ငယ္ပါထဲ ထိုးသြင္းရမယ့္ အမ်ိဳးသား,သားဆက္ျခားေဆး၊ မၾကာမီမွာ အသုံးျပဳႏိုင္မည္


Zawgyiျဖင့္ဖတ္ရန္

လက္တေလာ အိမ္ေထာင္သည္ေတြၾကားမွာ အသုံးမ်ားတဲ့ သားဆက္ျခားေဆးေတြကေတာ့ အမ်ိဳးသမီးေတြ သီးသန႔္ သုံးရတဲ့ေဆးျဖစ္ၿပီး၊ ေသာက္ေဆး၊ အေရးေပၚေသာက္ေဆးနဲ႔ ထိုးေဆးဆိုၿပီး ရွိပါတယ္။ ဒီလိုမွမဟုတ္လည္း ခြဲစိတ္ၿပီး သားဆက္ျခားနည္းကို သုံးႏိုင္ၿပီး-

လက္ေမာင္းအတြင္းကို သားဆက္ျခားပစၥည္း ထည့္သြင္းတဲ့နည္းကလည္း အသုံးမ်ားလာတဲ့ နည္းတစ္ခုျဖစ္ပါတယ္။ အခုေတာ့ အမ်ိဳးသား သားဆက္ျခားေဆး ေပၚလာပါၿပီ။ အဲဒီေဆးကို လာမည့္ (၆)လအတြင္းမွာ သုံးႏိုင္မွာျဖစ္ၿပီး၊ အမ်ိဳးသားရဲ႕ ေဝွးေစ့အတြင္းကို ထိုးသြင္းရမွာလို႔ သိရပါတယ္။

ဒီေဆးရဲ႕ထူးျခားခ်က္ကေတာ့ ေဆးထိုးသြင္းၿပီးတာနဲ႔ (၁၃)ႏွစ္အတြင္း ကေလးမရႏိုင္ဘူးလို႔ ဆိုပါတယ္။ ဒီေဆးကို တီထြင္ႏိုင္ခဲ့တဲ့အဖြဲ႕ကေတာ့ Indian Council of Medical Research (ICMR) ျဖစ္ၿပီး၊ ဒီေဆးဟာ ကမာၻမွာ ပထမဆုံး အမ်ိဳးသား သားဆက္ျခားေဆးလို႔ သိရပါတယ္။

ဒီထိုးေဆးဟာ ယခင္က အမ်ိဳးသားေတြ သားေၾကာျဖတ္တဲ့နည္းျဖစ္တဲ့ Surgical vasectomy အစား အစားထိုးဝင္ေရာက္ႏိုင္မယ္လို႔ ယုံၾကည္ရပါတယ္။ ဒါေပမယ့္ အသက္ခပ္ႀကီးႀကီး အမ်ိဳးသားမ်ားအဖို႔ ဒီေလာက္ ၾကာရွည္ေအာင္ သားဆက္ျခားေပးေနတဲ့ ေဆးက အဆင္မေျပႏိုင္ပါဘူုး။

အေၾကာင္းကေတာ့ ေဆးဟာ (၁၃)ႏွစ္အတြင္း သတၱိျပေနမွာ ျဖစ္ခ်င္းေၾကာင့္၊ ဇနီး အသက္ႀကီးလာတဲ့အခါမွ အႏၲရာယ္ရွိတဲ့ ကိုယ္ဝန္ရရွိမႈမ်ိဳး မေတာ္တဆ ျဖစ္ေစႏိုင္လို႔ပါ။ အမ်ိဳးသား (၃၀၃)ဦးကို စမ္းသပ္ခဲ့ရာမွာေတာ့ (၉၇.၃)အထိ ေအာင္ျမင္ခဲ့ပါတယ္။ ကာလအပိုင္းအျခားတစ္ခုသာ တားႏိုင္တဲ့ေဆးမ်ိဳးဆိုရင္ ပိုၿပီးထိေရာက္မယ္လို႔ ယူဆရပါတယ္။

