တစ္ေကာင္ႂကြက္ဘဝနဲ႔ ေလာကဓံကို ႀကံႀကံခံေနရတဲ့ ၁၀ ႏွစ္ ကေလးေလး





Zawgyi ျဖင့္ဖတ္ရန္


ဘဝမွာ ကိုယ္ခ်စ္ခင္ရတဲ့ မိသားစုေတြ ေႂကြလြင့္ၿပီး ကိုယ္တစ္ေယာက္တည္း အထီးက်န္ျဖစ္ခဲ့ရင္ဆိုတဲ့ အေျခအေနမ်ိဳးကို စိတ္ကူးနဲ႔ ႀကိဳတင္ စဥ္းစားမိဖူးပါရဲ႕လား..?
ေ႐ႊေတာင္ႀကီးၿပိဳတယ္ဆိုတဲ့ အျဖစ္မ်ိဳး စဥ္းစားဖူးတယ္ဆိုရင္ ခါးသီးဝမ္းနည္းစရာေကာင္းလြန္းလို႔ အဲဒီအေတြးစကို ခ်က္ျခင္း ျဖတ္ခဲ့ၾကဖူးမွာ ေသခ်ာပါတယ္။

စိတ္ကူးၾကည့္႐ုံနဲ႔တင္ ၾကက္သီးထ ဝမ္းနည္းစရာေကာင္းတဲ့ အျဖစ္ပ်က္ဟာ အသက္ ၁၀ ႏွစ္သာရွိေသးတဲ့ လူမမည္ကေလးေလးဆီကို ဆိုင္းမဆင့္ဗုံမပါပဲနဲ႔ ျဗဳန္စားႀကီး ေရာက္လာခဲ့ပါတယ္။



ဗီယက္နမ္ႏိုင္ငံက ‘ဒန္ဗန္ခုယန္’ ဆိုတဲ့ ကေလးေလးဟာ ေဝးလံေခါင္သီတဲ့ ေက်း႐ြာေလး တစ္႐ြာမွာ အဖြားျဖစ္သူနဲ႔ ႏွစ္ေယာက္ထဲ ေနထိုင္ပါတယ္။ သူ႔ရဲ႕မိခင္ကေတာ့ သူလူမွန္းမသိတတ္ခင္အ႐ြယ္ထဲက ဆုံးပါးသြားခဲ့ပါတယ္။ ဖခင္ကလည္း ေဆာက္လုပ္ေရးအလုပ္သမားအျဖစ္ တစ္ရပ္တစ္ေက်းမွာ အလုပ္လုပ္ေနသူျဖစ္ပါတယ္။





ဆင္းရဲလြန္းတဲ့ ေျမးအဖြားႏွစ္ေယာက္က ဘဝကို ႐ိုးရွင္းစြာျဖတ္သန္းၿပီး ကေလးရဲ႕ ဖခင္ေထာက္ပံ့ေပးတဲ့ ပိုက္ဆံေလးနဲ႔ပဲ ခ်ိဳ႕ငဲ့စြာေနထိုင္ၾကပါတယ္။ ‘ဒန္ဗန္ခုယန္’ ကို သူ႔ အဖြားက ေန႔စဥ္ ေက်ာင္းလိုက္ပို႔ေလ့ရွိပါတယ္။ သူတို႔ေျမးအဖြားဟာ တစ္ေယာက္ကို တစ္ေယာက္မွီခိုၿပီး ေနထိုင္လာခဲ့ၾကသူေတြျဖစ္ပါတယ္။ကံမေကာင္းစြာနဲ႔ပဲ တစ္ရက္မွာေတာ့ အဖြားျဖစ္သူဟာ လူႀကီးေရာဂါနဲ႔ ကြယ္လြန္သြားခဲ့ပါတယ္။ အဖြားကြယ္လြန္သြားၿပီးတဲ့ေနာက္ ‘ဒန္ဗန္ခုယန္’ ဟာ တဲအိမ္ေလးထဲမွာ တစ္ေယာက္ထဲ သူ႔ဘဝကို သူရပ္တည္ ျဖတ္သန္းခဲ့ရပါတယ္။

ကံၾကမၼဆိုးက ဒီေလာက္နဲ႔တင္ရပ္မသြားေသးပါဘူး သူ႔အဖြားကြယ္လြန္ၿပီး ရက္ပိုင္းအတြင္းမွာ သူ႔ရဲ႕ဖခင္ဟာလည္း လုပ္ငန္းခြင္ထဲမွာ မေတာ္တဆမႈျဖစ္ၿပီး ေသဆုံးသြားတဲ့ သတင္းေရာက္လာခဲ့ပါတယ္။ ေငြေၾကးေထာက္ပံ့ေပးေနတဲ့ ဖခင္ဆုံးပါးသြားတဲ့အတြက္ သူ႔ရဲ႕စားဝတ္ေနေရး ဒုကၡအတိေရာက္ခဲ့ပါတယ္။



