Zawgyiျဖင့္ဖတ္ရန္
ၾကက္ကေၾကာ္ၿပီးလို႔ဝါးတဲ့အခါမာေနတာ၊ပ်င္းတြဲျဖစ္ေန တာေတြလုံးဝမျဖစ္ေစရဘူးေနာ္
စားေကာင္းအရသာရွိေစရမယ္
ၾကက္သားကိုဝယ္လာၿပီးေရမေဆးခင္အရင္ဆားနဲ႔
ပြတ္တိုက္ၿပီးမွေရေဆးပါရွင္
ၿပီးရင္ေတာ့ေခါင္း၊ေတာင္ပံမပါေစပဲ
တစ္ေကာင္ကိုေလးတုံးလွလွခုတ္ပါ
ၾကက္ကိုေခါင္း၊ေျခေထာက္ႏႈတ္ၿပီး၃၅က်ပ္သားနဲ႔
၄၀သားၾကားရွိတဲ့ၾကက္ႏုႏုေလးကိုသုံးဖို႔ကလဲအဓိကက်ပါတယ္
ေၾကာ္မယ့္ၾကက္ကႏုလဲႏုအသားလဲတစ္မွစားေကာင္းပါတယ္
ေရေဆးသန႔္စင္ထားတဲ့ၾကက္သားကိုေရကုန္ေအာင္ေရစစ္ထားပါ
ၿပီးရင္ေတာ့ဆား၊အရသာ၊ဆႏြင္းနယ္ပါမယ္
ဆား၊အရသာကိုဆား၊အရသာသင့္ေအာင္နယ္ပါ
ၾကက္တစ္တုံးကိုဆားတီးဇြန္းတစ္ဝက္ခန႔္ေတာ့ထည့္
ရပါတယ္
ဆႏြင္းကိုေတာ့ခါတိုင္းထည့္ေနက်ထက္
အနည္းငယ္ပိုသာထည့္နယ္ပါ
မ်ားသြားရင္လဲဆႏြင္းနံ႔နံမွာပါ
ဒါေပမယ့္ဗမာၾကက္ကိုေတာမွာေၾကာ္သလို႐ိုးရွင္းၿပီး
ေမႊးေနေစခ်င္တာေၾကာင့္ဆႏြင္းနံ႔ေလးပါမွလဲျပည့္စုံမွာပါ
ဆား၊အရသာဝင္ေအာင္နယ္ၿပီးရင္ေတာ့၁နာရီေလာက္
ႏွပ္ထားပါရွင္
ေရေႏြးဆူေအာင္တည္ပါ
ၾကက္သားေတြထည့္လို႔ေခ်ာင္ေခ်ာင္ခ်ိခ်ိျဖစ္မယ့္အိုးဆို
ပိုလို႔မွေကာင္းပါတယ္
အိုးၾကပ္ရင္ေအာက္ဘက္ကၾကက္ေတြကပ္မွာစိုးလို႔ပါ
ေရေႏြးေတြအမ်ားႀကီးနဲ႔လဲမျပဳတ္ပါဘူး
ေရစပ္စပ္ေလးပဲထားျပဳတ္ပါမယ္
ေရေႏြးဆူလာရင္
ၾကက္သားေတြထည့္မယ္
ပုံထဲကအတိုင္းေရေႏြးစပ္စပ္ေလးပဲျမဳပ္တယ္ဆို႐ုံထည့္
တည္မယ္
ေရအမ်ားႀကီးနဲ႔ျပဳတ္ရင္စားေကာင္းမွာမဟုတ္ဘူးေနာ္
ၾကက္ႏုႏုေလးသုံးထားတာေၾကာင့္ေရလဲခမ္းၾကက္လဲ
ႏူးပါလိမ့္မယ္ရွင္
ၾကက္သားထဲကေရေတြဆူလာရင္အေပၚဘက္စီကၾကက္စီလဲေရဆူေတြေရာက္ပါတယ္
အဓိကေရခမ္းခါနီးမကပ္ဖို႔လဲသတိထားပါ
ၾကက္သားျပဳတ္ထားတာေရခမ္းပါၿပီ
သတိထားေတာ့ၾကက္သားေတြေအာက္လဲမကပ္ပါဘူး
ၿပီးေတာ့ေရကိုလဲခမ္းေအာင္ျပဳတ္မယ္ေနာ္
ၾကက္ျပဳတ္ရည္ထဲထြက္လာတဲ့ၾကက္သားကအခ်ိဳဓာတ္ေတြ
အသားထဲျပန္ဝင္ေအာင္
ဒယ္အိုးတည္ပါမယ္
ဆီမ်ားမ်ားနဲ႔ေၾကာ္ပါမယ္ရွင္
ၿပီးေတာ့ေျမပဲဆီပဲသုံးေၾကာ္ပါမယ္
ေျမပဲဆီနဲ႔ေၾကာ္မွအနံ႔ေလးေမႊးေနပါမယ္
ၿပီးေတာ့အဓိကက်တာတစ္ခုရွိေသးတယ္