Credit:နတ္သူႀကီး-AlinnMyay(အလင္းေျမ)

Unicodeဖြင့်ဖတ်ရန်

ငယ်ပါထဲ ထိုးသွင်းရမယ့် အမျိုးသား,သားဆက်ခြားဆေး၊ မကြာမီမှာ အသုံးပြုနိုင်မည်

လက်တလော အိမ်ထောင်သည်တွေကြားမှာ အသုံးများတဲ့ သားဆက်ခြားဆေးတွေကတော့ အမျိုးသမီးတွေ သီးသန့် သုံးရတဲ့ဆေးဖြစ်ပြီး၊ သောက်ဆေး၊ အရေးပေါ်သောက်ဆေးနဲ့ ထိုးဆေးဆိုပြီး ရှိပါတယ်။ ဒီလိုမှမဟုတ်လည်း ခွဲစိတ်ပြီး သားဆက်ခြားနည်းကို သုံးနိုင်ပြီး-

လက်မောင်းအတွင်းကို သားဆက်ခြားပစ္စည်း ထည့်သွင်းတဲ့နည်းကလည်း အသုံးများလာတဲ့ နည်းတစ်ခုဖြစ်ပါတယ်။ အခုတော့ အမျိုးသား သားဆက်ခြားဆေး ပေါ်လာပါပြီ။ အဲဒီဆေးကို လာမည့် (၆)လအတွင်းမှာ သုံးနိုင်မှာဖြစ်ပြီး၊ အမျိုးသားရဲ့ ဝှေးစေ့အတွင်းကို ထိုးသွင်းရမှာလို့ သိရပါတယ်။

ဒီဆေးရဲ့ထူးခြားချက်ကတော့ ဆေးထိုးသွင်းပြီးတာနဲ့ (၁၃)နှစ်အတွင်း ကလေးမရနိုင်ဘူးလို့ ဆိုပါတယ်။ ဒီဆေးကို တီထွင်နိုင်ခဲ့တဲ့အဖွဲ့ကတော့ Indian Council of Medical Research (ICMR) ဖြစ်ပြီး၊ ဒီဆေးဟာ ကမ္ဘာမှာ ပထမဆုံး အမျိုးသား သားဆက်ခြားဆေးလို့ သိရပါတယ်။

ဒီထိုးဆေးဟာ ယခင်က အမျိုးသားတွေ သားကြောဖြတ်တဲ့နည်းဖြစ်တဲ့ Surgical vasectomy အစား အစားထိုးဝင်ရောက်နိုင်မယ်လို့ ယုံကြည်ရပါတယ်။ ဒါပေမယ့် အသက်ခပ်ကြီးကြီး အမျိုးသားများအဖို့ ဒီလောက် ကြာရှည်အောင် သားဆက်ခြားပေးနေတဲ့ ဆေးက အဆင်မပြေနိုင်ပါဘူုး။

အကြောင်းကတော့ ဆေးဟာ (၁၃)နှစ်အတွင်း သတ္တိပြနေမှာ ဖြစ်ချင်းကြောင့်၊ ဇနီး အသက်ကြီးလာတဲ့အခါမှ အန္တရာယ်ရှိတဲ့ ကိုယ်ဝန်ရရှိမှုမျိုး မတော်တဆ ဖြစ်စေနိုင်လို့ပါ။ အမျိုးသား (၃၀၃)ဦးကို စမ်းသပ်ခဲ့ရာမှာတော့ (၉၇.၃)အထိ အောင်မြင်ခဲ့ပါတယ်။ ကာလအပိုင်းအခြားတစ်ခုသာ တားနိုင်တဲ့ဆေးမျိုးဆိုရင် ပိုပြီးထိရောက်မယ်လို့ ယူဆရပါတယ်။


Credit:နတ်သူကြီး-AlinnMyay(အလင်းမြေ)
Previous
Next Post »
Powered by Blogger.