Zawgyiျဖင့္ဖတ္ရန္
Gum Bleeding သြားဖုံး ေသြး ယိုစိမ့္ျခင္းသင့္သြားဖုံးဟာ အလိုလို ေနရင္း ဒါမွ မဟုတ္ သင္သြား တိုက္ရင္း ေသြးထြက္ လာခဲ့မယ္ ဆိုရင္ သြား ဖုံး ေသြးယိုစိမ့္ တယ္ လို႔ ဆိုႏိုင္ ပါၿပီ။တကယ္ လို႔မ်ား သင့္သြားဖုံး မွာ ေသြး ယိုစိမ့္ လာၿပီ ဆိုရင္ ေအာက္ပါ ေမးခြန္း မ်ား ကို ေျဖၾကား သင့္ပါတယ္။
၁။ သင့္သြားဖုံးမွ ေသြးယို စိမ့္ေနတာ ဘယ္ေလာက္ ၾကာေနၿပီ ျဖစ္ ပါသလဲ။
သင့္ အေျဖ ဟာ သင့္ ခံစားေန ရတဲ့ ေရာဂါ ဟာ နာတာရွည္ လား ။
အခုမွ ျဖစ္ေပၚတာလား ဆိုတာ သင္ခြဲျခား သိလာ ပါလိမ့္မယ္။
၂။ သင့္ သြားဖုံးမွ ေသြးယို မႈ ျဖစ္ပြား ေအာင္ သင့္မွာ ထိခိုက္ ဒါဏ္ရာ ရရွိဖူး ပါသလား။
တကယ္လို႔ သင့္မွာ အဲလို ထိခိုက္ ဒါဏ္ရာ မရွိခဲ့ဖူး ဆိုရင္ အလိုအေလွ်ာက္ ျဖစ္တတ္တဲ့ အျခားေသာ အေၾကာင္း အရာ မ်ား ကို ထည့္စဥ္းစား ရမွာ ျဖစ္ပါတယ္။
၃။ တျခား ေနရာမွ အလို အေလွ်ာက္ ေသြးယို စိမ့္ေသာ လကၡဏာမ်ား ကို သင္ ခံစား ေနရ ပါသလား။
ဥပမာ၊ ႏွာေခါင္း ေသြးလွ်ံျခင္း၊ အေရျပား တြင္ ေသြးေခ် ဥလြယ္ျခင္း၊ သင့္ရဲ႕ အဆစ္မ်ား ေ ယာင္ ယ မ္း ေနျခင္း၊
စသည့္တို႔ ျဖစ္ေနမယ္ ဆိုရင္ေတာ့ သင့္မွာ ေသြးႏွင့္ ဆိုင္တဲ့ ေသြး မတိတ္တဲ့ ေရာ ဂါ ရွိမရွိ ကို ေသခ်ာ စစ္ေဆး ဖို႔ လိုတယ္ ဆိုတာ ျပတာပါပဲ။
၄။ အခုလို မျဖစ္ခင္မွာ သင့္မွာ လည္ေခ်ာင္း နာခဲ့ဖူး ပါသလား။
လည္ေခ်ာင္း နာတာ ဒါမွမဟုတ္ တျခား ဗိုင္းရပ္စ္ ေရာဂါပိုး တခုခု တကယ္လို႔ ျဖစ္ခဲ့မယ္ ဆိုရင္ေ တာ့ ခႏၶာကိုယ္ ရဲ႕ ခုခံအား စနစ္က တဆင့္ ျဖစ္ေပၚတတ္ တဲ့ ေသြး မတိတ္တဲ့ ေရာဂါ ရွိမရွိ ကို ေသ ခ်ာ စစ္ဖို႔လိုပါတယ္။
၅။ သြားနဲ႔ခံတြင္း က်န္းမာေရး နဲ႔ ပတ္သတ္ ၿပီး သင့္ရဲ႕ သြား ဆရာဝန္ ကို ေနာက္ဆုံး ဘယ္ အခ်ိန္က ျပခဲ့ ပါသလဲ။
မွန္မွန္ ျပသ ခဲ့ပါသလား။ သြားပိုး စားေန တာ ရွိပါသလား ။ တကယ္ လို႔ အဲဒါေတြ ကို မွန္မွန္ မလုပ္ခဲ့ မိဘူး။
သြားပိုး စားတာေလး ေတြ ရွိေနမယ္ ဆိုရင္ေတာ့ သင့္မွာ သြား ဖုံးေယာင္ တဲ့ ေရာဂါ ကို ေသခ်ာ စစ္ေဆးဖို႔ လိုပါတယ္။
တခါ တေလမွာ တျခား ေသာ ေရာဂါ လကၡဏာမ်ား ကလည္း သင့္ ေရာဂါ ကိုေတြ႕ရွိဖို႔ အကူအ ညီ ေပးတတ္ တာေၾကာင့္
ဒီေရာဂါ လကၡဏာေလး ေတြ ရွိမရွိ ကို သင္ စစ္ေဆး ၾကည့္ ေစခ်င္ ပါတယ္ ။
၁။ ေသြးေျခဥ လြယ္ျခင္း၊ ႏွာေခါင္း ေသြးယိုျခင္း၊ မိန္းကေလး မ်ား တြင္ ရာသီ လာေသာ ပမာဏ မ်ား ေနတတ္ျခင္း
စတာေတြ ဟာ ေသြးမတိတ္တဲ့ ေရာဂါ ျဖစ္ဖို႔ မ်ားတဲ့ လကၡဏာ တခ်ိဳ႕ ပါပဲ။
၂။ ေမာပန္း လြယ္ျခင္း၊ ကိုယ္ အေလးခ်ိန္ ေလွ်ာ့က် လာျခင္း၊ ကိုယ္ အပူခ်ိန္ တက္ျခင္း၊