ဒါေပမယ့္ ေလာကဓံကို အ႐ြယ္နဲ႔ မလိုက္ေအာင္ ႀကံႀကံခံႏိုင္တဲ့ ‘ဒန္ဗန္ခုယန္’ ဟာ သူ႔ရဲ႕ တဲအနီးမွာ သီးပင္စားပင္ေတြ စိုက္ၿပီး စားဝတ္ေနေရးကို ေျဖရွင္းေနပါတယ္။ ဒီလိုမ်ိဳး ယာစိုက္ၿပီး အလုပ္လုပ္ေနေပမယ့္ ေက်ာင္းကိုလည္း တစ္ရက္မွ မပ်က္ကြက္ေအာင္ တက္ႏိုင္တယ္လို႔ သူ႔ရဲ႕ ဆရာမက ဆိုပါတယ္။



လက္ရွိမွာေတာ့ ‘ဒန္ဗန္ခုယန္’ ကို ေမြးစားခ်င္တဲ့ မိသားစုကို သက္ဆိုင္ရာအဖြဲ႕အစည္းေတြက လိုက္ရွာေဖြေပးေနေပမယ့္ သူကေတာ့ သူ႔ဘဝကို သူ႔ေျခေထာက္ေပၚသူရပ္ၿပီး တစ္ေယာက္ထဲပဲ ေနခ်င္တဲ့ဆႏၵရွိေနပါတယ္။




သူ႔ေက်ာင္းက ဆရာမတစ္ေယာက္က ေက်ာင္းကေန ခြင့္ယူၿပီး သူ႔ဖခင္ရဲ႕ အေလာင္းကို ဇာတိရပ္႐ြာကို ျပန္လည္သယ္ဖို႔ သူမရဲ႕ကိုယ္ပိုင္ေငြ ေဒါင္ ၁၀ သန္း (က်ပ္ ၆ သိန္းခြဲဝန္းက်င္) ကိုလည္း စိုက္ထုတ္ကာ ‘ဒန္ဗန္ခုယန္’ ကိုယ္တိုင္ သၿဂႋဳလ္ႏိုင္ေအာင္ ကူညီခဲ့ပါတယ္။



ဒီအေၾကာင္းေတြကို ဆရာမျဖစ္သူက လူမႈကြန္ယက္ေပၚမွာ တင္ေပးခဲ့ရာ သတင္းကပ်ံ႕ႏွံ႔ခဲ့ၿပီး ႐ုပ္သံအစီစဥ္ေတြကပါ လာေရာက္ ႐ိုက္ကူးသတင္းယူတဲ့အထိ ျဖစ္သြားခဲ့ပါတယ္။ ကေလးဟာ အသက္ ၁၈ ႏွစ္ျပည့္ဖို႔ ခရီးရွာ္ႀကီးဆက္ရဦးမွာျဖစ္လို႔ သူတစ္ေယာက္ထဲ ဒီေလာက္အၾကာႀကီး ရပ္တည္ေနႏိုင္ပါ့မလားဆိုတာကို အြန္လိုင္းသုံးသူေတြအားလုံးက ဂ႐ုဏာသက္ စိတ္ပူပန္ေနၾကပါတယ္။

share from: popolay




Unicode ဖြင့်ဖတ်ရန်

 တစ်ကောင်ကြွက်ဘဝနဲ့ လောကဓံကို ကြံကြံခံနေရတဲ့ ၁၀ နှစ် ကလေးလေး

ဘဝမှာ ကိုယ်ချစ်ခင်ရတဲ့ မိသားစုတွေ ကြွေလွင့်ပြီး ကိုယ်တစ်ယောက်တည်း အထီးကျန်ဖြစ်ခဲ့ရင်ဆိုတဲ့ အခြေအနေမျိုးကို စိတ်ကူးနဲ့ ကြိုတင် စဉ်းစားမိဖူးပါရဲ့လား..?
ရွှေတောင်ကြီးပြိုတယ်ဆိုတဲ့ အဖြစ်မျိုး စဉ်းစားဖူးတယ်ဆိုရင် ခါးသီးဝမ်းနည်းစရာကောင်းလွန်းလို့ အဲဒီအတွေးစကို ချက်ခြင်း ဖြတ်ခဲ့ကြဖူးမှာ သေချာပါတယ်။

စိတ်ကူးကြည့်ရုံနဲ့တင် ကြက်သီးထ ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်ပျက်ဟာ အသက် ၁၀ နှစ်သာရှိသေးတဲ့ လူမမည်ကလေးလေးဆီကို ဆိုင်းမဆင့်ဗုံမပါပဲနဲ့ ဗြုန်စားကြီး ရောက်လာခဲ့ပါတယ်။



ဗီယက်နမ်နိုင်ငံက ‘ဒန်ဗန်ခုယန်’ ဆိုတဲ့ ကလေးလေးဟာ ဝေးလံခေါင်သီတဲ့ ကျေးရွာလေး တစ်ရွာမှာ အဖွားဖြစ်သူနဲ့ နှစ်ယောက်ထဲ နေထိုင်ပါတယ်။ သူ့ရဲ့မိခင်ကတော့ သူလူမှန်းမသိတတ်ခင်အရွယ်ထဲက ဆုံးပါးသွားခဲ့ပါတယ်။ ဖခင်ကလည်း ဆောက်လုပ်ရေးအလုပ်သမားအဖြစ် တစ်ရပ်တစ်ကျေးမှာ အလုပ်လုပ်နေသူဖြစ်ပါတယ်။