ၾကက္သားျပဳတ္တာရရင္အေငြ႕မေသခင္ပူေႏြးအေငြ႕ေထာင္ေထာင္းထေနတုန္းဆီပူအိုးထဲတန္းထ
ည့္ေၾကာ္
ပါရွင္
ၾကက္သားျပဳတ္ထားတာေအးမွဆီပူထိုးေၾကာ္ရင္ၾကက္
သားေၾကာ္ကအေၾကာတင္းသြားပါမယ္
မီးအရမ္းမေအးပဲမီးအလယ္အလတ္နဲ႔ေၾကာ္ပါမယ္
ဘာလို႔လဲဆိုေတာ့ျပဳတ္ၿပီးမွေၾကာ္တာမို႔္ၾကက္သားက
က်က္ေနပါၿပီ
ၾကက္သားအစိမ္းအတိုင္းထည့္ေၾကာ္တာလိုမီးေအးေအးနဲ႔ၾကာၾကာေၾကာ္မိရင္အသားထဲကေရဓာတ္ေတြ
ကုန္သြားျပန္လို႔ၾကက္သားေၾကာ္ကမာသြားႏိုင္ပါတယ္
ဒါ့ေၾကာင့္မီးမွန္မွန္နဲ႔အေပၚဘက္နီရဲႂကြပ္ေနၿပီးအတြင္းကေပ်ာ့ေပ်ာင္းေနတဲ့အေနထားရေအာင္ေၾကာ္
မယ္ေနာ္
ေၾကာ္လို႔ၿပီးသြားတဲ့ၾကက္သားေၾကာ္ေတြကိုဒန္အိုးတစ္
လုံးထဲထည့္ထားပါ
အားလုံးေၾကာ္လို႔ၿပီးသြားရင္
ၾကက္ေၾကာ္ထားတဲ့ဆီေတြအားလုံးကိုဒန္အိုးထဲကၾကက္သားေၾကာ္ေပၚေလာင္းထည့္လိုက္ပါ
ဒါဟာဗမာၾကက္ေၾကာ္ရဲ႕လွ်ိဳ႕ဝွက္ခ်က္ပါပဲ
ၾကက္သားကိုေၾကာ္ၿပီးဆယ္ထားရင္ၾကက္သားကတစ္
ျဖည္းျဖည္းမာလာပါမယ္
ဒီလိုၾကက္သားေၾကာ္ကိုေၾကာ္ထားတဲ့ဆီျမဳပ္ေနေအာင္
ေလာင္းထားရင္ၾကက္သားရဲ႕အရသာဟာမေျပာင္းေတာ့ပါဘူး
ဘယ္အခ်ိန္စားစား
ေအးမွပဲစားစား
တစ္ပတ္ေလာက္ပဲထားစားစားဒီအရသာအတိုင္းပဲ
ရွိေနပါမယ္ခ်စ္တို႔ေရ႕
ဒန္အိုးထဲၾကက္သားေၾကာ္ေတြကိုဆီျမဳပ္ေအာင္ထားၿပီး
အေပၚကအဖုံးဖုံး၊ေအးျမတဲ့ေနရာထားစားရင္တစ္ပတ္၊
၁၀ရက္ထားလဲဘာမွမျဖစ္ဘူး
ဗမာၾကက္ေၾကာ္ကေၾကာ္ဖို႔အတြတ္တကယ္ေတာ့ဘာမွ
မလိုပါဘူး
ဂ်င္းရည္၊ၾကက္သြန္ျဖဴရည္ညႇစ္မွေမႊးတာလဲမဟုတ္ပါဘူး
ဗမာၾကက္ေၾကာ္မယ္ဆိုရင္အရသာနယ္ခါနီးဆႏြင္းနံ႔ေလးအနည္းငယ္ပိုထည့္ပါ(ဆႏြင္းေစာ္ေထာင္းလေမာင္း
ထေနဖို႔မဟုတ္ပါဘူးေနာ္။ဆႏြင္းနံ႔ေလးပါေအာင္ပါ)
ၿပီးေတာ့ေၾကာ္တဲ့အခါေျမပဲဆီေမႊးေမႊးေလးသုံးေပးပါ။
ဆႏြင္းနံ႔၊ေျမပဲဆီနံ႔နဲ႔ဗမာၾကက္သားရဲ႕အနံ႔ေပါင္းစပ္လိုက္ရင္တကယ္႐ိုးရွင္းၿပီးစားေကာင္းလွတဲ့ဗမာၾ
ကက္
ေၾကာ္ေလးရၿပီ
ေၾကာ္စားၾကည့္ေစခ်င္ပါတယ္ရွင္
ထမင္းဆီဆမ္းဗမာၾကက္ေၾကာ္ေလးပါကြယ္
Unicodeဖြင့်ဖတ်ရန်
ဗမာကြက်ကိုအရသာရှိရှိစားကောင်းအောင်ကြော်ကြမယ်
