

Zawgyiဖြင့်ဖတ်ရန်






(၃) ယုံကြည်မှု မရဘူး






Written by Kham

Credit:shwemom

Unicodeဖြင့်ဖတ်ရန်

ရုပ်ချောတဲ့သူတွေ Single ဖြစ်နေရခြင်းရဲ့ ထူးထူးခြားခြား အကြောင်းအရင်းများ

ရုပ်ချောတဲ့သူတွေကို ကြည့်လိုက်ရင် အတွဲမရှိ ဖြစ်ကြတာ များပါတယ်။ လူတိုင်းအတွဲ ရှိနေကြပေမဲ့ လူတိုင်း ရုပ်ချောမနေပါဘူး။ အဲ့လို ထူးခြားတာကြောင့်ကို ရုပ်ချောတဲ့ သူတွေက single ဖြစ်နေကြတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခြား ထူးထူးဆန်းဆန်းအချက်တွေ ရှိနေပါသေးတယ်။

(၁) ကြိုက်တဲ့သူများလို့

ကြိုက်တဲ့သူတွေက များတော့ အားနာတတ်သွားကြသလို မာန်လည်း တက်သွားပါတယ်။ အဲ့သည့် နှစ်ချက်လုံးကြောင့်ပဲ ဘယ်သူ့ကို ရွေးချယ်ရမှန်း မသိတော့သလို ဘယ်သူ့ကိုမှလည်း မရွေးချယ်ချင်ကြပါဘူး။ စိတ်ရှုပ်သွားတတ်ကြတာကြောင့် Single က အကောင်းဆုံးလို့ လက်ခံလိုက်ကြပါတော့တယ်။

(၂) ကိုယ်နဲ့ ကိုက်ညီတဲ့သူ မတွေ့လို့

ရုပ်ချောတဲ့သူအများစုက ကိုယ်နဲ့ကိုက်ညီမယ့်သူကိုသာ လိုချင်ကြပါတယ်။ သူ့လိုပဲ ရုပ်ချော သဘောကောင်းပြီး ဉာဏ်ပါကောင်းစေချင်တာမျိုးကို ရှာတတ်ကြတာကြောင့် ရှာမတွေ့တတ်ကြပါဘူး။ တွေ့လိုက်ရင် ရုပ်ကတော့ချောပေမဲ့ အကျင့်က အဆင်မပြေ၊ အကျင့်က ပြေနေပေမယ့် ရုပ်ကို မကြိုက် စတာတွေနဲ့ လည်နေတတ်ပါတယ်။ ဒီလိုနဲ့ပဲ single life က ပိုကြာနေတတ်ပါတယ်။

(၃) ယုံကြည်မှု မရဘူး

လူတွေက သူတို့ကို ရုပ်ရည်ချောနေတဲ့အတွက် မယုံကြပါဘူး။ သူတို့ကို ပြန်ကြိုက်မိရင်တောင် တကယ်မကြိုက်ပါဘူး။ သူတို့ကို လာကစားတာလို့ပဲ ထင်တတ်ကြပါတယ်။ ဒါကြောင့်ပဲ အဆင်မပြေဖြစ်ပြီး ရည်းစားဘဝတောင် မရောက်တာ များပါတယ်။ ရပြန်ရင်လည်း ကြာကြာမခံပါဘူး။

(၄) တစ်ယောက်တည်း ရုပ်ချောနေရတာကို သဘောကျလို့

ကိုယ့်ကိုယ်ကို သဘောကျပြီးရင်း ကျနေတတ်တာကြောင့် တစ်ခြားသူတွေကို သူ့လောက်တောင် သဘောကျစရာမကောင်းဘူးလို့ ထင်တတ်ကြပါသေးတယ်။ ဒါကြောင့် ဘယ်သူ့ကိုမှ သဘောမကျပဲ Single ဖြစ်နေတာပါ။

(၅) သိမ်ငယ်လို့ (သို့) အားနာလို့

တကယ်လို့ ရုပ်ချောတဲ့သူနဲ့ တွဲမယ်ဆိုရင်လည်း ရုပ်ချောလို့တွဲတာဆိုပြီး အပြောခံရမှာကြောင့် confidence မရှိသလို ရုပ်သိပ်မချောတဲ့သူ တွဲမိရင်လည်း သူနဲ့ တွဲတဲ့သူ အပြောခံရမှာကို အားနာနေတာနဲ့ပဲ ဘယ်သူနဲ့မှ မတွဲဖြစ်တော့ပဲ အေးအေးဆေးဆေးပဲ နေဖြစ်တော့တာမျိုးပါ။

Written by Kham

Credit:shwemom
Previous
Next Post »
Powered by Blogger.