအားေကာင္းေစၿပီးဗိုက္ထဲရွိကေလးအားေအာက္စီဂ်င္ျပည့္ဝေစပါတယ္….ေသြးခုန္ႏူန္းထိန္းညႇိေပးတဲ့ေနရာျဖစ္တဲ့အတြက္ေသြးတိုးေသြးက်အတြက္အထူးသင့္ေလ်ာ္သက္သာေပ်ာက္ကင္းေစပါတယ္…

ေလးဘက္နာအဆစ္ျမစ္ကိုက္ခဲသူမ်ားအတြက္…အ႐ိုးနဲ႔ထိရာလက္သန္းႂကြယ္မွာလက္စြပ္ဝတ္ဆင္ျခင္းအားျဖင့္ အကိုက္ခဲမ်ားကို သက္သာေပ်ာက္ကင္းေစၿပီး…ညအိပ္ေပ်ာ္ေစပါတယ္…က်ီးေပါင္းေရာဂါႏွင့္ပက္သက္လာရင္ေတာ့…ကြၽန္ေတာ္ ရဲ႕မိခင္ကေတာ့သက္ေသပါပဲ..

ပယင္းေခါင္းအုန္းႏွင့္ပယင္းရတနာမ်ားကိုဝတ္ဆင္ၿပီးအခ်ိန္မွစ၍ သက္သာေပ်ာက္ကင္းလာေၾကာင္းတဖြဖြေျပာဆိုလာရမွ ကြၽန္ေတာ့အား ပယင္းလမ္းေၾကာင္းေပၚသို႔ေရာက္ရွိေစခဲ့ျခင္းျဖစ္ပါတယ္..

အဲ့ဒီတြက္လဲကြၽန္ေတာ့္ရဲ႕ေမေမအားဤေနရာမွက်းဇူးတင္ဂါဝရျပဳရင္းနိဂုံးခ်ဳပ္ပါတယ္ခဗ်ာ…SayarMyo

ပယင္း အေၾကာင္းသိေကာင္းစရာ နဲ႔ ပယင္းျဖစ္ေပၚလာပုံ အဆင့္ဆင့္ပါ ။

ပယင္း ( Amber ) အေၾကာင္း သိေကာင္းစရာ

ပယင္း သည္ လူသား တို႔၏ အဆင္တန္ဆာ အျဖစ္ အသုံးျပဳခဲ့ၾကေသာ ေက်ာက္မ်က္ရတနာ တန္းဝင္ ထဲမွ ေရွးအက်ဆုံး ရတနာထဲတြင္ ပါဝင္သည္။ ပယင္းပတီး ၊ ဆြဲျပား ၊ ဆြဲသီး မ်ားကို ဥေရာပေျမာက္ပိုင္းတြင္ ဘီစီ (၈၀၀၀) ေလာက္ကတည္းက အသုံးျပဳခဲ့ၾကေၾကာင္း ေတြရွိခဲ့ရသည္။

ပယင္း သည္ စင္စစ္ အားျဖင့္ ေက်ာက္ မဟုတ္ပါ။ အဆီထြက္ေသာ အပင္ တစ္မ်ိဳး (ထင္း႐ူးပင္ တစ္မ်ိဳး ဟု ဆို) ၏ အဆီ မွ ခဲ၍ ေက်ာက္သား သဖြယ္ ျဖစ္လာျခင္းျဖစ္သည္။ ရံဖန္ ရံခါ ပယင္း ထဲ၌ အင္းဆက္ ပိုးမႊားမ်ား ကို ပုံစံ မပ်က္ ေတြ႕ရွိရတတ္ပါသည္။

ႏွစ္သန္းေပါင္း အနည္းဆုံး ၂၅ သန္း မွ သန္း ၅၀ အတြင္း ၾကာခဲ့ၿပီး ေက်ာက္ျဖစ္လာခဲ့ေသာ သစ္ေစးမ်ိဳးျဖစ္သည္။ ရွားပါး အေနျဖင့္ ႏွစ္သန္း ၃၂၀ ရွိေသာ ပယင္း ကိုလည္း မွတ္တမ္းတင္ ထားၾကသည္။ ပယင္း ဟာ ေက်ာက္မ်က္ရတနာ ၉ပါး ထဲမွာ အေပါ့ပါးဆုံးျဖစ္ၿပီး မာျခင္း အဆင့္ (၂.၅) သာ ရွိကာ သိပ္သည္းဆ လည္း ၁.၀၇ သာ ရွိေသာေၾကာင့္ အပူခ်ိန္ ကို ခံႏိုင္ရည္ မရွိပဲ ေႂကြကြဲ ပ်က္ဆီးလြယ္ပါသည္။ မီးရႈိ လွ်င္ အလြယ္ တစ္ကူ ေလာင္ကြၽမ္းႏိုင္ပါသည္။