ညဖ က္ ေခြၽးထြက္ျခင္း စတာ ေတြ ကေတာ့ Lymphoma နဲ႔ ေသြး ကင္ဆာ လို ေရာဂါ မ်ိဳးမွာ ပိုမို ေ တြ႕ရ တတ္ ပါတယ္။
၃။ သြားဖုံးမွာ အနာ ရွိျခင္း ကေတာ့ သြားဖုံးေယာင္ ျခင္း ေၾကာင့္ ျဖစ္တတ္တဲ့ ေရာဂါ လကၡဏာ တခု ပါပဲ။
၄။ အေရျပား မွာ အစက္ အေပ်ာက္ေတြ ကို ေတြ႕လာ ရမယ္ ဆိုရင္ေတာ့ ေသြးမတိတ္ တဲ့ ေရာဂါ တခ်ိဳ႕ ကို စဥ္းစား ရပါလိမ့္ မယ္။
၅။ အာေခါင္ ေျခာက္ျခင္း ကေတာ့ ဆီးခ်ိဳ ေရာဂါ၊ တခ်ိဳ႕ေသာ ေဆးမ်ား ၊ ေသြးအား နည္းျခင္း၊
ခုခံ အားက်ဆင္းမႈ ေရာဂါ စသည္ တို႔တြင္ေတြ႕ရ တတ္ၿပီး ပါးစပ္ ေျခာက္ျခင္း ေၾကာင့္ သြား ဖုံးေယာ င္ ျခင္း ကို အားေပး ေစ ပါတယ္။
ဘာ့ေၾကာင့္လဲ …
သြား ဖုံးေသြးယို စိမ့္ျခင္း ဟာ သြား ဖုံးေၾကာင့္ ျဖစ္ေသာ ေရာဂါ အျပင္ အျခားေသာ အေၾကာင္း အ ရာ မ်ား ေၾကာင့္လည္း ျဖစ္တတ္ ပါတယ္။
ဒါေၾကာင့္ အျခား အေၾကာင္း အရာ မ်ားကို လည္း ရွာေဖြ ကုသ သင့္ ပါတယ္။ သြား ဖုံးေသြးယို စိမ့္ျခင္း ကို ျဖစ္ေပၚ ေစတဲ့ အေၾကာင္း အရာေတြ ကေတာ့
သြားဖုံးေယာင္ျခင္း
သြားဖုံးတြင္ ေရာဂါ တခုခုရွိျခင္း
ေသြးမတိတ္ ေသာ ေရာဂါမ်ား ေၾကာင့္ျဖစ္ျခင္း
ေသြးကင္ဆာ
ကိုယ္ဝန္ရွိစဥ္ သြားဖုံး ေသြးယိုျခင္း
ဗိုက္တာမင္ စီႏွင့္ အျခား ဗိုက္တာမင္ မ်ား ခ်ိဳ႕တဲ့ျခင္း
သြားပိုးစားျခင္းမွ တဆင့္ သြားဖုံး ေသြးယိုျခင္း
ပါးစပ္အတြင္း ပိုးဝင္ျခင္း
အရက္ေသစာ ေသာက္စားေသာ လူမ်ား တြင္ သြားဖုံးေသြး ယိုျခင္း
သြားဖုံး ေသြးယို စိမ့္ျခင္း ဟာ မ်ားေသာ အားျဖင့္ သြားဖုံး ေယာင္ျခင္း ေၾကာင့္ ျဖစ္ပါတယ္။
အခ်ိဳ ဓါတ္ မ်ားစြာ ပါဝင္ေသာ အစာမ်ား ကိုစားေသာက္ ျခင္း၊ သြား ပုံမွန္ မတိုက္ျခင္း သို႔ မဟုတ္ ခံတြင္း သန႔္ရွင္းေရး ကို ေသခ်ာ မလုပ္ျခင္း မ်ား ဟာ သြားမ်ားနဲ႔
သြားဖုံးမ်ား ပတ္ဝန္းက်င္ မွာ စားကြၽင္း စားက်န္စု မႈ ကို အားေပး ပါတယ။္
အခ်ိန္ၾကာ လာတာနဲ႔ အမွ် ဘက္တီးရီးယား မ်ား ခိုေအာင္ ဖို႔ ေ န ရာ တခု အျဖစ္ တည္ရွိ ကာ သြားဖုံး ေယာင္ျခင္း ကို အားေပး ပါတယ္။
ကိုယ္ဝန္ေဆာင္ မိခင္ ေတြမွာ ေဟာ္မုန္း ေျပာင္းလဲမႈ ေၾကာင့္ သြားဖုံးတြင္ ရွိေသာ အသားစ မ်ား ေ လ်ာ့ရဲကာ ေပ်ာ့ေျပာင္း လာျခင္း၊
ေသြးေလွ်ာက္ မ်ား လာျခင္းတို႔ေၾကာင့္ သြားဖုံး ေသြးယို တာ ျဖစ္ တတ္ ပါတယ္။
စိတ္ဖိစီးမႈ မ်ားျခင္း ၊ ေဆးလိပ္ေသာက္ ျခင္း၊ အစာ အဟာရ မွ်တစြာ စားေသာက္ မႈ မရွိျခင္း တို႔ က လည္း သြားဖုံး ေသြးယို ျခင္း ကို ပိုမို ျဖစ္ေစ ပါတယ္။
ဆီးခ်ိဳ ေဝဒနာရွင္ မ်ား ဆီးခ်ိဳ ေရာဂါ ထိန္းသိမ္းမႈ အား နည္းလွ်င္ သြားဖုံး ေသြးယိုျခင္း ျဖစ္ႏိုင္ သ လို၊ တခ်ိဳ႕ေသာ ေဆးမ်ား ကလည္း သြားဖုံး ေသြးယို စိမ့္ျခင္း ျဖစ္ႏိုင္ ပါတယ္။