ကြက်ကကြော်ပြီးလို့ဝါးတဲ့အခါမာနေတာ၊ပျင်းတွဲဖြစ်နေ တာတွေလုံးဝမဖြစ်စေရဘူးနော်
စားကောင်းအရသာရှိစေရမယ်
ကြက်သားကိုဝယ်လာပြီးရေမဆေးခင်အရင်ဆားနဲ့
ပွတ်တိုက်ပြီးမှရေဆေးပါရှင်
ပြီးရင်တော့ခေါင်း၊တောင်ပံမပါစေပဲ
တစ်ကောင်ကိုလေးတုံးလှလှခုတ်ပါ
ကြက်ကိုခေါင်း၊ခြေထောက်နှုတ်ပြီး၃၅ကျပ်သားနဲ့
၄၀သားကြားရှိတဲ့ကြက်နုနုလေးကိုသုံးဖို့ကလဲအဓိကကျပါတယ်
ကြော်မယ့်ကြက်ကနုလဲနုအသားလဲတစ်မှစားကောင်းပါတယ်
ရေဆေးသန့်စင်ထားတဲ့ကြက်သားကိုရေကုန်အောင်ရေစစ်ထားပါ
ပြီးရင်တော့ဆား၊အရသာ၊ဆနွင်းနယ်ပါမယ်
ဆား၊အရသာကိုဆား၊အရသာသင့်အောင်နယ်ပါ
ကြက်တစ်တုံးကိုဆားတီးဇွန်းတစ်ဝက်ခန့်တော့ထည့်
ရပါတယ်
ဆနွင်းကိုတော့ခါတိုင်းထည့်နေကျထက်
အနည်းငယ်ပိုသာထည့်နယ်ပါ
များသွားရင်လဲဆနွင်းနံ့နံမှာပါ
ဒါပေမယ့်ဗမာကြက်ကိုတောမှာကြော်သလိုရိုးရှင်းပြီး
မွှေးနေစေချင်တာကြောင့်ဆနွင်းနံ့လေးပါမှလဲပြည့်စုံမှာပါ
ဆား၊အရသာဝင်အောင်နယ်ပြီးရင်တော့၁နာရီလောက်
နှပ်ထားပါရှင်
ရေနွေးဆူအောင်တည်ပါ
ကြက်သားတွေထည့်လို့ချောင်ချောင်ချိချိဖြစ်မယ့်အိုးဆို
ပိုလို့မှကောင်းပါတယ်
အိုးကြပ်ရင်အောက်ဘက်ကကြက်တွေကပ်မှာစိုးလို့ပါ
ရေနွေးတွေအများကြီးနဲ့လဲမပြုတ်ပါဘူး
ရေစပ်စပ်လေးပဲထားပြုတ်ပါမယ်
ရေနွေးဆူလာရင်
ကြက်သားတွေထည့်မယ်
ပုံထဲကအတိုင်းရေနွေးစပ်စပ်လေးပဲမြုပ်တယ်ဆိုရုံထည့်
တည်မယ်
ရေအများကြီးနဲ့ပြုတ်ရင်စားကောင်းမှာမဟုတ်ဘူးနော်
ကြက်နုနုလေးသုံးထားတာကြောင့်ရေလဲခမ်းကြက်လဲ
နူးပါလိမ့်မယ်ရှင်
ကြက်သားထဲကရေတွေဆူလာရင်အပေါ်ဘက်စီကကြက်စီလဲရေဆူတွေရောက်ပါတယ်
အဓိကရေခမ်းခါနီးမကပ်ဖို့လဲသတိထားပါ
ကြက်သားပြုတ်ထားတာရေခမ်းပါပြီ
သတိထားတော့ကြက်သားတွေအောက်လဲမကပ်ပါဘူး
ပြီးတော့ရေကိုလဲခမ်းအောင်ပြုတ်မယ်နော်
ကြက်ပြုတ်ရည်ထဲထွက်လာတဲ့ကြက်သားကအချိုဓာတ်တွေ
အသားထဲပြန်ဝင်အောင်
ဒယ်အိုးတည်ပါမယ်
ဆီများများနဲ့ကြော်ပါမယ်ရှင်
ပြီးတော့မြေပဲဆီပဲသုံးကြော်ပါမယ်
မြေပဲဆီနဲ့ကြော်မှအနံ့လေးမွှေးနေပါမယ်
ပြီးတော့အဓိကကျတာတစ်ခုရှိသေးတယ်
