Zawgyiျဖင့္ဖတ္ရန္
အငယ္ဆံုးေလး အဆိုးဆံုးေလးဆိုတာမ်ိဳး ၾကားဖူးၾကလားေတာ့ မေျပာတတ္ေပမယ့္ အငယ္ဆံုးေလးေတြက ကေလးအဆန္ဆံုး ဆိုတာေတာ့ သိၾကမွာပါ။ အငယ္ဆံုးေတြက ဘယ္ကိုပဲသြားသြား အငယ္ဆံုးျဖစ္ေၾကာင္း သိသာေနတဲ့သူေတြလည္း ျဖစ္ပါတယ္။ သူတို႔ေလးေတြကေတာ့ ရင့္က်က္သြားရင္ေတာင္ အငယ္ပံုစံကေန ေပ်ာက္မသြားတတ္ၾကပါဘူး။ သင္က အငယ္ဆံုးေလး တစ္ေယာက္ေယာက္ကိုမ်ား ခ်စ္မိေနရင္ ဒါေတြကို သတိထားဖို႔ လိုအပ္ပါတယ္။
(၁) တကယ္ခ်စ္မွ လက္တြဲပါ။
သူတို႔ေလးေတြကို တကယ္ ခ်စ္ရဲ႕လား၊ တကယ္ လက္တြဲႏိုင္မွာလား ကိုယ့္ကိုယ္ကို ေသခ်ာေအာင္ ေမးၿပီးမွ ေသခ်ာၿပီဆိုမွ လက္တြဲသင့္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔ေလးေတြက သူတို႔စိတ္ထဲ အရွိအတိုင္း သင့္ကို ဝန္ခံၾကတာမို႔ပါ။ မဟုတ္ရင္ သူတို႔ေလးေတြကို သြားအေပ်ာ္မတြဲပါနဲ႔။ အငယ္ဆံုးေလးေတြက စိတ္ႏုၾကပါတယ္။ ဒါေၾကာင့္ စိတ္ဒဏ္ရာလည္း ရလြယ္တာမို႔ သူတို႔ကို မကစားပါနဲ႔။
(၂) ခ်စ္ရင္ သည္းခံပါ
သူတို႔ေလးေတြကို ခ်စ္မိရင္ သည္းခံဖို႔သာ လုပ္ထားပါေတာ့။ သင့္ကို သူ႔အိမ္မွာ ဆိုးေနက်အတိုင္းပဲ ဆိုးေတာ့မွာပါ။ သူ႔ကို သည္းခံေလေလ သင့္ကို ပိုၿပီး အခ်စ္တိုးေလေလ ျဖစ္မွာမို႔ သည္းခံတာက သင္တို႔ႏွစ္ေယာက္လံုး ေပ်ာ္ရမယ့္ လမ္းပါပဲ။
(၃) ေခ်ာ့ပါ
ဘာပဲျဖစ္ပါေစ ေခ်ာ့သာ ေခ်ာ့ပါ။ သူတို႔က အေခ်ာ့အရမ္းႀကိဳက္ပါတယ္။ တစ္ခါတစ္ေလ အေခ်ာ့ခံခ်င္လို႔ သင့္ကို စိတ္ေကာက္စရာ ဘာမွမရွိပဲ ေကာက္ခ်င္ေကာက္ေနမွာပါ။ ဒါေၾကာင့္ ေခ်ာ့သာေခ်ာ့ပါ။ သင့္ကို ခ်စ္လို႔ သူတို႔ အဲ့လို ဆိုးေနတာပါ။
(၄) တဇြတ္ထိုး လုပ္တတ္တယ္
အငယ္ဆံုးေတြက သူတို႔လုပ္ခ်င္တာဆို လုပ္ရမွ ေက်နပ္တဲ့သူေတြပါ။ ဒါေၾကာင့္ တဇြတ္ထိုး လုပ္တာေတြ ျမင္ရမွာပါ။ ဒါေပမဲ့ အဲ့လိုအခ်ိန္ေတြမွာ သူတို႔ကို အလိုလိုက္သင့္တာအရာ လိုက္ၿပီး အလိုမလိုက္သင့္တာေတြမွာ စကားလံုးညင္ညင္သာသာနဲ႔ တစ္မ်ိဳး ဆူတာတစ္ဖံုနဲ႔ ဆံုးမဖို႔ လိုအပ္ပါတယ္။
(၅) ကေလးဆန္တယ္
ဘယ္အရြယ္ေရာက္ေရာက္ ကေလးဆန္တဲ့ပံုစံေတြ ရွိရင္ ေမးစရာ မလုိပါဘူး။ အဲ့ဒါ အငယ္ဆံုးေတြပါပဲ။ အဲ့ေတာ့ သင္ကိုယ္သင့္ ကေလးထိန္း ျဖစ္သြားၿပီလို႔သာ မွတ္ထားလိုက္ပါေတာ့။ ကေလးေတြက ျဖဴစင္သလို အငယ္ဆံုးေတြကလည္း ျဖဴစင္ၾကပါတယ္။ ကေလးဆန္တာေလးကပဲ သင့္ကို ေႂကြသြားေစတဲ့ အခ်က္ေတာင္ ျဖစ္ရင္ ျဖစ္ေနမွာပါ။ ကေလးလုိ ျဖဴစင္တဲ့ အျပဳအမူရွိတဲ့သူေတြကို လူေတြက ခ်စ္ခင္ၾကလို႔ သင္ေတာင္ နာမည္ေကာင္းရအံုးမွာပါ။
Written by Kham
Credit:shwemom
Unicodeဖြင့်ဖတ်ရန်
မိသားစုထဲမှာ အငယ်ဆုံးဖြစ်နေတဲ့သူတွေကို ချစ်မိရင် သတိထားရမယ့် အချက်များ