သင္ ဘယ္လို ခံစား လာရမလဲ ။
ေရာဂါ တခုခု ရွိၿပီ ဆိုရင္ေတာ့ သြားဖုံးေတြ ဟာ နီၿပီး ေယာင္ လာ ပါတယ္။ ေနာက္ သြား တိုက္တဲ့ အခါ ေသြးထြက္ လာ တတ္ပါတယ္။
သြားဖုံး ေယာင္လာ တာ ကို ေသခ်ာ မကု ရင္ေတာ့ အနီးနား မွာရွိတဲ့ အသားမွ်င္ ေတြနဲ႔ အ႐ြတ္ ေတြ ကိုပါ ထိခိုက္ ေစၿပီး သြားယိုင္နဲ႔ တာေတြ၊
သြားနဲ႔ သြားဖုံး ၾကား မွာ အေခါင္း ေပါက္ျဖစ္ လာ တာ ေတြ ျဖစ္တတ္ ပါတယ္။ ေနာက္ဆုံး မွာ သြားကြၽတ္ ထြက္ တာ ၊ သြားဖုံး မွာ အနာ ျဖစ္တာေတြ အထိ ျဖစ္တတ္ ပါတယ္။
သြားဖုံးမ်ား ေယာင္ေနျခင္း ဟာ ေသြးကင္ဆာ၊ ကိုယ္ဝန္ေဆာင္ မ်ား၊ ဗိုက္တာမင္စီ ခ်ိဳတဲ့ သူမ်ား ၊ သြားဖုံးႏွင့္ သြားေျခေယာင္ ေသာ သူမ်ားတြင္ လည္း ျဖစ္တတ္ ပါတယ္။
ေဗလုံး
Hodgkin lymphoma ၊ ေသြးကင္ဆာ ၊ Lupus erythemtosus ၊ ေသြးမတိတ္ ေသာ ေရာဂါမ်ား ၊
႐ိုးတြင္း ခ်ဥ္စီမွာ ေသြးႏွင့္ ဆိုင္ေသာ ပစၥည္းမ်ား မထုတ္ လုပ္ ႏိုင္ေသာ ေသြး အားနည္း ေရာဂါ မ်ား တြင္ ေဗလုံးႀကီး ေနတတ္ ပါတယ္။
ေသြးေခ်ဥျခင္း
အေၾကာင္း အမ်ိဳးမ်ိဳး ေၾကာင့္ ေသြးတိတ္ ေစေသာ အရာ ( platelets ) နည္း ေနေသာ အေျခအေန မ်ား တြင္ ခႏၶာကိုယ္ အႏွံ႔ အျပား ၌
ေသြးေျခဥ ကေလးမ်ား ( အနီေရာင္ အစက္ အေပ်ာက္ ကေလးမ်ား ) ထြက္တတ္ ပါတယ္။
ေဆာင္ရန္ ေရွာင္ရန္မ်ား
သြားဖုံးမွာ သာမက တျခား ေနရာမ်ား ကပါ အလိုအ ေလွ်ာက္ ေသြးထြက္ ေနၿပီ ဆိုရင္ေတာ့ သင့္ရဲ႕ မိသားစု ဆရာဝန္နဲ႔ တိုင္ပင္ သင့္ပါတယ္။
ဒါမွမဟုတ္ သြားဖုံး တခု တည္းက ေသြးထြက္ ေနတယ္ ဆိုရင္ေတာ့ သြားႏွင့္ ခံတြင္းကို ေကာင္းမြန္ သန႔္ရွင္း ေအာင္ ထားတာဟာ သြား ေသြးယို စိမ့္တာ ကို
ကာကြယ္ ဖို႔နဲ႔ ကုသဖို႔ အေကာင္း ဆုံး နည္းလမ္း တရပ္ပါပဲ။ ဒါေၾကာင့္ သင့္ရဲ႕ သြားေတြ ကို သြားတိုက္ ေဆးနဲ႔ မနက္ တႀကိမ္ ၊
ညအိမ္ရာဝင္ တႀကိမ္ အနည္းဆုံး တိုက္သင့္ၿပီး တႀကိမ္ တိုက္ လွ်င္ လည္း ႏွစ္မိနစ္ ခန႔္ၾကာေအာင္ တိုက္ေပး ရပါမယ္။
သြား တိုက္တဲ့အခါ သင့္သြားဖုံး ေတြ ေသြးထြက္ လာ တတ္တယ္ ဆိုရင္ေတာ့ သင္ သြားတိုက္တာ ၾကမ္း မၾကမ္း၊
သင့္ရဲ႕ သြားဖုံးေတြ ကိုႂကြတက္ လာေစၿပီး ေအာက္က သြားေျခေတြ ေပၚလာ ေအာင္ သင္တိုက္ မိသလား ဆိုတာကို အနည္းငယ္ စမ္းစစ္ ဖို႔လို ပါလိမ့္မယ္။
တကယ္လို႔ ျပဳမူ မိခဲ့မယ္ ဆိုရင္ေတာ့ အဲဒီ အက်င့္ ကေလးကို ေဖ်ာက္ၿပီး မွန္ကန္တဲ့ သြားတိုက္နည္း အတိုင္း တိုက္သင့္ ပါတယ္။
သြားတိုက္ျခင္း က သြားမ်ား ကို သန႔္ရွင္း ေစဖို႔ တခု တည္းေသာ နည္းလမ္း ျဖစ္သလို သြားမ်ား ၾကားကို သန႔္ရွင္း ဖို႔လည္း အလြန္ အေရးႀကီး ပါတယ္။
