Zawgyiဖြင့်ဖတ်ရန်
သံသယတွေထားရင် မယုံကြည်ဘူးပြောပြီး ထွက်သွားမှာပဲ … ယုံကြည်ပြီး လွှတ်ထားကြည့် ယုံကြည်မှုကိုအလွဲသုံးစားလုပ်ပြီးထွက်သွားလိမ့်မယ် ….
~OMG~
Unicodeဖြင့်ဖတ်ရန်
သစ္စာဖောက်မှာကြောက်ပြီး လူတစ်ယောက်ကိုသွားမချုပ်ချယ်နဲ့ မရဘူး …. ပုံမှန် သစ္စာရှိတဲ့သူတောင် ချုပ်ချယ်လွန်းရင် ထွက်ပြေးချင်စိတ်ပေါက်လာမယ် …
သစ္စာဖောက်နေပါတယ်လို့လည်း အလကားနေ သွားစွပ်စွဲမနေနဲ့ … သူ့ဘာသာသူ အေးဆေးနေတဲ့သူက ကိုယ်ပြောမှ မထူးဇာတ်ခင်းပြီး အရွဲ့တိုက်သွားလိမ့်မယ် ….
လွှတ်ပေးထားလိုက် သစ္စာရှိချင်တဲ့သူကို ဘယ်သူကမှ လာဆွဲဆောင်လို့မရသလို သစ္စာဖောက်ချင်တဲ့သူကို လျှာဖြတ်ထားရင်တောင် မျက်လုံးနဲ့ ကြာလိုက်ပစ်ချင် ပစ်နေမှာ …
တစ်ကယ်ထွက်သွားချင်တဲ့သူက အကြောင်းပြချက်ကိုရှာနေမှာပဲ … ထောင်ထဲထည့်ထားသလိုပေါ့ ထောင်ဖောက်ပြေးဖို့နဲ့ လွတ်မယ့်နေ့ရောက်ဖို့လောက်ပဲစောင့်နေမှာ …
ထွက်သွားချင်တဲ့သူက အေးဆေးလမ်းလျှောက်ထွက်သွားပေမယ့် မသွားပါနဲ့လို့ နောက်ကဖက်ထားတဲ့သူက ကြာတော့ လက်ညောင်းပြီး ပင်ပန်းလာတာပဲ အဖက်တင်မယ် …
သံသယတွေထားရင် မယုံုကြည်ဘူးပြောပြီး ထွက်သွားမှာပဲ … ယုံကြည်ပြီး လွှတ်ထားကြည့် ယုံကြည်မှုကိုအလွဲသုံးစားလုပ်ပြီးထွက်သွားလိမ့်မယ် ….
ဒီတော့ လူတစ်ယောက်ကိုချစ်ပြီဆို ပေးဆပ်ဖို့ပဲစဉ်းစားပြီး ကံကောင်းရင်တော့ နဲနဲပြန်ရမှာပေါ့လို့ပဲတွေး … တစ်နေ့ထားသွားမှာပဲလို့တွေးရမှာ ရင်နာစရာကောင်းပေမယ့် ကြိုတင်ပြင်ဆင်ထားတော့ ခံစားရသက်သာတာပေါ့ …
~OMG~
Credit:Aung Phone
Sign up here with your email
ConversionConversion EmoticonEmoticon