Zawgyiျဖင့္ဖတ္ရန္
တစ္္ေယာက္ေယာက္ဟာ စိတ္အရမး္ပင္ပန္းလာတဲ့အခါ အေသးအမႊားေလးေတြကအစ ခံႏိုင္ရည္မရွိႏိုင္ေတာ့ပါဘူး။ တကယ္လို႔လူတစ္ေယာက္ဟာ ေဒါသေတြၾကီးေနမယ္၊ ထစ္ခနဲရွိစိတ္တိုစိတ္ဆတ္ေနမယ္ ဒါ့အျပင္ ဒီလိုလကၡဏာေတြကုိ ေတြ႕ေနရတယ္ဆိုရင္ေတာ့ အရမး္စိတ္ပင္ပန္းေနတာျဖစ္လုိ႔ နားလည္ေပးဖို႔လိုပါတယ္။
(၁) လူတစ္ေယာက္ဟာ ေကာင္းေကာင္းမြန္မြန္စီစဥ္ထားျပီးသားအရာ တစ္ခုခုကုိ အနီးကပ္မွဖ်က္တယ္ဆိုရင္ေတာ့ ဒါဟာ အရမး္စိတ္ပင္ပန္းေနလို႔ပါ။
(၂) အေသးအမႊားကိစၥေလးေတြကအစ စိတ္တို၊ စိတ္ဆတ္ေနတယ္၊ ေဒါသေတြၾကီးေနတယ္ဆိုရင္ေတာ့ စိတ္အရမး္ပင္ပန္းေနလို႔ပါ။
(၃) ညဖက္ေတြက်ရင္ အေတြးေတြမ်ားျပီး ေနာက္က်မွအိပ္သလို ေနာက္ေန႔မနက္ ေစာေစာထျပန္ပါတယ္။ အေၾကာင္းကေတာ့ စိတ္ပင္ပန္းစရာ ကိစၥေတြက ဘယ္ေလာက္ပဲ အိပ္ေရးပ်က္ေနပါေစ အိပ္မေပ်ာ္ႏိုင္ေလာက္ေအာင္ ဖိစီးေနလို႔ပါ။
(၄) လူတစ္ေယာက္ဟာ ေနရငး္ထုိင္ရင္းနဲ႔ မျဖစ္ေသးတာေတြကိုပဲ ေတြးေတြးျပီး စိတ္ပူေနတယ္၊ ဝမး္နည္းေနတယ္ဆိုရင္ေတာ့ ဒါဟာလည္း စိတ္ပင္ပန္းလြန္းတာေၾကာင့္ပါ။
(၅) သူငယ္ခ်င္းေတြ၊ ဒါမွမဟုတ္ တစ္ေယာက္ေယာက္နဲ႔ ဆံုတဲ့အခါေတြမွာ ေျပာျပီးသားစကားကိုပဲ ထပ္ခါထပ္ခါေျပာေနမွာပါ။ ဘယ္လိုအေၾကာင္းအရာကိုပဲေျပာေျပာ ေနာက္ဆံုးမွာ ေျပာျပီးသားစကားကိုပဲ ထပ္ခါတလဲလဲ ျပန္ေျပာေနတယ္ဆိုရင္ေတာ့ စိတ္ပင္ပန္းလြန္းလို႔ျဖစ္ပါတယ္။
(၆) အျမဲလိုိလို စိုးရိမ္ေနတယ္၊ ပတ္ဝန္းက်င္ကေျပာမွာ၊ ကဲ့ရဲ႕ခံရမွာ ေဝဖန္ခံရမွာေတြကို အျမဲလိုလို ေၾကာက္ရြံ႕ေနတယ္ဆိုတာကလည္း စိတ္ပင္ပန္းလြန္းလို႔ျဖစ္ပါတယ္။
(၇) ဘာမွလုပ္ခ်င္ကိုင္ခ်င္စိတ္လည္းမရွိဘူး၊ ေမွ်ာ္လင့္ခ်က္ေတြမဲ့ေနတယ္၊ အနာဂတ္ေတြေပ်ာက္ဆံုးေနတယ္လို႔ ခံစားရတာကလည္း စိတ္ပင္ပန္းလြန္းလို႔ျဖစ္ပါတယ္။
Em Em
Creidt:Auntymay
Unicodeဖြင့်ဖတ်ရန်
လူတစ်ယောက် စိတ်အရမ်းပင်ပန်းနေကြောင်း ဖော်ပြနေတဲ့လက္ခဏာ (၇) ခု