ဒါေၾကာင့္ သြားမ်ား ၾကား ကို သန႔္ရွင္း ေစ ဖို႔ သြားၾကား ထိုး တဲ့ႀကိဳး ကေလးမ်ား ကို အသုံးျပဳၿပိး သန႔္ရွင္း ႏိုင္ပါတယ္။
သင့္မွာ အျခား ေ သာ ေ ရာ ဂါမ်ား မရွိပဲ သြားနဲ႔ သြားဖုံး ဆိုင္ရာ ေရာဂါ ေၾကာင့္ သြား ေသြးထြက္ ခဲ့ရင္ ေတာ့ သြား တိုက္ ျခင္း သြားၾကားထိုး တဲ့ႀကိဳးနဲ႔ သြားၾကား ထိုးျခင္း တို႔ဟာ
ေသြး ဆက္ ထြက္ႏိုင္ ေပ မယ့္ ေ နာင္ ျဖစ္မဲ့ ျပႆနာမ်ား ကို ေက်ာ္လႊား ႏိုင္ဖို႔ ဆရာဝန္နဲ႔ တိုင္ပင္ၿပီး ဆက္ လုပ္သင့္ ပါတယ္။
သြား တိုက္ ၿပီးေသာ အခါ ပလုတ္က်င္း ျခင္း၊ ခံတြင္းနံ႔ေမႊး ေစေသာ ပစၥည္းမ်ား ကို သုံးျခင္း ဟာ လည္း သြားမ်ား ၾကားမွာ ကပ္တြယ္ ေနတဲ့ အစာမ်ား ကို ဖယ္ရွား ေပး တာေၾကာင့္ အက်ိဳး ရွိေစ ပါတယ္။
သြားဖုံးေသြးယိုစိမ့္ မႈ မျဖစ္ေအာင္ ကာကြယ္မယ္ဆိုရင္
ခံတြင္း သန႔္ရွင္းမႈ ကို ေန႔စဥ္ မျပတ္ ျပဳလုပ္ၿပီး ေနာက္ သၾကားလုံး၊ ေခ်ာကလက္၊ အခ်ိဳရည္ ေစ သာ အခ်ိဳ မ်ားသည့္ အစား အေသာက္မ်ား ကို ေလွ်ာ့စားျခင္း၊ ၊
ေကာ္ဖီ လက္ဘက္ရည္ ထဲသို႔ သၾကားမ်ားမ်ား ထည့္ေသာက္ ျခင္း မ်ား ကို ေရွာင္က်ဥ္သင့္ ပါတယ္။ အစာ တခု ႏွင့္ တခု ၾကား တြင္ အစာေျပ စားျခင္း မ်ား ကလည္း သြား ဖုံး ေယာင္ျခင္း ကို
တဖက္ တလမ္းမွ အားေပး ေ သာ ေၾကာင့္ ထိုသို႔စားေသာက္ျခင္း ကိုလည္း ဆင္ျခင္ သင့္ပါတယ္။
ေဆးလိပ္ ေသာက္ျခင္း ဟာ ေသြး ထဲမွာ ရွိတဲ့ ေအာက္ဆီဂ်င္ ပမာဏ ကို နည္းပါး ေစၿပီး သြား ဖုံးမ်ား ကို မာေက်ာ ေစကာ သြားဖုံး က်န္းမာမႈ ကို ထိခိုက္ ေစပါတယ္။
ေဆးလိပ္ ေသာက္ သည့္ ပမာဏ ကို ေလွ်ာ့ခ် ျခင္း ၊ျဖစ္ႏိုင္ လွ်င္ ေဆးလိပ္ ျဖတ္ျခင္း က သြား ဂ်ီးတက္ျခင္း ကို ကာကြ ယ္ ေပးသည့္ အျပင္ ဘက္တီးရီးယား မ်ား
ခိုေအာင္း ႏိုင္ေသာ အလႊာ တခု ျဖစ္ေပၚမႈ ကိုလည္း ေ ႏွာင့္ေႏွး ေစပါတယ္။
အကယ္၍ မ်ား သင္ဟာ အံကပ္ တပ္ထားရ တဲ့သူ ျဖစ္ၿပီး သင့္ရဲ႕ အံကပ္ ဟာ သင္နဲ႔ အဆင္ မေျပ ေသးဘူး ဆိုရင္ေတာ့ သင့္ရဲ႕ ဆရာဝန္နဲ႔ တိုင္ပင္ သင့္ပါတယ္။
တကယ္လို႔ အဲဒီ ျပႆနာ ကို လစ္လွ်ဴရႈ ခဲ့မယ္ ဆိုရင္ သင့္ရဲ႕ အံကပ္ ဟာ သြားဖုံး နဲ႔ ပြတ္တိုက္ မိၿပီး အနာ ျဖစ္ကာ ပိုးဝင္ေရာက္ ဖို႔ အခြင့္အလမ္း ပိုမ်ား လာပါ လိမ့္မယ္။
သင္ဟာ သင့္ရဲ႕ သြားဆရာဝန္ နဲ႔ အနည္းဆုံး တႏွစ္ကို တႀကိမ္ ၊ တကယ္လို႔မ်ား သင့္မွာ သြားနဲ႔ ခံတြင္း ဆိုင္ရာ ျပသနာ တခုခု ရွိခဲ့မယ္ ဆိုရင္ေတာ့
တႏွစ္ကို တႀကိမ္ ထက္ ပိုၿပီး သြား ေရာက္ကာ သင့္ က်န္းမာေရး အတြက္ တိုင္ပင္ သင့္ပါတယ။္
Credit:မြန္းသက္ပန္ ( ေဆး – ၁ )
Unicodeဖြင့်ဖတ်ရန်
တကယ် လို့များ သင့်သွားဖုံး မှာ သွေး ယိုစိမ့် လာပြီ ဆိုရင် အောက်ပါ မေးခွန်း များ ကို ဖြေကြား သင့်ပါတယ်