ပယင္း အစစ္ ဟာ အလင္းေပါက္ၿပီး ေပ့ါပါး တာေၾကာင့္ ဆားငံရည္ မွာ ေရေပၚေပၚေနႏိုင္ပါသည္ ။ အျခားေသာ ေက်ာက္မ်က္ ရတနာေတြ ျဖစ္တဲ့ ေက်ာက္စိမ္း တာကြိဳက္ဇ္ တို႔လို ေက်ာက္မ်က္ေတြဟာ အခန္း တြင္း အပူခ်ိန္ ထက္ အနည္းငယ္ ေအးေသာ ဂုဏ္သတၱိ ရွိေသာ္လည္း ပယင္း မွာ လူ႔ အေရျပားႏွင့္ ထိေတြ႕ ပါ က အနည္းငယ္ ပူေႏြးေနပါသည္။

အရက္ ရဲ႕ အေရာင္ျဖစ္တဲ့ ဝါေ႐ႊေ႐ႊ အၾကည္ေရာင္ ကို ပယင္းေရာင္ရယ္ လို႔ တင္စားၾကာတာ ၾကားဖူးၾကေပမယ့္ ပယင္း မွာ နီညိဳေရာင္ ၊ လိေမၼာ္ေရာင္ ၊ အစိမ္း ၊ ႏွင္းဆီေရာင္ ၊ အဝါေရာင္ ၊ ခရမ္းေရာင္ ၊ အျဖဴေရာင္အထိ ရွိၿပီး ရွားရွား ပါးပါး ခရမ္းျပာေရာင္ အထိ ေတြ႕ရတတ္ပါသည္။

ေဘာလ္တစ္ ပင္လယ္ ကမ္းေျခ တစ္ေလွ်ာက္မွာ ေပ့ါပါးေသာ ပယင္းေတြကို ပင္လယ္ေရလႈိင္းမ်ားႏွင့္ ကမ္းေျခ ကိုေရာက္ရွိ လာတတ္ကာ ကမ္းစပ္ တစ္ေလ်ာက္မွာ၎ ေရတိမ္ပိုင္း မွာ ေရငုတ္ၿပီး အလြယ္ ရွာေတြ႕ႏိုင္ သည္။ ကမ္းေျခ တစ္ေလွ်ာက္ ပုံစံ အမ်ိဳးစုံ အေရာင္ မ်ိဳးစုံႏွင့္ ပယင္း မ်ားကို အမ်ား အျပားေတြ႕ ရတတ္ ၿပီး အျပာေရာင္ ပယင္း ကို အထူး အေရာင္းအဝယ္လုပ္ၾကေသာ္လည္း ၎ အျပာေရာင္မွာ ေဘာလ္တစ္ေဒသ ထြက္ မဟုတ္ဘဲ ဒိုမီနီကႏ္ု က ထြက္ေသာ ပယင္းျဖစ္သည္။

ျမန္မာႏိုင္ငံတြင္ ကခ်င္ျပည္နယ္ ဟူးေကာင္း ေတာင္ၾကား တႏိူင္းနယ္ ႏွင့္ စစ္ကိုင္းတိုင္း ခႏၲိၤးနယ္ တို႔တြင္ ထြက္ ရွိသည္။ ျမန္မာ အျပင္ ပယင္းထြက္ ရွိေသာ အျခားႏိုင္ငံမ်ားမွာ ပိုလန္ ႐ိုေမးနီးယား ကေနဒါႏွင့္ အေမရိကန္ တို႔ ျဖစ္သည္။

ျမန္မာျပည္တြင္ ထြက္ရွိေသာ ပယင္း မွာ အရည္အေသြးေကာင္းပါက တစ္က်ပ္သားလွ်င္ တစ္သိန္း အထိ ေဈး ရႏိုင္ၿပီး အထက္တြင္ ေဖာ္ျပ သကဲ့သို႔ သစ္ကိုင္း မ်ား အေကာင္ပေလာင္ မ်ား ပါဝင္ ပါက ေဈးပိုရေၾကာင္း သိရသည္။

တစ္ခ်ိဳ႕ ကို က်ပ္သိန္း ၅၀ အထိ ေပးေၾကာင္းသိရသည္။ ေ႐ႊေရာင္ ပယင္းမွာ ေဈးကြက္ အတြင္း လူႀကိဳက္မ်ား ၿပီး တိုင္းရင္းသား အခ်ိဳ႕ မွာ ပယင္း ကို ဝတ္ဆင္ေလ့ ရွိၾကပါသည္။ တ႐ုတ္လူမ်ိဴးမ်ား ဟာ ေသြးလည္ ပတ္ မႈ ေကာင္းေစရန္ ၎ ကံေကာင္းေစရန္ ၎ ပယင္း ကို အေဆာင္ေက်ာက္ အျဖစ္ ဝတ္ဆင္ၾကသည္။

ပြဲလမ္း သဘင္မ်ားတြင္ ခ်မ္းသာ ႂကြယ္ဝသူမ်ားက ဂုဏ္သိကၡာ တစ္ရပ္ အျဖစ္ ပယင္း ကို မီးရႈိတတ္ၾက သည္။ ျမန္မာႏိုင္ငံ ၏ အဓိက ဝယ္လက္ မွာ တ႐ုတ္ ထိုင္းႏွင့္ တိဘက္ ႏိုင္ငံတို႔ျဖစ္သည္။

