Zawgyiျဖင့္ဖတ္ရန္
ေဇကမာၻကုမၸဏီကို ၁၉၅၅ အစိုးရအိမ္ဥပစာ(ႏွင္ထုတ္ျခင္း)အက္ဥပေဒ ၃အရ ၁၅ရက္အတြင္း ျမရိပ္ညိဳဝန္းအတြင္းမွ ဖယ္ရွားထြက္ခြာသြားရန္ တပ္က ႏို႔တစ္စာေပးပို႔ထားေၾကာင္း သိရသည္ ႏိုဝင္ဘာလ ၁၅ရက္ေန႔က ေဇကမာၻဦးခင္ေ႐ႊထံ လိပ္မူၿပီး ႏို႔တစ္စာေပးပို႔ခဲ့ျခင္းျဖစ္ၿပီး ယခုလ ႏိုဝင္ဘာလ ၃၀ရက္ေန႔ ေနာက္ဆုံးထားကာ ျမရိပ္ညိဳဝင္း(ဗဟန္းပုလဲလမ္းရွိ ကာကြယ္ေရးဝန္ႀကီးဌာနအမည္ေပါက္ေျမ ၁၃.၇၉၄ ဧက)အတြင္းမွ ထြက္ခြာသြားရမည္ျဖစ္ကာ သတ္မွတ္ရက္အတြင္း မဖယ္ရွားေပးပါက အႏိုင္အထက္ျပဳမႈျဖင့္ ဖယ္ရွားမည္ဟု ႏို႔တစ္စာတြင္ သတိေပးစကားထည့္ေျပာထားေၾကာင္းသိရသည္။ ႏို႔တစ္စာေပးရျခင္းက ရန္ကုန္ ဗဟန္းပုလဲလမ္းရွိ ကာကြယ္ေရးဝန္ႀကီးဌာနအမည္ေပါက္ေျမ ၁၃.၇၉၄ ဧကႏွင့္ပါတ္သတ္ၿပီး စစ္ေထာက္ခ်ဳပ္႐ုံးက ေဇကမာၻကုမၸဏီထံသို႔ ၁၀-၅-၂၀၁၈ ရက္ေန႔တြင္ လုပ္ငန္းမ်ားပိတ္သိမ္းရန္အေၾကာင္းၾကားခဲ့ေၾကာင္း၊၁၄-၁၁-၂၀၁၉ ရက္ေန႔တြင္ MOA ရပ္စဲေၾကာင္းႏွင့္ ရပ္စဲသည့္ေန႔မွ စ၍ ၃လအတြင္း ဖယ္ရွားထြက္ခြာသြားရန္ အေၾကာင္းၾကားေဆာင္႐ြက္ခဲ့ေသာ္လည္း ယေန႔အထိ လိုက္နာေဆာင္႐ြက္ျခင္းမရွိသည့္အတြက္ေၾကာင့္ အစိုးရထံ အခြင့္အာဏာေတာင္းခံခဲ့ရာ အစိုးရ ေဆာက္လုပ္ေရးဝန္ႀကီးဌာနက ၃၀-၁၀-၂၀၁၉ ရက္စြဲျဖင့္ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္မွ အရာရွိတစ္ဦးကို အခြင့္ရအာဏာပိုင္ အပ္ႏွင္းလိုက္၍ ေဇကမာၻထံ ႏို႔တစ္စာေပးလိုက္ျခင္းျဖစ္သည္ဟု သိရသည္။
တပ္ၿမိဳ႕စည္ပင္က စစ္ေထာက္ခ်ဳပ္႐ုံးအေနျဖင့္ ေဇကမာၻကုမၸဏီကို အဆိုပါေျမေပၚတြင္ ဟိုတယ္လုပ္ငန္းလုပ္ကိုင္ရန္ ၁၆-၁-၂၀၁၄ေန႔က MOA စာခ်ဳပ္ခ်ဳပ္ဆိုၿပီး ငွားရမ္းခဲ့ေၾကာင္း၊ကုမၸဏီအေနျဖင့္စာခ်ဳပ္ခ်ဳပ္ဆိုၿပီး ငွားရမ္းခကို ၂ႏွစ္အတြင္း ၅ႀကိမ္ေပးသြင္းရမည္ျဖစ္ေသာ္လည္း ၂ႀကိမ္သာေပးသြင္းၿပီး က်န္ေငြကို ေပးသြင္းျခင္းမရွိခဲ့ေၾကာင္း၊ ေဇကမာၻကုမၸဏီသည္ တ႐ုတ္ကုမၸဏီတစ္ခုႏွင့္ Yangon New World စီမံကိန္းကို ခြင့္ျပဳခ်က္တစ္စုံတစ္ရာမယူဘဲ လုပ္ကိုင္ခဲ့ျခင္း၊၎အျပင္ ကုမၸဏီအေနျဖင့္ BOT စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ျခင္းမရွိသည့္ အခ်ိန္တြင္ သက္ဆိုင္ရာကို တင္ျပျခင္းမရွိဘဲ ေရွးေဟာင္းသမိုင္းဝင္ ၿမိဳ႕ေတာ္ဝန္အိမ္အပါအဝင္ အျခားအေဆာက္အဦ ၂လုံးကို ၿဖိဳဖ်က္ခဲ့ေၾကာင္း ထိုသို႔ေသာ ေဖာက္ဖ်က္ က်ဴးလြန္မႈမ်ားေၾကာင့္ ၁၀-၅-၂၀၁၈ တြင္ ေဇကမာၻကုမၸဏီဥကၠဌထံ လုပ္ငန္းမ်ားဆက္လက္ေဆာင္႐ြက္ရန္အေၾကာင္းမရွိေတာ့ေၾကာင္း၊လုပ္ငန္းပိတ္သိမ္းေဆာင္႐ြက္ရန္ အေၾကာင္းၾကားၿပီးျဖစ္ေၾကာင္း၊တားျမစ္ေနသည့္ၾကားမွပင္ ကုမၸဏီသည္ ၿမိဳ႕နယ္၈ၿမိဳ႕နယ္ေရေပးေဝေနသည့္ ကုကၠိဳင္းေရေလွာင္ကန္ဆက္စပ္ေျမေနရာကို ထိခိုက္ႏိုင္သည္ဆိုေသာ ကန႔္ကြက္မႈမ်ားေပၚလာေအာင္ စီမံကိန္းေျမေနရာတြင္ ေျမတူးေဖာ္မႈခဲ့ျခင္းမ်ားရွိခဲ့ေၾကာင္း၊ခြင့္ျပဳခ်က္မယူဘဲ ခြင့္ျပဳသေယာင္ အဆိုပါေျမေပၚတြင္ စီမံကိန္းမ်ားလုပ္မည္ဆိုေသာ သတင္းမ်ားကိုလည္း ထုတ္ျပန္ခဲ့ပါေၾကာင္း အစရွိသည့္ လုပ္ေဆာင္ခ်က္မ်ားကို လုပ္ေဆာင္ခဲ့၍ ဥပေဒႏွင့္အညီ ဆက္လက္ေဆာင္႐ြက္ျခင္းျဖစ္သည္ဟု ၂၀၁၈ခုႏွစ္ကျပဳလုပ္သည့္သတင္းစာရွင္းလင္းပြဲတြင္ ေျပာဆို ရွင္းျပထားသည္။ေဇကမာၻကုမၸဏီ၏ မွတ္ခ်က္ကို ရယူရန္ ႀကိဳးစားေသာ္လည္း မရခဲ့၍ မေဖာ္ျပႏိုင္ပါ။
Unicode ဖြင့်ဖတ်ရန်
ဇေကမ္ဘာကုမ္ပဏီကို ၁၉၅၅ အစိုးရအိမ်ဥပစာ(နှင်ထုတ်ခြင်း)အက်ဥပဒေ ၃အရ ၁၅ရက်အတွင်း မြရိပ်ညိုဝန်းအတွင်းမှ ဖယ်ရှားထွက်ခွာသွားရန် တပ်က နို့တစ်စာပေးပို့ထားကြောင်း သိရသည် နိုဝင်ဘာလ ၁၅ရက်နေ့က ဇေကမ္ဘာဦးခင်ရွှေထံ လိပ်မူပြီး နို့တစ်စာပေးပို့ခဲ့ခြင်းဖြစ်ပြီး ယခုလ နိုဝင်ဘာလ ၃၀ရက်နေ့ နောက်ဆုံးထားကာ မြရိပ်ညိုဝင်း(ဗဟန်းပုလဲလမ်းရှိ ကာကွယ်ရေးဝန်ကြီးဌာနအမည်ပေါက်မြေ ၁၃.၇၉၄ ဧက)အတွင်းမှ ထွက်ခွာသွားရမည်ဖြစ်ကာ သတ်မှတ်ရက်အတွင်း မဖယ်ရှားပေးပါက အနိုင်အထက်ပြုမှုဖြင့် ဖယ်ရှားမည်ဟု နို့တစ်စာတွင် သတိပေးစကားထည့်ပြောထားကြောင်းသိရသည်။ နို့တစ်စာပေးရခြင်းက ရန်ကုန် ဗဟန်းပုလဲလမ်းရှိ ကာကွယ်ရေးဝန်ကြီးဌာနအမည်ပေါက်မြေ ၁၃.၇၉၄ ဧကနှင့်ပါတ်သတ်ပြီး စစ်ထောက်ချုပ်ရုံးက ဇေကမ္ဘာကုမ္ပဏီထံသို့ ၁၀-၅-၂၀၁၈ ရက်နေ့တွင် လုပ်ငန်းများပိတ်သိမ်းရန်အကြောင်းကြားခဲ့ကြောင်း၊၁၄-၁၁-၂၀၁၉ ရက်နေ့တွင် MOA ရပ်စဲကြောင်းနှင့် ရပ်စဲသည့်နေ့မှ စ၍ ၃လအတွင်း ဖယ်ရှားထွက်ခွာသွားရန် အကြောင်းကြားဆောင်ရွက်ခဲ့သော်လည်း ယနေ့အထိ လိုက်နာဆောင်ရွက်ခြင်းမရှိသည့်အတွက်ကြောင့် အစိုးရထံ အခွင့်အာဏာတောင်းခံခဲ့ရာ အစိုးရ ဆောက်လုပ်ရေးဝန်ကြီးဌာနက ၃၀-၁၀-၂၀၁၉ ရက်စွဲဖြင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ အရာရှိတစ်ဦးကို အခွင့်ရအာဏာပိုင် အပ်နှင်းလိုက်၍ ဇေကမ္ဘာထံ နို့တစ်စာပေးလိုက်ခြင်းဖြစ်သည်ဟု သိရသည်။