Gum Bleeding သွားဖုံး သွေး ယိုစိမ့်ခြင်း
သင့်သွားဖုံးဟာ အလိုလို နေရင်း ဒါမှ မဟုတ် သင်သွား တိုက်ရင်း သွေးထွက် လာခဲ့မယ် ဆိုရင် သွား ဖုံး သွေးယိုစိမ့် တယ် လို့ ဆိုနိုင် ပါပြီ။
တကယ် လို့များ သင့်သွားဖုံး မှာ သွေး ယိုစိမ့် လာပြီ ဆိုရင် အောက်ပါ မေးခွန်း များ ကို ဖြေကြား သင့်ပါတယ်။
၁။ သင့်သွားဖုံးမှ သွေးယို စိမ့်နေတာ ဘယ်လောက် ကြာနေပြီ ဖြစ် ပါသလဲ။
သင့် အဖြေ ဟာ သင့် ခံစားနေ ရတဲ့ ရောဂါ ဟာ နာတာရှည် လား ။
အခုမှ ဖြစ်ပေါ်တာလား ဆိုတာ သင်ခွဲခြား သိလာ ပါလိမ့်မယ်။
၂။ သင့် သွားဖုံးမှ သွေးယို မှု ဖြစ်ပွား အောင် သင့်မှာ ထိခိုက် ဒါဏ်ရာ ရရှိဖူး ပါသလား။
တကယ်လို့ သင့်မှာ အဲလို ထိခိုက် ဒါဏ်ရာ မရှိခဲ့ဖူး ဆိုရင် အလိုအလျှောက် ဖြစ်တတ်တဲ့ အခြားသော အကြောင်း အရာ များ ကို ထည့်စဉ်းစား ရမှာ ဖြစ်ပါတယ်။
၃။ တခြား နေရာမှ အလို အလျှောက် သွေးယို စိမ့်သော လက္ခဏာများ ကို သင် ခံစား နေရ ပါသလား။
ဥပမာ၊ နှာခေါင်း သွေးလျှံခြင်း၊ အရေပြား တွင် သွေးချေ ဥလွယ်ခြင်း၊ သင့်ရဲ့ အဆစ်များ ေ ယာင် ယ မ်း နေခြင်း၊
စသည့်တို့ ဖြစ်နေမယ် ဆိုရင်တော့ သင့်မှာ သွေးနှင့် ဆိုင်တဲ့ သွေး မတိတ်တဲ့ ရော ဂါ ရှိမရှိ ကို သေချာ စစ်ဆေး ဖို့ လိုတယ် ဆိုတာ ပြတာပါပဲ။
၄။ အခုလို မဖြစ်ခင်မှာ သင့်မှာ လည်ချောင်း နာခဲ့ဖူး ပါသလား။
လည်ချောင်း နာတာ ဒါမှမဟုတ် တခြား ဗိုင်းရပ်စ် ရောဂါပိုး တခုခု တကယ်လို့ ဖြစ်ခဲ့မယ် ဆိုရင်ေ တာ့ ခန္ဓာကိုယ် ရဲ့ ခုခံအား စနစ်က တဆင့် ဖြစ်ပေါ်တတ် တဲ့ သွေး မတိတ်တဲ့ ရောဂါ ရှိမရှိ ကို သေ ချာ စစ်ဖို့လိုပါတယ်။
၅။ သွားနဲ့ခံတွင်း ကျန်းမာရေး နဲ့ ပတ်သတ် ပြီး သင့်ရဲ့ သွား ဆရာဝန် ကို နောက်ဆုံး ဘယ် အချိန်က ပြခဲ့ ပါသလဲ။
မှန်မှန် ပြသ ခဲ့ပါသလား။ သွားပိုး စားနေ တာ ရှိပါသလား ။ တကယ် လို့ အဲဒါတွေ ကို မှန်မှန် မလုပ်ခဲ့ မိဘူး။
သွားပိုး စားတာလေး တွေ ရှိနေမယ် ဆိုရင်တော့ သင့်မှာ သွား ဖုံးယောင် တဲ့ ရောဂါ ကို သေချာ စစ်ဆေးဖို့ လိုပါတယ်။
တခါ တလေမှာ တခြား သော ရောဂါ လက္ခဏာများ ကလည်း သင့် ရောဂါ ကိုတွေ့ရှိဖို့ အကူအ ညီ ပေးတတ် တာကြောင့်
ဒီရောဂါ လက္ခဏာလေး တွေ ရှိမရှိ ကို သင် စစ်ဆေး ကြည့် စေချင် ပါတယ် ။
၁။ သွေးခြေဥ လွယ်ခြင်း၊ နှာခေါင်း သွေးယိုခြင်း၊ မိန်းကလေး များ တွင် ရာသီ လာသော ပမာဏ များ နေတတ်ခြင်း
စတာတွေ ဟာ သွေးမတိတ်တဲ့ ရောဂါ ဖြစ်ဖို့ များတဲ့ လက္ခဏာ တချို့ ပါပဲ။
၂။ မောပန်း လွယ်ခြင်း၊ ကိုယ် အလေးချိန် လျှော့ကျ လာခြင်း၊ ကိုယ် အပူချိန် တက်ခြင်း၊