သစ္ပင္ ရဲ႕ အေစး ကေန ျဖစ္လာတဲ့ ပယင္း ထဲမွာ ပယင္း မျဖစ္ခင္ သစ္ေစး အေျခအေန မွာ မေတာ္တဆ လာေရာက္ ကပ္ၿငိေနေသာ သစ္ပင္ ရဲ႕ အစအနမ်ား သစ္႐ြက္ ပ်ား လိပ္ျပာ ပု႐ြက္ဆိတ္ ပိတုန္း စေသာ အေကာင္းငယ္မ်ား မွာ ႐ုန္းထြက္ မရေတာ့ပဲ သစ္ေစးမ်ားႏွင့္ အတူ ႏွစ္ သန္းေပါင္းမ်ားစြာ ၾကာေသာအခါ ပယင္းထဲတြင္ ႐ုပ္ႂကြင္း အျဖစ္ ပါဝင္ေနတတ္ပါသည္။

ေရွးေရာမ ကြၽန္ေခတ္တြင္ ပယင္း လည္ဆြဲ ခပ္ေသးေသး ကို က်န္းမာ သန္စြမ္း တဲ့ ကြၽန္ တစ္ေယာက္ထက္ ေဈးပိုေပးၿပီး အေဆာင္ အျဖစ္ ဝတ္ဆင္အသုံးျပဳၾကသည္။ ပယင္း ကို ေရေမႊး မ်ား ေဖာ္စပ္ရာတြင္ ၎ ေဆးေဖာ္စပ္ ရာတြင္ ၎ အသုံးျပဳၾကသည္။

ပယင္း သည္ ေက်ာက္မ်က္ရတနာ ကဲ့သို႔ မဟုတ္ဘဲ ဝတ္ဆင္သူ အတြက္ အသက္ဓာတ္ ကို ပိုင္ဆိုင္ေစသည္ ဟု ယူဆၾကသည္။ ေရွးေခတ္ တ႐ုတ္ လူမ်ိဳးတို႔သည္ က်ားမ်ားေသဆုံးၿပီးေနာက္ က်ား ဝိညာဥ္ကို ပယင္းသို႔ ေ႐ႊေျပာင္းေစ၍ အသြင္ေျပာင္းခဲ့သည္ဟု ယုံၾကည္ၾကသည္။ ေရွးေခတ္ က မိခင္ နတ္ဘုရားမ်ား ကို ပူေဇာ္ ပသရာတြင္ ပယင္း ကို အသုံးျပဳၾကသည္။

ပယင္း သည္ ေက်ာက္ျဖစ္ ႐ုပ္ႂကြင္း သဖြယ္ျဖစ္ၿပီး ေခတ္ကာလ တစ္ရပ္ႏွင့္ ဆက္စပ္ေနေပရာ အသက္ ရွည္ျခင္း ကို ေပးေဆာင္ေၾကာင္း မွတ္ယူၾကသည္။

အလားတူပင္ သက္ရွိ သတၱဝါျဖစ္ေသာ ပိုးမႊားမ်ား ၏ ႐ုပ္ႂကြင္း ကိန္းေအာင္းေနၿပီး အာကာသ ဓာတ္ႏွင့္ ဆက္စပ္ေနေၾကာင္း လက္ခံ ထားၾကသည္။ ယင္း ကို ပဉႇစမေျမာက္ ဓာတ္သဘာဝ ဟု ေခၚၿပီး ေျမ၊ ေရ၊ ေလ၊ မီး ဟူေသာ ဓာတ္ႀကီးေလးပါး ၏ အေပါင္းအစု အျဖစ္ သတ္မွတ္ၾကသည္။ အာကာသဓာတ္ သည္ အသက္ ၊ ဘဝ (အပင္၊သတၱဝါ၊လူ) တို႔ႏွင့္ ပတ္သက္ေၾကာင္း လက္သင့္ခံထားၾကသည္။

အခ်ိဳ႕ေမွာ္ပညာရွင္မ်ားသည္ အထူးသျဖင့္ အမ်ိဳးသမီးမ်ားတြင္ ပယင္း ကို လည္ဆြဲ (ဝါ) ပတီး အျဖစ္ ဝတ္ဆင္ကာ ႐ုပ္ျဒပ္ သ႑ာန္ကို ေျပာင္းလဲေအာင္ ဖန္တီးျပဳျပင္တည္ေဆာက္ ေစခဲ့ၾကသည္။ ထိုေၾကာင့္ ပယင္း သည္ နတ္ဘုရားႏွင့္ နတ္ဘုရားမ မ်ား၏ ထုတ္လႊတ္မႈ ခံယူမႈ စြမ္းအင္ ႏွစ္ရပ္လုံးႏွင့္ ပတ္သက္ေၾကာင္း ၎ တြင္ ဂမၻီရ စြမ္းအင္ ၏ ထိေရာက္မႈ အား ျမင့္မားလွေၾကာင္း ေရာမေခတ္ က ယုံၾကည္ၾကသည္။