အငယ်ဆုံးလေး အဆိုးဆုံးလေးဆိုတာမျိုး ကြားဖူးကြလားတော့ မပြောတတ်ပေမယ့် အငယ်ဆုံးလေးတွေက ကလေးအဆန်ဆုံး ဆိုတာတော့ သိကြမှာပါ။ အငယ်ဆုံးတွေက ဘယ်ကိုပဲသွားသွား အငယ်ဆုံးဖြစ်ကြောင်း သိသာနေတဲ့သူတွေလည်း ဖြစ်ပါတယ်။ သူတို့လေးတွေကတော့ ရင့်ကျက်သွားရင်တောင် အငယ်ပုံစံကနေ ပျောက်မသွားတတ်ကြပါဘူး။ သင်က အငယ်ဆုံးလေး တစ်ယောက်ယောက်ကိုများ ချစ်မိနေရင် ဒါတွေကို သတိထားဖို့ လိုအပ်ပါတယ်။
(၁) တကယ်ချစ်မှ လက်တွဲပါ။
သူတို့လေးတွေကို တကယ် ချစ်ရဲ့လား၊ တကယ် လက်တွဲနိုင်မှာလား ကိုယ့်ကိုယ်ကို သေချာအောင် မေးပြီးမှ သေချာပြီဆိုမှ လက်တွဲသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့လေးတွေက သူတို့စိတ်ထဲ အရှိအတိုင်း သင့်ကို ဝန်ခံကြတာမို့ပါ။ မဟုတ်ရင် သူတို့လေးတွေကို သွားအပျော်မတွဲပါနဲ့။ အငယ်ဆုံးလေးတွေက စိတ်နုကြပါတယ်။ ဒါကြောင့် စိတ်ဒဏ်ရာလည်း ရလွယ်တာမို့ သူတို့ကို မကစားပါနဲ့။
(၂) ချစ်ရင် သည်းခံပါ
သူတို့လေးတွေကို ချစ်မိရင် သည်းခံဖို့သာ လုပ်ထားပါတော့။ သင့်ကို သူ့အိမ်မှာ ဆိုးနေကျအတိုင်းပဲ ဆိုးတော့မှာပါ။ သူ့ကို သည်းခံလေလေ သင့်ကို ပိုပြီး အချစ်တိုးလေလေ ဖြစ်မှာမို့ သည်းခံတာက သင်တို့နှစ်ယောက်လုံး ပျော်ရမယ့် လမ်းပါပဲ။
(၃) ချော့ပါ
ဘာပဲဖြစ်ပါစေ ချော့သာ ချော့ပါ။ သူတို့က အချော့အရမ်းကြိုက်ပါတယ်။ တစ်ခါတစ်လေ အချော့ခံချင်လို့ သင့်ကို စိတ်ကောက်စရာ ဘာမှမရှိပဲ ကောက်ချင်ကောက်နေမှာပါ။ ဒါကြောင့် ချော့သာချော့ပါ။ သင့်ကို ချစ်လို့ သူတို့ အဲ့လို ဆိုးနေတာပါ။
(၄) တဇွတ်ထိုး လုပ်တတ်တယ်
အငယ်ဆုံးတွေက သူတို့လုပ်ချင်တာဆို လုပ်ရမှ ကျေနပ်တဲ့သူတွေပါ။ ဒါကြောင့် တဇွတ်ထိုး လုပ်တာတွေ မြင်ရမှာပါ။ ဒါပေမဲ့ အဲ့လိုအချိန်တွေမှာ သူတို့ကို အလိုလိုက်သင့်တာအရာ လိုက်ပြီး အလိုမလိုက်သင့်တာတွေမှာ စကားလုံးညင်ညင်သာသာနဲ့ တစ်မျိုး ဆူတာတစ်ဖုံနဲ့ ဆုံးမဖို့ လိုအပ်ပါတယ်။
(၅) ကလေးဆန်တယ်
ဘယ်အရွယ်ရောက်ရောက် ကလေးဆန်တဲ့ပုံစံတွေ ရှိရင် မေးစရာ မလိုပါဘူး။ အဲ့ဒါ အငယ်ဆုံးတွေပါပဲ။ အဲ့တော့ သင်ကိုယ်သင့် ကလေးထိန်း ဖြစ်သွားပြီလို့သာ မှတ်ထားလိုက်ပါတော့။ ကလေးတွေက ဖြူစင်သလို အငယ်ဆုံးတွေကလည်း ဖြူစင်ကြပါတယ်။ ကလေးဆန်တာလေးကပဲ သင့်ကို ကြွေသွားစေတဲ့ အချက်တောင် ဖြစ်ရင် ဖြစ်နေမှာပါ။ ကလေးလို ဖြူစင်တဲ့ အပြုအမူရှိတဲ့သူတွေကို လူတွေက ချစ်ခင်ကြလို့ သင်တောင် နာမည်ကောင်းရအုံးမှာပါ။
Written by Kham
Credit:shwemom
Sign up here with your email
ConversionConversion EmoticonEmoticon