ညဖ က် ချွေးထွက်ခြင်း စတာ တွေ ကတော့ Lymphoma နဲ့ သွေး ကင်ဆာ လို ရောဂါ မျိုးမှာ ပိုမို ေ တွ့ရ တတ် ပါတယ်။
၃။ သွားဖုံးမှာ အနာ ရှိခြင်း ကတော့ သွားဖုံးယောင် ခြင်း ကြောင့် ဖြစ်တတ်တဲ့ ရောဂါ လက္ခဏာ တခု ပါပဲ။
၄။ အရေပြား မှာ အစက် အပျောက်တွေ ကို တွေ့လာ ရမယ် ဆိုရင်တော့ သွေးမတိတ် တဲ့ ရောဂါ တချို့ ကို စဉ်းစား ရပါလိမ့် မယ်။
၅။ အာခေါင် ခြောက်ခြင်း ကတော့ ဆီးချို ရောဂါ၊ တချို့သော ဆေးများ ၊ သွေးအား နည်းခြင်း၊
ခုခံ အားကျဆင်းမှု ရောဂါ စသည် တို့တွင်တွေ့ရ တတ်ပြီး ပါးစပ် ခြောက်ခြင်း ကြောင့် သွား ဖုံးယော င် ခြင်း ကို အားပေး စေ ပါတယ်။
ဘာ့ကြောင့်လဲ …
သွား ဖုံးသွေးယို စိမ့်ခြင်း ဟာ သွား ဖုံးကြောင့် ဖြစ်သော ရောဂါ အပြင် အခြားသော အကြောင်း အ ရာ များ ကြောင့်လည်း ဖြစ်တတ် ပါတယ်။
ဒါကြောင့် အခြား အကြောင်း အရာ များကို လည်း ရှာဖွေ ကုသ သင့် ပါတယ်။ သွား ဖုံးသွေးယို စိမ့်ခြင်း ကို ဖြစ်ပေါ် စေတဲ့ အကြောင်း အရာတွေ ကတော့
သွားဖုံးယောင်ခြင်း
သွားဖုံးတွင် ရောဂါ တခုခုရှိခြင်း
သွေးမတိတ် သော ရောဂါများ ကြောင့်ဖြစ်ခြင်း
သွေးကင်ဆာ
ကိုယ်ဝန်ရှိစဉ် သွားဖုံး သွေးယိုခြင်း
ဗိုက်တာမင် စီနှင့် အခြား ဗိုက်တာမင် များ ချို့တဲ့ခြင်း
သွားပိုးစားခြင်းမှ တဆင့် သွားဖုံး သွေးယိုခြင်း
ပါးစပ်အတွင်း ပိုးဝင်ခြင်း
အရက်သေစာ သောက်စားသော လူများ တွင် သွားဖုံးသွေး ယိုခြင်း
သွားဖုံး သွေးယို စိမ့်ခြင်း ဟာ များသော အားဖြင့် သွားဖုံး ယောင်ခြင်း ကြောင့် ဖြစ်ပါတယ်။
အချို ဓါတ် များစွာ ပါဝင်သော အစာများ ကိုစားသောက် ခြင်း၊ သွား ပုံမှန် မတိုက်ခြင်း သို့ မဟုတ် ခံတွင်း သန့်ရှင်းရေး ကို သေချာ မလုပ်ခြင်း များ ဟာ သွားများနဲ့
သွားဖုံးများ ပတ်ဝန်းကျင် မှာ စားကျွင်း စားကျန်စု မှု ကို အားပေး ပါတယ။်
အချိန်ကြာ လာတာနဲ့ အမျှ ဘက်တီးရီးယား များ ခိုအောင် ဖို့ ေ န ရာ တခု အဖြစ် တည်ရှိ ကာ သွားဖုံး ယောင်ခြင်း ကို အားပေး ပါတယ်။
ကိုယ်ဝန်ဆောင် မိခင် တွေမှာ ဟော်မုန်း ပြောင်းလဲမှု ကြောင့် သွားဖုံးတွင် ရှိသော အသားစ များ ေ လျာ့ရဲကာ ပျော့ပြောင်း လာခြင်း၊
သွေးလျှောက် များ လာခြင်းတို့ကြောင့် သွားဖုံး သွေးယို တာ ဖြစ် တတ် ပါတယ်။
စိတ်ဖိစီးမှု များခြင်း ၊ ဆေးလိပ်သောက် ခြင်း၊ အစာ အဟာရ မျှတစွာ စားသောက် မှု မရှိခြင်း တို့ က လည်း သွားဖုံး သွေးယို ခြင်း ကို ပိုမို ဖြစ်စေ ပါတယ်။
ဆီးချို ဝေဒနာရှင် များ ဆီးချို ရောဂါ ထိန်းသိမ်းမှု အား နည်းလျှင် သွားဖုံး သွေးယိုခြင်း ဖြစ်နိုင် သ လို၊ တချို့သော ဆေးများ ကလည်း သွားဖုံး သွေးယို စိမ့်ခြင်း ဖြစ်နိုင် ပါတယ်။