တပ်မြို့စည်ပင်က စစ်ထောက်ချုပ်ရုံးအနေဖြင့် ဇေကမ္ဘာကုမ္ပဏီကို အဆိုပါမြေပေါ်တွင် ဟိုတယ်လုပ်ငန်းလုပ်ကိုင်ရန် ၁၆-၁-၂၀၁၄နေ့က MOA စာချုပ်ချုပ်ဆိုပြီး ငှားရမ်းခဲ့ကြောင်း၊ကုမ္ပဏီအနေဖြင့်စာချုပ်ချုပ်ဆိုပြီး ငှားရမ်းခကို ၂နှစ်အတွင်း ၅ကြိမ်ပေးသွင်းရမည်ဖြစ်သော်လည်း ၂ကြိမ်သာပေးသွင်းပြီး ကျန်ငွေကို ပေးသွင်းခြင်းမရှိခဲ့ကြောင်း၊ ဇေကမ္ဘာကုမ္ပဏီသည် တရုတ်ကုမ္ပဏီတစ်ခုနှင့် Yangon New World စီမံကိန်းကို ခွင့်ပြုချက်တစ်စုံတစ်ရာမယူဘဲ လုပ်ကိုင်ခဲ့ခြင်း၊၎င်းအပြင် ကုမ္ပဏီအနေဖြင့် BOT စာချုပ်ချုပ်ဆိုနိုင်ခြင်းမရှိသည့် အချိန်တွင် သက်ဆိုင်ရာကို တင်ပြခြင်းမရှိဘဲ ရှေးဟောင်းသမိုင်းဝင် မြို့တော်ဝန်အိမ်အပါအဝင် အခြားအဆောက်အဦ ၂လုံးကို ဖြိုဖျက်ခဲ့ကြောင်း ထိုသို့သော ဖောက်ဖျက် ကျူးလွန်မှုများကြောင့် ၁၀-၅-၂၀၁၈ တွင် ဇေကမ္ဘာကုမ္ပဏီဥက္ကဌထံ လုပ်ငန်းများဆက်လက်ဆောင်ရွက်ရန်အကြောင်းမရှိတော့ကြောင်း၊လုပ်ငန်းပိတ်သိမ်းဆောင်ရွက်ရန် အကြောင်းကြားပြီးဖြစ်ကြောင်း၊တားမြစ်နေသည့်ကြားမှပင် ကုမ္ပဏီသည် မြို့နယ်၈မြို့နယ်ရေပေးဝေနေသည့် ကုက္ကိုင်းရေလှောင်ကန်ဆက်စပ်မြေနေရာကို ထိခိုက်နိုင်သည်ဆိုသော ကန့်ကွက်မှုများပေါ်လာအောင် စီမံကိန်းမြေနေရာတွင် မြေတူးဖော်မှုခဲ့ခြင်းများရှိခဲ့ကြောင်း၊ခွင့်ပြုချက်မယူဘဲ ခွင့်ပြုသယောင် အဆိုပါမြေပေါ်တွင် စီမံကိန်းများလုပ်မည်ဆိုသော သတင်းများကိုလည်း ထုတ်ပြန်ခဲ့ပါကြောင်း အစရှိသည့် လုပ်ဆောင်ချက်များကို လုပ်ဆောင်ခဲ့၍ ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်ခြင်းဖြစ်သည်ဟု ၂၀၁၈ခုနှစ်ကပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ပြောဆို ရှင်းပြထားသည်။ဇေကမ္ဘာကုမ္ပဏီ၏ မှတ်ချက်ကို ရယူရန် ကြိုးစားသော်လည်း မရခဲ့၍ မဖော်ပြနိုင်ပါ။
Credit: Burmese Asia
Sign up here with your email
ConversionConversion EmoticonEmoticon