တစ်ယောက်ယောက်ဟာ စိတ်အရမ်းပင်ပန်းလာတဲ့အခါ အသေးအမွှားလေးတွေကအစ ခံနိုင်ရည်မရှိနိုင်တော့ပါဘူး။ တကယ်လို့လူတစ်ယောက်ဟာ ဒေါသတွေကြီးနေမယ်၊ ထစ်ခနဲရှိစိတ်တိုစိတ်ဆတ်နေမယ် ဒါ့အပြင် ဒီလိုလက္ခဏာတွေကို တွေ့နေရတယ်ဆိုရင်တော့ အရမ်းစိတ်ပင်ပန်းနေတာဖြစ်လို့ နားလည်ပေးဖို့လိုပါတယ်။
(၁) လူတစ်ယောက်ဟာ ကောင်းကောင်းမွန်မွန်စီစဉ်ထားပြီးသားအရာ တစ်ခုခုကို အနီးကပ်မှဖျက်တယ်ဆိုရင်တော့ ဒါဟာ အရမ်းစိတ်ပင်ပန်းနေလို့ပါ။
(၂) အသေးအမွှားကိစ္စလေးတွေကအစ စိတ်တို၊ စိတ်ဆတ်နေတယ်၊ ဒေါသတွေကြီးနေတယ်ဆိုရင်တော့ စိတ်အရမ်းပင်ပန်းနေလို့ပါ။
(၃) ညဖက်တွေကျရင် အတွေးတွေများပြီး နောက်ကျမှအိပ်သလို နောက်နေ့မနက် စောစောထပြန်ပါတယ်။ အကြောင်းကတော့ စိတ်ပင်ပန်းစရာ ကိစ္စတွေက ဘယ်လောက်ပဲ အိပ်ရေးပျက်နေပါစေ အိပ်မပျော်နိုင်လောက်အောင် ဖိစီးနေလို့ပါ။
(၄) လူတစ်ယောက်ဟာ နေရင်းထိုင်ရင်းနဲ့ မဖြစ်သေးတာတွေကိုပဲ တွေးတွေးပြီး စိတ်ပူနေတယ်၊ ဝမ်းနည်းနေတယ်ဆိုရင်တော့ ဒါဟာလည်း စိတ်ပင်ပန်းလွန်းတာကြောင့်ပါ။
(၅) သူငယ်ချင်းတွေ၊ ဒါမှမဟုတ် တစ်ယောက်ယောက်နဲ့ ဆုံတဲ့အခါတွေမှာ ပြောပြီးသားစကားကိုပဲ ထပ်ခါထပ်ခါပြောနေမှာပါ။ ဘယ်လိုအကြောင်းအရာကိုပဲပြောပြော နောက်ဆုံးမှာ ပြောပြီးသားစကားကိုပဲ ထပ်ခါတလဲလဲ ပြန်ပြောနေတယ်ဆိုရင်တော့ စိတ်ပင်ပန်းလွန်းလို့ဖြစ်ပါတယ်။
(၆) အမြဲလိုလို စိုးရိမ်နေတယ်၊ ပတ်ဝန်းကျင်ကပြောမှာ၊ ကဲ့ရဲ့ခံရမှာ ဝေဖန်ခံရမှာတွေကို အမြဲလိုလို ကြောက်ရွံ့နေတယ်ဆိုတာကလည်း စိတ်ပင်ပန်းလွန်းလို့ဖြစ်ပါတယ်။
(၇) ဘာမှလုပ်ချင်ကိုင်ချင်စိတ်လည်းမရှိဘူး၊ မျှော်လင့်ချက်တွေမဲ့နေတယ်၊ အနာဂတ်တွေပျောက်ဆုံးနေတယ်လို့ ခံစားရတာကလည်း စိတ်ပင်ပန်းလွန်းလို့ဖြစ်ပါတယ်။
Em Em
Creidt:Auntymay
Sign up here with your email
ConversionConversion EmoticonEmoticon