သင် ဘယ်လို ခံစား လာရမလဲ ။
ရောဂါ တခုခု ရှိပြီ ဆိုရင်တော့ သွားဖုံးတွေ ဟာ နီပြီး ယောင် လာ ပါတယ်။ နောက် သွား တိုက်တဲ့ အခါ သွေးထွက် လာ တတ်ပါတယ်။
သွားဖုံး ယောင်လာ တာ ကို သေချာ မကု ရင်တော့ အနီးနား မှာရှိတဲ့ အသားမျှင် တွေနဲ့ အရွတ် တွေ ကိုပါ ထိခိုက် စေပြီး သွားယိုင်နဲ့ တာတွေ၊
သွားနဲ့ သွားဖုံး ကြား မှာ အခေါင်း ပေါက်ဖြစ် လာ တာ တွေ ဖြစ်တတ် ပါတယ်။ နောက်ဆုံး မှာ သွားကျွတ် ထွက် တာ ၊ သွားဖုံး မှာ အနာ ဖြစ်တာတွေ အထိ ဖြစ်တတ် ပါတယ်။
သွားဖုံးများ ယောင်နေခြင်း ဟာ သွေးကင်ဆာ၊ ကိုယ်ဝန်ဆောင် များ၊ ဗိုက်တာမင်စီ ချိုတဲ့ သူများ ၊ သွားဖုံးနှင့် သွားခြေယောင် သော သူများတွင် လည်း ဖြစ်တတ် ပါတယ်။
ဗေလုံး
Hodgkin lymphoma ၊ သွေးကင်ဆာ ၊ Lupus erythemtosus ၊ သွေးမတိတ် သော ရောဂါများ ၊
ရိုးတွင်း ချဉ်စီမှာ သွေးနှင့် ဆိုင်သော ပစ္စည်းများ မထုတ် လုပ် နိုင်သော သွေး အားနည်း ရောဂါ များ တွင် ဗေလုံးကြီး နေတတ် ပါတယ်။
သွေးချေဥခြင်း
အကြောင်း အမျိုးမျိုး ကြောင့် သွေးတိတ် စေသော အရာ ( platelets ) နည်း နေသော အခြေအနေ များ တွင် ခန္ဓာကိုယ် အနှံ့ အပြား ၌
သွေးခြေဥ ကလေးများ ( အနီရောင် အစက် အပျောက် ကလေးများ ) ထွက်တတ် ပါတယ်။
ဆောင်ရန် ရှောင်ရန်များ
သွားဖုံးမှာ သာမက တခြား နေရာများ ကပါ အလိုအ လျှောက် သွေးထွက် နေပြီ ဆိုရင်တော့ သင့်ရဲ့ မိသားစု ဆရာဝန်နဲ့ တိုင်ပင် သင့်ပါတယ်။
ဒါမှမဟုတ် သွားဖုံး တခု တည်းက သွေးထွက် နေတယ် ဆိုရင်တော့ သွားနှင့် ခံတွင်းကို ကောင်းမွန် သန့်ရှင်း အောင် ထားတာဟာ သွား သွေးယို စိမ့်တာ ကို
ကာကွယ် ဖို့နဲ့ ကုသဖို့ အကောင်း ဆုံး နည်းလမ်း တရပ်ပါပဲ။ ဒါကြောင့် သင့်ရဲ့ သွားတွေ ကို သွားတိုက် ဆေးနဲ့ မနက် တကြိမ် ၊
ညအိမ်ရာဝင် တကြိမ် အနည်းဆုံး တိုက်သင့်ပြီး တကြိမ် တိုက် လျှင် လည်း နှစ်မိနစ် ခန့်ကြာအောင် တိုက်ပေး ရပါမယ်။
သွား တိုက်တဲ့အခါ သင့်သွားဖုံး တွေ သွေးထွက် လာ တတ်တယ် ဆိုရင်တော့ သင် သွားတိုက်တာ ကြမ်း မကြမ်း၊
သင့်ရဲ့ သွားဖုံးတွေ ကိုကြွတက် လာစေပြီး အောက်က သွားခြေတွေ ပေါ်လာ အောင် သင်တိုက် မိသလား ဆိုတာကို အနည်းငယ် စမ်းစစ် ဖို့လို ပါလိမ့်မယ်။
တကယ်လို့ ပြုမူ မိခဲ့မယ် ဆိုရင်တော့ အဲဒီ အကျင့် ကလေးကို ဖျောက်ပြီး မှန်ကန်တဲ့ သွားတိုက်နည်း အတိုင်း တိုက်သင့် ပါတယ်။
သွားတိုက်ခြင်း က သွားများ ကို သန့်ရှင်း စေဖို့ တခု တည်းသော နည်းလမ်း ဖြစ်သလို သွားများ ကြားကို သန့်ရှင်း ဖို့လည်း အလွန် အရေးကြီး ပါတယ်။