ပယင္း ကို သိုးေမႊးစ (ဝါ) ပိုးစျဖင့္ ပြတ္တိုက္ေပးပါက လွ်ပ္စစ္ဓာတ္ ထြက္လာၿပီး ေသးငယ္ေသာ အရာဝတၳဳမ်ားကိုပင္ ဆြဲငင္အား ႀကီးေၾကာင္း သတ္မွတ္ၾကသည္။ ေရွးဂရိ တို႔၏ အီလက္(ခ္) ထ႐ြန္ (Electron) ဟူေသာ စကားလုံး မွ ေခတ္ အီလက္ထရစ္ စီးတႌး (electricity) ဟူေသာ ေဝါဟာရ ဆင္းသက္ေပါက္ဖြားလာ ျခင္း ျဖစ္သည္ဟု သတ္မွတ္ၾကသည္။

ပယင္း သည္ဆန္းျပား လွ်ိဳဝွက္ေသာ သဘာဝ ရွိၿပီး ဂမၻီရ တန္ဖိုး ျမင့္မားေသာ အရာဝတၳဳ ျဖစ္ၿပီး ကမာၻေပၚရွိ ဂမၻီရတန္းဝင္ ပစၥည္းမ်ား အားလုံးထဲ၌ က်ယ္ျပန္႔စြာ အသုံး ျပဳႏိုင္သည့္ အရာအျဖစ္ သုံးၾကသည္။


Credit: original uploder

Unicode ဖြင့်ဖတ်ရန်

ပယင်း အစစ်ရထားတတ်လျှင် ဒီလို အစွမ်းတွေရှိပါသတဲ့




တန်ဖိုးကြီးလှတဲ့ ပယင်း ဖြစ်ပေါ်လာပုံ နှင့် လူတွေမသိသေးသော ပယင်း၏ ကျန်းမာရေးအစွမ်းများ

လူတွေမသိသေးသော ပယင်း=Amber၏အစွမ်းများ….

ပယင်းကသစ်ပင်ကဖြစ်တဲ့ကျောက်ဖြစ်ရုပ်ကြွင်း၁မျိုးပါ…

သစ်ပင်ရဲ့အဆီအနှစ်ဖြစ်တဲ့သစ်စေးကနေဖြစ်တည်အတွက်..

သဘာဝကပေးတဲ့ထူးခြားဖြစ်စဉ်ထဲက ၁ခုအပါဝင်ဖြစ်ပါတယ်….

တန်းဖိုးထားရာ ရတနာ ( ၉ )ပါးထဲမှာလဲတစ်ပါးအပါဝင်ဖြစ်ပါတယ်…

ပယင်းမှာ အဖိုးတန်ရတနာများကဲ့သို့ ရှားပါးမှု ဖြစ်တည်မှု သန့်ရှင်းမှုအစရှိသည်များနှင့်ပြည့်စုံနေသောရတနာ၁ပါးလဲဖြစ်ပါတယ်။

လွန်ခဲ့သောနှစ်သန်းပေါင်း၁၂၀ခန့်က အဖိုးတန်သက်ရှိများသိုမှီးရာ ပြတိုက်၁ခုလဲဖြစ်ပါတယ်…

ကမ္ဘာကြီး၏ဖြစ်ပျက်ပြောင်းလဲမှုဖြစ်စဉ်အများပြားကို သက်သေပြနိုင်တဲ့ ၁ခုတည်းသော အဖိုးတန်ရတနာ၁မျိုးဘဲဖြစ်ပါတယ်…

ထူးခြားဖြစ်စဉ်များနှင့် ဂမ္ဘီရဆန်သောအဖြစ်ပျက်များစွာ ယနေ့တိုင်ဖြစ်ပေါ်နေတဲ့ရတနာဖြစ်မျိုးလဲဖြစ်ပါတယ်…

ထူးခြားဖြစ်စဉ်များမှာသက်ရှိ၁ကောင်ကို… နှစ်ပေါင်းသန်း၁၂၀မပုပ်သိုးအောင်ထိန်းသိမ်းနိုင်တဲ့ ဂုဏ်သတ္တိလဲရှိပါတယ်….