ဆင်းရဲလွန်းတဲ့ မြေးအဖွားနှစ်ယောက်က ဘဝကို ရိုးရှင်းစွာဖြတ်သန်းပြီး ကလေးရဲ့ ဖခင်ထောက်ပံ့ပေးတဲ့ ပိုက်ဆံလေးနဲ့ပဲ ချို့ငဲ့စွာနေထိုင်ကြပါတယ်။ ‘ဒန်ဗန်ခုယန်’ ကို သူ့ အဖွားက နေ့စဉ် ကျောင်းလိုက်ပို့လေ့ရှိပါတယ်။ သူတို့မြေးအဖွားဟာ တစ်ယောက်ကို တစ်ယောက်မှီခိုပြီး နေထိုင်လာခဲ့ကြသူတွေဖြစ်ပါတယ်။



ကံမကောင်းစွာနဲ့ပဲ တစ်ရက်မှာတော့ အဖွားဖြစ်သူဟာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ အဖွားကွယ်လွန်သွားပြီးတဲ့နောက် ‘ဒန်ဗန်ခုယန်’ ဟာ တဲအိမ်လေးထဲမှာ တစ်ယောက်ထဲ သူ့ဘဝကို သူရပ်တည် ဖြတ်သန်းခဲ့ရပါတယ်။

ကံကြမ္မဆိုးက ဒီလောက်နဲ့တင်ရပ်မသွားသေးပါဘူး သူ့အဖွားကွယ်လွန်ပြီး ရက်ပိုင်းအတွင်းမှာ သူ့ရဲ့ဖခင်ဟာလည်း လုပ်ငန်းခွင်ထဲမှာ မတော်တဆမှုဖြစ်ပြီး သေဆုံးသွားတဲ့ သတင်းရောက်လာခဲ့ပါတယ်။ ငွေကြေးထောက်ပံ့ပေးနေတဲ့ ဖခင်ဆုံးပါးသွားတဲ့အတွက် သူ့ရဲ့စားဝတ်နေရေး ဒုက္ခအတိရောက်ခဲ့ပါတယ်။



ဒါပေမယ့် လောကဓံကို အရွယ်နဲ့ မလိုက်အောင် ကြံကြံခံနိုင်တဲ့ ‘ဒန်ဗန်ခုယန်’ ဟာ သူ့ရဲ့ တဲအနီးမှာ သီးပင်စားပင်တွေ စိုက်ပြီး စားဝတ်နေရေးကို ဖြေရှင်းနေပါတယ်။ ဒီလိုမျိုး ယာစိုက်ပြီး အလုပ်လုပ်နေပေမယ့် ကျောင်းကိုလည်း တစ်ရက်မှ မပျက်ကွက်အောင် တက်နိုင်တယ်လို့ သူ့ရဲ့ ဆရာမက ဆိုပါတယ်။



လက်ရှိမှာတော့ ‘ဒန်ဗန်ခုယန်’ ကို မွေးစားချင်တဲ့ မိသားစုကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက လိုက်ရှာဖွေပေးနေပေမယ့် သူကတော့ သူ့ဘဝကို သူ့ခြေထောက်ပေါ်သူရပ်ပြီး တစ်ယောက်ထဲပဲ နေချင်တဲ့ဆန္ဒရှိနေပါတယ်။



သူ့ကျောင်းက ဆရာမတစ်ယောက်က ကျောင်းကနေ ခွင့်ယူပြီး သူ့ဖခင်ရဲ့ အလောင်းကို ဇာတိရပ်ရွာကို ပြန်လည်သယ်ဖို့ သူမရဲ့ကိုယ်ပိုင်ငွေ ဒေါင် ၁၀ သန်း (ကျပ် ၆ သိန်းခွဲဝန်းကျင်) ကိုလည်း စိုက်ထုတ်ကာ ‘ဒန်ဗန်ခုယန်’ ကိုယ်တိုင် သင်္ဂြိုလ်နိုင်အောင် ကူညီခဲ့ပါတယ်။





ဒီအကြောင်းတွေကို ဆရာမဖြစ်သူက လူမှုကွန်ယက်ပေါ်မှာ တင်ပေးခဲ့ရာ သတင်းကပျံ့နှံ့ခဲ့ပြီး ရုပ်သံအစီစဉ်တွေကပါ လာရောက် ရိုက်ကူးသတင်းယူတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။ ကလေးဟာ အသက် ၁၈ နှစ်ပြည့်ဖို့ ခရီးရှာ်ကြီးဆက်ရဦးမှာဖြစ်လို့ သူတစ်ယောက်ထဲ ဒီလောက်အကြာကြီး ရပ်တည်နေနိုင်ပါ့မလားဆိုတာကို အွန်လိုင်းသုံးသူတွေအားလုံးက ဂရုဏာသက် စိတ်ပူပန်နေကြပါတယ်။

share from: popolay

Previous
Next Post »
Powered by Blogger.