ဒါကြောင့် သွားများ ကြား ကို သန့်ရှင်း စေ ဖို့ သွားကြား ထိုး တဲ့ကြိုး ကလေးများ ကို အသုံးပြုပြိး သန့်ရှင်း နိုင်ပါတယ်။
သင့်မှာ အခြား ေ သာ ေ ရာ ဂါများ မရှိပဲ သွားနဲ့ သွားဖုံး ဆိုင်ရာ ရောဂါ ကြောင့် သွား သွေးထွက် ခဲ့ရင် တော့ သွား တိုက် ခြင်း သွားကြားထိုး တဲ့ကြိုးနဲ့ သွားကြား ထိုးခြင်း တို့ဟာ
သွေး ဆက် ထွက်နိုင် ပေ မယ့် ေ နာင် ဖြစ်မဲ့ ပြဿနာများ ကို ကျော်လွှား နိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆက် လုပ်သင့် ပါတယ်။
သွား တိုက် ပြီးသော အခါ ပလုတ်ကျင်း ခြင်း၊ ခံတွင်းနံ့မွှေး စေသော ပစ္စည်းများ ကို သုံးခြင်း ဟာ လည်း သွားများ ကြားမှာ ကပ်တွယ် နေတဲ့ အစာများ ကို ဖယ်ရှား ပေး တာကြောင့် အကျိုး ရှိစေ ပါတယ်။
သွားဖုံးသွေးယိုစိမ့် မှု မဖြစ်အောင် ကာကွယ်မယ်ဆိုရင်
ခံတွင်း သန့်ရှင်းမှု ကို နေ့စဉ် မပြတ် ပြုလုပ်ပြီး နောက် သကြားလုံး၊ ချောကလက်၊ အချိုရည် စေ သာ အချို များသည့် အစား အသောက်များ ကို လျှော့စားခြင်း၊ ၊
ကော်ဖီ လက်ဘက်ရည် ထဲသို့ သကြားများများ ထည့်သောက် ခြင်း များ ကို ရှောင်ကျဉ်သင့် ပါတယ်။ အစာ တခု နှင့် တခု ကြား တွင် အစာပြေ စားခြင်း များ ကလည်း သွား ဖုံး ယောင်ခြင်း ကို
တဖက် တလမ်းမှ အားပေး ေ သာ ကြောင့် ထိုသို့စားသောက်ခြင်း ကိုလည်း ဆင်ခြင် သင့်ပါတယ်။
ဆေးလိပ် သောက်ခြင်း ဟာ သွေး ထဲမှာ ရှိတဲ့ အောက်ဆီဂျင် ပမာဏ ကို နည်းပါး စေပြီး သွား ဖုံးများ ကို မာကျော စေကာ သွားဖုံး ကျန်းမာမှု ကို ထိခိုက် စေပါတယ်။
ဆေးလိပ် သောက် သည့် ပမာဏ ကို လျှော့ချ ခြင်း ၊ဖြစ်နိုင် လျှင် ဆေးလိပ် ဖြတ်ခြင်း က သွား ဂျီးတက်ခြင်း ကို ကာကွ ယ် ပေးသည့် အပြင် ဘက်တီးရီးယား များ
ခိုအောင်း နိုင်သော အလွှာ တခု ဖြစ်ပေါ်မှု ကိုလည်း ေ နှာင့်နှေး စေပါတယ်။
အကယ်၍ များ သင်ဟာ အံကပ် တပ်ထားရ တဲ့သူ ဖြစ်ပြီး သင့်ရဲ့ အံကပ် ဟာ သင်နဲ့ အဆင် မပြေ သေးဘူး ဆိုရင်တော့ သင့်ရဲ့ ဆရာဝန်နဲ့ တိုင်ပင် သင့်ပါတယ်။
တကယ်လို့ အဲဒီ ပြဿနာ ကို လစ်လျှူရှု ခဲ့မယ် ဆိုရင် သင့်ရဲ့ အံကပ် ဟာ သွားဖုံး နဲ့ ပွတ်တိုက် မိပြီး အနာ ဖြစ်ကာ ပိုးဝင်ရောက် ဖို့ အခွင့်အလမ်း ပိုများ လာပါ လိမ့်မယ်။
သင်ဟာ သင့်ရဲ့ သွားဆရာဝန် နဲ့ အနည်းဆုံး တနှစ်ကို တကြိမ် ၊ တကယ်လို့များ သင့်မှာ သွားနဲ့ ခံတွင်း ဆိုင်ရာ ပြသနာ တခုခု ရှိခဲ့မယ် ဆိုရင်တော့
တနှစ်ကို တကြိမ် ထက် ပိုပြီး သွား ရောက်ကာ သင့် ကျန်းမာရေး အတွက် တိုင်ပင် သင့်ပါတယ။်
Credit:မွန်းသက်ပန် ( ဆေး – ၁ )
Sign up here with your email
ConversionConversion EmoticonEmoticon