ယင်းဖြစ်စဉ်ကိုကြည့်ခြင်းအားဖြင့် ပယင်းဝတ်ဆင်တဲ့သူအပေါင်းကို အရွယ်တင်နုပျိုစေပါတယ်…

သိပ္ပံနည်းဖြင့်ပြောရလျှင် Nano ဂုဏ်သတ္တိကိုပိုင်ဆိုင်ပါတယ်…

သက်သေအားဖြင့်ပြရလျှင် ပယင်းကိုကိုယ်တိုင်သွေးသောတူးသော

မိတ်ဆွေများထိခိုက်ရှနာရတဲ့အခါမှာ အလိုလို ခနအတွင်ပြန်ကောင်းမွန်သွားသည် သာဓကများလဲရှိပါတယ်…

ပယင်းကိုသွေး၍လိမ်လျှင် အရေပြားနှင့်ပက်သက်သည့်ရောဂါမှန်သမျှကိုအမြန်ဆုံးပျောက်ကင်းစေပါတယ်…

(ဥပမာ…တင်းတိပ်..ဝက်ခြံ…နေလောင်…အပူလောင်..ထိခိုက်ရှနာ)အစရှိသဖြင့်..အမြန်ဆုံးသက်သာပျောက်ကင်းစေပါတယ်….အသုံးပြုပုံ

ဆွဲသီးကို မျက်လုံးပေါ်အုပ်ထားခြင်းဖြင့် အပူကိုစုပ်စေသောကြောင့်မျက်လုံးအောင့်မျက်လုံးနာများကိုသက်သာစေပါတယ်….

မိမိဝတ်ဆင်ထားသောဆွဲသီးဖြင့်မိမိမျက်နာပြင်ကိုပွတ်ပေးခြင်းအားဖြင့် အသားရည်ကိုကြည်လင်တောက်ပစေပါတယ်…..

ဒုတိယ အချက်ကတော့….သစ်ပင်ကဖြစ် တဲ့ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်တဲ့အတွက် သစ်ပင်ရဲ့သဘာဝကိုပိုင်ပါတယ်…

အဲ့သဘာဝကတော့…စုပ်ယူခြင်းဂုဏ်သတ္တိပါ… သစ်ပင်ရဲ့ သဘာဝက ဟိုက်ဒရိုချင်ကိုစုပ်ယူပြီး

သန့်စင်တဲ့ အောက်စီဂျင် ကိုပြန်လည်ထုတ်ယူပေးပါတယ်.ထိုသဘာဝတရားကြောင့်ပဲ…သစ်ပင်ကဖြစ်တည်တဲ့

ပယင်းကျောက်ကလည်း လူခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အပူအပုပ်များကိုစုပ်ယူပေးတဲ့အတွက်…အသားရေကိုကြည်လင်စေပါတယ်….

တတိယအချက်ကတော… တေဇောဓတ်ပိုင်ဆိုးတဲ့ရတနာဟုသတ်မှတ်ရတဲ့အရတနာ၁မျိုးပါ…

မည်မျှပင်ချမ်းနေပါစေ..လူ့ခန္ဓာကိုယ်နဲ့တသားတည်းဖြစ်အောငိ အပူချိန်ထိန်းညှိပေးပြီး နွေးနေလျက်ရှိပါတယ်…

အကြောင်းရင်းမှာ…လျှက်စစ်ဓတ်ထုတ်လွှတ်ပေးနိုင်တဲ့… electron ဂုဏ်သတ္တိရှိတဲ့အတွက်ကြောင့်ပါ…

ယင်းအာနိသင်အစွမ်းကြောင့်.လူခန္ဓာကိုယ်အတွင်းမှာရှိတဲ့ သွေးကြောများကို သွေးစီးဆင်းမှုအားကောင်းအောင်လှုံဆော်ပေးတဲ့အတွက်…သွေးအားကောင်းစေပါတယ်..

နှလုံးသွေးကြောကျဉ်းရောဂါ…..အမောမခံနိုင်တဲ့ရောဂါ…ကိုယ်ဝန်ဆောင်မိခင်များ…ဖုန်းနဲ့ကွန်ပျူတာအသုံးများသူများ..သွေးတိုး…သွေးကျရောဂါ…လေးဘက်နာ…အဆစ်မြစ်ကိုက်ခဲရောဂါ..

ကျီးပေါင်းရောဂါ…အာရုံကြောအားနဲတဲ့ရောဂါ….ညအိပ်မပျော်သူများအတွက်အထူးသင့်လျော်ပြီးသိသာပျောက်ကင်းစေပါတယ်….

အထက်ပါ်ဖော်ပြထားတဲ့ရောဂါများနဲ့ အထူးသင့်လျော်တဲ့ဝတ်ဆင်ပုံများကတော့..

နှလုံးနှင့်အနီးဆုံးနေရာ၌ထား၍ဝတ်ပေးခြင်းဖြင့် သွေးလွှတ်ကျော သွေးပြန်ကျောတို့ကို လှုံဆော်ပေးပြီးသွေးလည်ပတ်မှုကိုကောင်းစေသောကြောင့် နှလုံးသွေးကျောကျဉ်းရောဂါနှင့်အမောမခံနိုင်သူများအတွက်အထူး သင့်လျော်ပြီးသိသာပျောက်ကင်းပါတယ်…

နှလုံးရှိရာဘယ်ဘက်ဖြစ်တဲ့ ဘယ်လက်မှာ ဝတ်ဆင်ခြင်းဖြင့်…

ကွန်ပျူတာနှင့်ဖုန်းအသုံးများသူများအတွက် လူကိုထိခိုက်စေတဲ့ waveမှကာကွယ်ပေးပြီ…အဆစ်မြစ်ကိုက်တာ… လက်ကိုက်တာအစရှိသည့်..virus ကိုကာကွယ်ပေးပါတယ်

