ဝဝျပည့္ျပည့္ေလးေတြက အမွန္တကယ္ ခ်စ္ဖို႔ေကာင္းေၾကာင္း သက္ေသျပေနတဲ့ အခ်က္မ်ား


Zawgyiျဖင့္ဖတ္ရန္

ဝလို႔ လွလို႔ ပါလားဆိုတာ အလကားေပၚလာတဲ့ စကားမဟုတ္ပါဘူးေနာ္။ ဝဝျပည့္ျပည့္ေလး ျဖစ္ေနမွ လူက ၾကည့္ေကာင္းေနတာပါ။ ပိန္ကပ္ေနလို႔ ၾကည့္ေကာင္းတယ္ဆိုတာ မရွိပါဘူး။ ဝတာ ဖက္ထားလို႔ ရတယ္။ ပိန္တာ အရိုးဆူးရံုပဲ ရွိမွာပါ။ ဒါတင္ မကေသးပါဘူး။ ေအာက္က အခ်က္ေတြေၾကာင့္လည္း ဝဝကစ္ကစ္ေလးေတြက ပိုခ်စ္ဖို႔ေကာင္းေနတာပါ။

(၁) အစားအေသာက္ကို တန္ဖိုးထားတယ္

ေကာင္းေကာင္းစားႏိုင္တဲ့ ေကာင္မေလးမ်ိဳးကို လူႀကီးေတြက သေဘာက်တတ္ပါသတဲ့။ တကယ္က လူတိုင္းနီးပါးက ေကာင္းေကာင္းစားႏိုင္တဲ့ ေကာင္မေလးေတြကို ခ်စ္ၾကပါတယ္။ ဘာလို႔လဲဆိုေတာ့ အစားအေသာက္ကို အေလးထားၿပီး စားတယ္လို႔ ယူဆတာေၾကာင့္ ျဖစ္ပါတယ္။ အစားအေသာက္ကို တန္ဖိုးမထားပဲ စားတတ္တဲ့ သူမ်ိဳးကို လူေတြက သိပ္သေဘာမက်ပါဘူး။

(၂) စိတ္ဖိစီးမႈ နည္းတယ္

လူတိုင္းမွာ စိတ္ဖိစီးမႈ အနည္းနဲ႔အမ်ားေတာ့ ရွိတတ္ၾကပါတယ္။ ဒါေပမဲ့ သူတို႔ေလးေတြကေတာ့ စိတ္ညစ္ရင္ျဖစ္ျဖစ္ ေပ်ာ္ရင္ျဖစ္ျဖစ္ အစားစားတတ္ၾကပါတယ္။ ဒါေၾကာင့္ သူတို႔ရဲ႕ စိတ္ဖိစီးမႈကိုေျဖရွင္းနည္းက အစားစားလိုက္တာပဲ ျဖစ္ပါတယ္။ ဒီအခ်က္ေၾကာင့္ပဲ သူ႔တို႔မ်က္ႏွာေလးေတြက အျမဲ ၾကည္လင္ၿပီး ခ်စ္ဖို႔ေကာင္းေနတာပဲ ျဖစ္ပါတယ္။

(၃) ရုပ္ႏုတယ္ ကေလးက်ေနတာပဲ

အသားေလးေတြ ျပည့္ျပည့္ေဖာင္းေဖာင္း ရွိေနတာမ်ိဳးက ကေလးေတြမွာလည္း ရွိတတ္ပါတယ္။ လူေတြက အဲ့လို ဝဝေဖာင္းေဖာင္းေလးေတြကို ျမင္ရင္ အသည္းယားသလို ပါးေလးေတြ လက္ကေလးေတြကို ဖ်စ္ခ်င္ ညွစ္ခ်င္စိတ္ ျဖစ္လာတတ္ၾကပါတယ္။ ဒါက ခ်စ္တဲ့စိတ္ေၾကာင့္ ျဖစ္ေပၚလာတာပဲ ျဖစ္ပါတယ္။ ခ်စ္စရာေကာင္းတာေၾကာင့္ ခ်စ္တဲ့စိတ္ ျဖစ္ေစတာပါ။

(၄) ဖက္လို႔ ေကာင္းတယ္

လူတစ္ေယာက္ကို တစ္ေယာက္ဖက္တဲ့အခါ က်န္းမာေရးအတြက္ ေကာင္းေစတဲ့ ဓာတ္ေတြ ခႏၶာကိုယ္က ထြက္သလို ေႏြးေထြးမႈကို ခံစားရတတ္ပါတယ္။ ပိန္တဲ့သူကို ဖက္ရတာနဲ႔ ဝဝေလးေတြကို ဖက္ရတာဆို ဝဝေလးေတြကို ဖက္ရတာက ပိုၿပီး စိတ္ၾကည္ႏူးမႈကို ရရွိေစႏိုင္ပါတယ္။

(၅) ဆြဲေဆာင္မႈ ရွိတယ္

ဝဝကစ္ကစ္ေလး ျဖစ္ေနတာကပဲ သူ႔ကို စိတ္ဝင္စားစရာေကာင္းေနတာပါ။ လမ္းမွာ ဝဝကစ္ကစ္ေလးေတြကို ေတြ႔ရင္ ဝဝေဖာင္းေဖာင္းေလး ခ်စ္စရာေလးလို႔ လူေတြက ေရရြတ္ေလ့ရွိသလို သေဘာက်စြာ လိုက္ၾကည့္ေနေလ့ရွိပါတယ္။ ပိန္တဲ့သူေတြထက္စာရင္ ၾကည့္ေကာင္းေနတာကလည္း သူတို႔ကို ဆြဲေဆာင္မႈ ရွိေစတဲ့ အခ်က္ပဲ ျဖစ္ပါတယ္။