ကြက်သားပြုတ်တာရရင်အငွေ့မသေခင်ပူနွေးအငွေ့ထောင်ထောင်းထနေတုန်းဆီပူအိုးထဲတန်းထ
ည့်ကြော်
ပါရှင်
ကြက်သားပြုတ်ထားတာအေးမှဆီပူထိုးကြော်ရင်ကြက်
သားကြော်ကအကြောတင်းသွားပါမယ်
မီးအရမ်းမအေးပဲမီးအလယ်အလတ်နဲ့ကြော်ပါမယ်
ဘာလို့လဲဆိုတော့ပြုတ်ပြီးမှကြော်တာမို့်ကြက်သားက
ကျက်နေပါပြီ
ကြက်သားအစိမ်းအတိုင်းထည့်ကြော်တာလိုမီးအေးအေးနဲ့ကြာကြာကြော်မိရင်အသားထဲကရေဓာတ်တွေ
ကုန်သွားပြန်လို့ကြက်သားကြော်ကမာသွားနိုင်ပါတယ်
ဒါ့ကြောင့်မီးမှန်မှန်နဲ့အပေါ်ဘက်နီရဲကြွပ်နေပြီးအတွင်းကပျော့ပျောင်းနေတဲ့အနေထားရအောင်ကြော်
မယ်နော်
ကြော်လို့ပြီးသွားတဲ့ကြက်သားကြော်တွေကိုဒန်အိုးတစ်
လုံးထဲထည့်ထားပါ
အားလုံးကြော်လို့ပြီးသွားရင်
ကြက်ကြော်ထားတဲ့ဆီတွေအားလုံးကိုဒန်အိုးထဲကကြက်သားကြော်ပေါ်လောင်းထည့်လိုက်ပါ
ဒါဟာဗမာကြက်ကြော်ရဲ့လျှို့ဝှက်ချက်ပါပဲ
ကြက်သားကိုကြော်ပြီးဆယ်ထားရင်ကြက်သားကတစ်
ဖြည်းဖြည်းမာလာပါမယ်
ဒီလိုကြက်သားကြော်ကိုကြော်ထားတဲ့ဆီမြုပ်နေအောင်
လောင်းထားရင်ကြက်သားရဲ့အရသာဟာမပြောင်းတော့ပါဘူး
ဘယ်အချိန်စားစား
အေးမှပဲစားစား
တစ်ပတ်လောက်ပဲထားစားစားဒီအရသာအတိုင်းပဲ
ရှိနေပါမယ်ချစ်တို့ရေ့
ဒန်အိုးထဲကြက်သားကြော်တွေကိုဆီမြုပ်အောင်ထားပြီး
အပေါ်ကအဖုံးဖုံး၊အေးမြတဲ့နေရာထားစားရင်တစ်ပတ်၊
၁၀ရက်ထားလဲဘာမှမဖြစ်ဘူး
ဗမာကြက်ကြော်ကကြော်ဖို့အတွတ်တကယ်တော့ဘာမှ
မလိုပါဘူး
ဂျင်းရည်၊ကြက်သွန်ဖြူရည်ညှစ်မှမွှေးတာလဲမဟုတ်ပါဘူး
ဗမာကြက်ကြော်မယ်ဆိုရင်အရသာနယ်ခါနီးဆနွင်းနံ့လေးအနည်းငယ်ပိုထည့်ပါ(ဆနွင်းစော်ထောင်းလမောင်း
ထနေဖို့မဟုတ်ပါဘူးနော်။ဆနွင်းနံ့လေးပါအောင်ပါ)
ပြီးတော့ကြော်တဲ့အခါမြေပဲဆီမွှေးမွှေးလေးသုံးပေးပါ။
ဆနွင်းနံ့၊မြေပဲဆီနံ့နဲ့ဗမာကြက်သားရဲ့အနံ့ပေါင်းစပ်လိုက်ရင်တကယ်ရိုးရှင်းပြီးစားကောင်းလှတဲ့ဗမာြ
ကက်
ကြော်လေးရပြီ
ကြော်စားကြည့်စေချင်ပါတယ်ရှင်
ထမင်းဆီဆမ်းဗမာကြက်ကြော်လေးပါကွယ်
Credit-www.facebook.com/photo.php / Pan Kankayae
Sign up here with your email
ConversionConversion EmoticonEmoticon