(ကိုယ်တွေ့) ထို့အပြင်…ကိုယ်ဝန်ဆောင်မိခင်များအတွက်သွေးလည်ပတ်မှုအားကောင်းစေပြီးဗိုက်ထဲရှိကလေးအားအောက်စီဂျင်ပြည့်ဝစေပါတယ်….သွေးခုန်နူန်းထိန်းညှိပေးတဲ့နေရာဖြစ်တဲ့အတွက်သွေးတိုးသွေးကျအတွက်အထူးသင့်လျော်သက်သာပျောက်ကင်းစေပါတယ်…

လေးဘက်နာအဆစ်မြစ်ကိုက်ခဲသူများအတွက်…အရိုးနဲ့ထိရာလက်သန်းကြွယ်မှာလက်စွပ်ဝတ်ဆင်ခြင်းအားဖြင့် အကိုက်ခဲများကို သက်သာပျောက်ကင်းစေပြီး…ညအိပ်ပျော်စေပါတယ်…ကျီးပေါင်းရောဂါနှင့်ပက်သက်လာရင်တော့…ကျွန်တော် ရဲ့မိခင်ကတော့သက်သေပါပဲ..

ပယင်းခေါင်းအုန်းနှင့်ပယင်းရတနာများကိုဝတ်ဆင်ပြီးအချိန်မှစ၍ သက်သာပျောက်ကင်းလာကြောင်းတဖွဖွပြောဆိုလာရမှ ကျွန်တော့အား ပယင်းလမ်းကြောင်းပေါ်သို့ရောက်ရှိစေခဲ့ခြင်းဖြစ်ပါတယ်..

အဲ့ဒီတွက်လဲကျွန်တော့်ရဲ့မေမေအားဤနေရာမှကျးဇူးတင်ဂါဝရပြုရင်းနိဂုံးချုပ်ပါတယ်ခဗျာ…SayarMyo

ပယင်း အကြောင်းသိကောင်းစရာ နဲ့ ပယင်းဖြစ်ပေါ်လာပုံ အဆင့်ဆင့်ပါ ။

ပယင်း ( Amber ) အကြောင်း သိကောင်းစရာ

ပယင်း သည် လူသား တို့၏ အဆင်တန်ဆာ အဖြစ် အသုံးပြုခဲ့ကြသော ကျောက်မျက်ရတနာ တန်းဝင် ထဲမှ ရှေးအကျဆုံး ရတနာထဲတွင် ပါဝင်သည်။ ပယင်းပတီး ၊ ဆွဲပြား ၊ ဆွဲသီး များကို ဥရောပမြောက်ပိုင်းတွင် ဘီစီ (၈၀၀၀) လောက်ကတည်းက အသုံးပြုခဲ့ကြကြောင်း တွေရှိခဲ့ရသည်။

ပယင်း သည် စင်စစ် အားဖြင့် ကျောက် မဟုတ်ပါ။ အဆီထွက်သော အပင် တစ်မျိုး (ထင်းရူးပင် တစ်မျိုး ဟု ဆို) ၏ အဆီ မှ ခဲ၍ ကျောက်သား သဖွယ် ဖြစ်လာခြင်းဖြစ်သည်။ ရံဖန် ရံခါ ပယင်း ထဲ၌ အင်းဆက် ပိုးမွှားများ ကို ပုံစံ မပျက် တွေ့ရှိရတတ်ပါသည်။

နှစ်သန်းပေါင်း အနည်းဆုံး ၂၅ သန်း မှ သန်း ၅၀ အတွင်း ကြာခဲ့ပြီး ကျောက်ဖြစ်လာခဲ့သော သစ်စေးမျိုးဖြစ်သည်။ ရှားပါး အနေဖြင့် နှစ်သန်း ၃၂၀ ရှိသော ပယင်း ကိုလည်း မှတ်တမ်းတင် ထားကြသည်။ ပယင်း ဟာ ကျောက်မျက်ရတနာ ၉ပါး ထဲမှာ အပေါ့ပါးဆုံးဖြစ်ပြီး မာခြင်း အဆင့် (၂.၅) သာ ရှိကာ သိပ်သည်းဆ လည်း ၁.၀၇ သာ ရှိသောကြောင့် အပူချိန် ကို ခံနိုင်ရည် မရှိပဲ ကြွေကွဲ ပျက်ဆီးလွယ်ပါသည်။ မီးရှို လျှင် အလွယ် တစ်ကူ လောင်ကျွမ်းနိုင်ပါသည်။

ပယင်း အစစ် ဟာ အလင်းပေါက်ပြီး ပေ့ါပါး တာကြောင့် ဆားငံရည် မှာ ရေပေါ်ပေါ်နေနိုင်ပါသည် ။ အခြားသော ကျောက်မျက် ရတနာတွေ ဖြစ်တဲ့ ကျောက်စိမ်း တာကွိုက်ဇ် တို့လို ကျောက်မျက်တွေဟာ အခန်း တွင်း အပူချိန် ထက် အနည်းငယ် အေးသော ဂုဏ်သတ္တိ ရှိသော်လည်း ပယင်း မှာ လူ့ အရေပြားနှင့် ထိတွေ့ ပါ က အနည်းငယ် ပူနွေးနေပါသည်။