Written by Kham

Credit:Aunty May

Unicodeဖြင့်ဖတ်ရန်

ဝဝပြည့်ပြည့်လေးတွေက အမှန်တကယ် ချစ်ဖို့ကောင်းကြောင်း သက်သေပြနေတဲ့ အချက်များ

ဝလို့ လှလို့ ပါလားဆိုတာ အလကားပေါ်လာတဲ့ စကားမဟုတ်ပါဘူးနော်။ ဝဝပြည့်ပြည့်လေး ဖြစ်နေမှ လူက ကြည့်ကောင်းနေတာပါ။ ပိန်ကပ်နေလို့ ကြည့်ကောင်းတယ်ဆိုတာ မရှိပါဘူး။ ဝတာ ဖက်ထားလို့ ရတယ်။ ပိန်တာ အရိုးဆူးရုံပဲ ရှိမှာပါ။ ဒါတင် မကသေးပါဘူး။ အောက်က အချက်တွေကြောင့်လည်း ဝဝကစ်ကစ်လေးတွေက ပိုချစ်ဖို့ကောင်းနေတာပါ။

(၁) အစားအသောက်ကို တန်ဖိုးထားတယ်

ကောင်းကောင်းစားနိုင်တဲ့ ကောင်မလေးမျိုးကို လူကြီးတွေက သဘောကျတတ်ပါသတဲ့။ တကယ်က လူတိုင်းနီးပါးက ကောင်းကောင်းစားနိုင်တဲ့ ကောင်မလေးတွေကို ချစ်ကြပါတယ်။ ဘာလို့လဲဆိုတော့ အစားအသောက်ကို အလေးထားပြီး စားတယ်လို့ ယူဆတာကြောင့် ဖြစ်ပါတယ်။ အစားအသောက်ကို တန်ဖိုးမထားပဲ စားတတ်တဲ့ သူမျိုးကို လူတွေက သိပ်သဘောမကျပါဘူး။

(၂) စိတ်ဖိစီးမှု နည်းတယ်

လူတိုင်းမှာ စိတ်ဖိစီးမှု အနည်းနဲ့အများတော့ ရှိတတ်ကြပါတယ်။ ဒါပေမဲ့ သူတို့လေးတွေကတော့ စိတ်ညစ်ရင်ဖြစ်ဖြစ် ပျော်ရင်ဖြစ်ဖြစ် အစားစားတတ်ကြပါတယ်။ ဒါကြောင့် သူတို့ရဲ့ စိတ်ဖိစီးမှုကိုဖြေရှင်းနည်းက အစားစားလိုက်တာပဲ ဖြစ်ပါတယ်။ ဒီအချက်ကြောင့်ပဲ သူ့တို့မျက်နှာလေးတွေက အမြဲ ကြည်လင်ပြီး ချစ်ဖို့ကောင်းနေတာပဲ ဖြစ်ပါတယ်။

(၃) ရုပ်နုတယ် ကလေးကျနေတာပဲ

အသားလေးတွေ ပြည့်ပြည့်ဖောင်းဖောင်း ရှိနေတာမျိုးက ကလေးတွေမှာလည်း ရှိတတ်ပါတယ်။ လူတွေက အဲ့လို ဝဝဖောင်းဖောင်းလေးတွေကို မြင်ရင် အသည်းယားသလို ပါးလေးတွေ လက်ကလေးတွေကို ဖျစ်ချင် ညှစ်ချင်စိတ် ဖြစ်လာတတ်ကြပါတယ်။ ဒါက ချစ်တဲ့စိတ်ကြောင့် ဖြစ်ပေါ်လာတာပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတာကြောင့် ချစ်တဲ့စိတ် ဖြစ်စေတာပါ။

(၄) ဖက်လို့ ကောင်းတယ်

လူတစ်ယောက်ကို တစ်ယောက်ဖက်တဲ့အခါ ကျန်းမာရေးအတွက် ကောင်းစေတဲ့ ဓာတ်တွေ ခန္ဓာကိုယ်က ထွက်သလို နွေးထွေးမှုကို ခံစားရတတ်ပါတယ်။ ပိန်တဲ့သူကို ဖက်ရတာနဲ့ ဝဝလေးတွေကို ဖက်ရတာဆို ဝဝလေးတွေကို ဖက်ရတာက ပိုပြီး စိတ်ကြည်နူးမှုကို ရရှိစေနိုင်ပါတယ်။

(၅) ဆွဲဆောင်မှု ရှိတယ်

ဝဝကစ်ကစ်လေး ဖြစ်နေတာကပဲ သူ့ကို စိတ်ဝင်စားစရာကောင်းနေတာပါ။ လမ်းမှာ ဝဝကစ်ကစ်လေးတွေကို တွေ့ရင် ဝဝဖောင်းဖောင်းလေး ချစ်စရာလေးလို့ လူတွေက ရေရွတ်လေ့ရှိသလို သဘောကျစွာ လိုက်ကြည့်နေလေ့ရှိပါတယ်။ ပိန်တဲ့သူတွေထက်စာရင် ကြည့်ကောင်းနေတာကလည်း သူတို့ကို ဆွဲဆောင်မှု ရှိစေတဲ့ အချက်ပဲ ဖြစ်ပါတယ်။

Written by Kham

Credit:Aunty May
Previous
Next Post »
Powered by Blogger.