အရက် ရဲ့ အရောင်ဖြစ်တဲ့ ဝါရွှေရွှေ အကြည်ရောင် ကို ပယင်းရောင်ရယ် လို့ တင်စားကြာတာ ကြားဖူးကြပေမယ့် ပယင်း မှာ နီညိုရောင် ၊ လိမ္မော်ရောင် ၊ အစိမ်း ၊ နှင်းဆီရောင် ၊ အဝါရောင် ၊ ခရမ်းရောင် ၊ အဖြူရောင်အထိ ရှိပြီး ရှားရှား ပါးပါး ခရမ်းပြာရောင် အထိ တွေ့ရတတ်ပါသည်။

ဘောလ်တစ် ပင်လယ် ကမ်းခြေ တစ်လျှောက်မှာ ပေ့ါပါးသော ပယင်းတွေကို ပင်လယ်ရေလှိုင်းများနှင့် ကမ်းခြေ ကိုရောက်ရှိ လာတတ်ကာ ကမ်းစပ် တစ်လျောက်မှာ၎င်း ရေတိမ်ပိုင်း မှာ ရေငုတ်ပြီး အလွယ် ရှာတွေ့နိုင် သည်။ ကမ်းခြေ တစ်လျှောက် ပုံစံ အမျိုးစုံ အရောင် မျိုးစုံနှင့် ပယင်း များကို အများ အပြားတွေ့ ရတတ် ပြီး အပြာရောင် ပယင်း ကို အထူး အရောင်းအဝယ်လုပ်ကြသော်လည်း ၎င်း အပြာရောင်မှာ ဘောလ်တစ်ဒေသ ထွက် မဟုတ်ဘဲ ဒိုမီနီကန်ု က ထွက်သော ပယင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ကချင်ပြည်နယ် ဟူးကောင်း တောင်ကြား တနိူင်းနယ် နှင့် စစ်ကိုင်းတိုင်း ခန္တိၤးနယ် တို့တွင် ထွက် ရှိသည်။ မြန်မာ အပြင် ပယင်းထွက် ရှိသော အခြားနိုင်ငံများမှာ ပိုလန် ရိုမေးနီးယား ကနေဒါနှင့် အမေရိကန် တို့ ဖြစ်သည်။

မြန်မာပြည်တွင် ထွက်ရှိသော ပယင်း မှာ အရည်အသွေးကောင်းပါက တစ်ကျပ်သားလျှင် တစ်သိန်း အထိ ဈေး ရနိုင်ပြီး အထက်တွင် ဖော်ပြ သကဲ့သို့ သစ်ကိုင်း များ အကောင်ပလောင် များ ပါဝင် ပါက ဈေးပိုရကြောင်း သိရသည်။

တစ်ချို့ ကို ကျပ်သိန်း ၅၀ အထိ ပေးကြောင်းသိရသည်။ ရွှေရောင် ပယင်းမှာ ဈေးကွက် အတွင်း လူကြိုက်များ ပြီး တိုင်းရင်းသား အချို့ မှာ ပယင်း ကို ဝတ်ဆင်လေ့ ရှိကြပါသည်။ တရုတ်လူမျိူးများ ဟာ သွေးလည် ပတ် မှု ကောင်းစေရန် ၎င်း ကံကောင်းစေရန် ၎င်း ပယင်း ကို အဆောင်ကျောက် အဖြစ် ဝတ်ဆင်ကြသည်။

ပွဲလမ်း သဘင်များတွင် ချမ်းသာ ကြွယ်ဝသူများက ဂုဏ်သိက္ခာ တစ်ရပ် အဖြစ် ပယင်း ကို မီးရှိုတတ်ကြ သည်။ မြန်မာနိုင်ငံ ၏ အဓိက ဝယ်လက် မှာ တရုတ် ထိုင်းနှင့် တိဘက် နိုင်ငံတို့ဖြစ်သည်။

သစ်ပင် ရဲ့ အစေး ကနေ ဖြစ်လာတဲ့ ပယင်း ထဲမှာ ပယင်း မဖြစ်ခင် သစ်စေး အခြေအနေ မှာ မတော်တဆ လာရောက် ကပ်ငြိနေသော သစ်ပင် ရဲ့ အစအနများ သစ်ရွက် ပျား လိပ်ပြာ ပုရွက်ဆိတ် ပိတုန်း စသော အကောင်းငယ်များ မှာ ရုန်းထွက် မရတော့ပဲ သစ်စေးများနှင့် အတူ နှစ် သန်းပေါင်းများစွာ ကြာသောအခါ ပယင်းထဲတွင် ရုပ်ကြွင်း အဖြစ် ပါဝင်နေတတ်ပါသည်။

ရှေးရောမ ကျွန်ခေတ်တွင် ပယင်း လည်ဆွဲ ခပ်သေးသေး ကို ကျန်းမာ သန်စွမ်း တဲ့ ကျွန် တစ်ယောက်ထက် ဈေးပိုပေးပြီး အဆောင် အဖြစ် ဝတ်ဆင်အသုံးပြုကြသည်။ ပယင်း ကို ရေမွှေး များ ဖော်စပ်ရာတွင် ၎င်း ဆေးဖော်စပ် ရာတွင် ၎င်း အသုံးပြုကြသည်။

ပယင်း သည် ကျောက်မျက်ရတနာ ကဲ့သို့ မဟုတ်ဘဲ ဝတ်ဆင်သူ အတွက် အသက်ဓာတ် ကို ပိုင်ဆိုင်စေသည် ဟု ယူဆကြသည်။ ရှေးခေတ် တရုတ် လူမျိုးတို့သည် ကျားများသေဆုံးပြီးနောက် ကျား ဝိညာဉ်ကို ပယင်းသို့ ရွှေပြောင်းစေ၍ အသွင်ပြောင်းခဲ့သည်ဟု ယုံကြည်ကြသည်။ ရှေးခေတ် က မိခင် နတ်ဘုရားများ ကို ပူဇော် ပသရာတွင် ပယင်း ကို အသုံးပြုကြသည်။

ပယင်း သည် ကျောက်ဖြစ် ရုပ်ကြွင်း သဖွယ်ဖြစ်ပြီး ခေတ်ကာလ တစ်ရပ်နှင့် ဆက်စပ်နေပေရာ အသက် ရှည်ခြင်း ကို ပေးဆောင်ကြောင်း မှတ်ယူကြသည်။

အလားတူပင် သက်ရှိ သတ္တဝါဖြစ်သော ပိုးမွှားများ ၏ ရုပ်ကြွင်း ကိန်းအောင်းနေပြီး အာကာသ ဓာတ်နှင့် ဆက်စပ်နေကြောင်း လက်ခံ ထားကြသည်။ ယင်း ကို ပဉှစမမြောက် ဓာတ်သဘာဝ ဟု ခေါ်ပြီး မြေ၊ ရေ၊ လေ၊ မီး ဟူသော ဓာတ်ကြီးလေးပါး ၏ အပေါင်းအစု အဖြစ် သတ်မှတ်ကြသည်။ အာကာသဓာတ် သည် အသက် ၊ ဘဝ (အပင်၊သတ္တဝါ၊လူ) တို့နှင့် ပတ်သက်ကြောင်း လက်သင့်ခံထားကြသည်။

အချို့မှော်ပညာရှင်များသည် အထူးသဖြင့် အမျိုးသမီးများတွင် ပယင်း ကို လည်ဆွဲ (ဝါ) ပတီး အဖြစ် ဝတ်ဆင်ကာ ရုပ်ဒြပ် သဏ္ဍာန်ကို ပြောင်းလဲအောင် ဖန်တီးပြုပြင်တည်ဆောက် စေခဲ့ကြသည်။ ထိုကြောင့် ပယင်း သည် နတ်ဘုရားနှင့် နတ်ဘုရားမ များ၏ ထုတ်လွှတ်မှု ခံယူမှု စွမ်းအင် နှစ်ရပ်လုံးနှင့် ပတ်သက်ကြောင်း ၎င်း တွင် ဂမ္ဘီရ စွမ်းအင် ၏ ထိရောက်မှု အား မြင့်မားလှကြောင်း ရောမခေတ် က ယုံကြည်ကြသည်။

ပယင်း ကို သိုးမွှေးစ (ဝါ) ပိုးစဖြင့် ပွတ်တိုက်ပေးပါက လျှပ်စစ်ဓာတ် ထွက်လာပြီး သေးငယ်သော အရာဝတ္ထုများကိုပင် ဆွဲငင်အား ကြီးကြောင်း သတ်မှတ်ကြသည်။ ရှေးဂရိ တို့၏ အီလက်(ခ်) ထရွန် (Electron) ဟူသော စကားလုံး မှ ခေတ် အီလက်ထရစ် စီးင်္တီး (electricity) ဟူသော ဝေါဟာရ ဆင်းသက်ပေါက်ဖွားလာ ခြင်း ဖြစ်သည်ဟု သတ်မှတ်ကြသည်။

ပယင်း သည်ဆန်းပြား လျှိုဝှက်သော သဘာဝ ရှိပြီး ဂမ္ဘီရ တန်ဖိုး မြင့်မားသော အရာဝတ္ထု ဖြစ်ပြီး ကမ္ဘာပေါ်ရှိ ဂမ္ဘီရတန်းဝင် ပစ္စည်းများ အားလုံးထဲ၌ ကျယ်ပြန့်စွာ အသုံး ပြုနိုင်သည့် အရာအဖြစ် သုံးကြသည်။

ခရစ်ဒစ်


Credit: original uploder


Previous
Next Post »
Powered by Blogger.