Zawgyiျဖင့္ဖတ္ရန္
အသက္ ၂၅ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးဟာ သူ႔ရဲ႕ရင္သားက တစ္ေန႔တစ္ျခား အပ်ိဳ အမ်ိဳးသမီးေလး တစ္ေယာက္ရဲ႕ ရင္သားကဲ့သို႔ ႀကီးထြားလာၿပီး ႏို႔ရည္မ်ားလည္း ထြက္လာတာေၾကာင့္ အလြန္အမင္း ထိတ္လန႔္ ခဲ့ရပါတယ္။
‘ဝမ္’ လို႔ အမည္ရတဲ့ အမ်ိဳးသားဟာ အခုလို ျဖစ္လာတာ ၄ ႏွစ္ဝန္းက်င္ေလာက္ရွိၿပီျဖစ္ၿပီး အခုဆိုရင္ သူ႔ရဲ႕ ႏို႔သီးေခါင္းကေန ႏို႔ရည္ေတြ ထြက္လာတဲ့အတြက္ စိုးရိမ္ၿပီး ေဆးစစ္ဖို႔အတြက္ ဟန္က်ိဳးၿမိဳ႕က ေဆး႐ုံကို ေရာက္လာတာျဖစ္ပါတယ္။
သူ႔ရဲ႕ရင္သားဟာ အမ်ိဳးသမီးရင္သား B-cups ေလာက္ ရွိေနၿပီး လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္ကထက္ ၂၅ ကီလိုဂရမ္ေလာက္ ပိုႀကီးလာတယ္လို႔ ဆိုပါတယ္။ ရင္သားပုံစံ ေျပာင္းလဲလာတဲ့အတြက္ ရွက္ၿပီး အားကစားေလ့က်င့္႐ုံသြားတဲ့အခါမွာ အက်ႌၾကပ္ၾကပ္ ဝတ္တာေတြ၊ အက်ႌမဝတ္ပဲေနတာမ်ိဳးေတြကို အထူးေရွာင္က်ဥ္ခဲ့ရပါတယ္။
ဆရာဝန္ေတြက ေဆးစစ္မႈေတြလုပ္ၿပီးတဲ့အခါမွာ သူ႔ရဲ႕ဦးေႏွာက္ထဲမွာ အက်ိတ္ရွိေနေၾကာင္း ေတြ႕ခဲ့ရပါတယ္။ ကံေကာင္းေထာက္မစြာနဲ႔ပဲ အက်ိတ္ဟာ ကင္ဆာျဖစ္ေစတဲ့ အက်ိတ္မ်ိဳးမဟုတ္ပါဘူး။ ဒါေပမယ့္ ဒီအက်ိတ္က ဦးေႏွာက္ေအာက္မွာ ရွိေနတဲ့ ပစ္က်ဴထရီ ဂလင္းကို ဖိအားေပးေနၿပီး ႐ိုလက္တင္ လို႔ေခၚတဲ့ ႏို႔ရည္ထုတ္ေပးတဲ့ ဂလင္းကို ပုံမွန္ထက္ ၁၀ ဆ လႈံ႕ေဆာ္ေနတာေၾကာင့္ အခုလို ႏို႔စူလာၿပီး ႏို႔ရည္ေတြထြက္လာတာျဖစ္ေၾကာင္း ရွင္းျပခဲ့ပါတယ္။
ပ႐ိုလက္တင္ဟာ အမ်ိဳးသမီးေတြ ကေလးေမြးဖြားၿပီးေနာက္ ႏိုရည္အျဖစ္ထုတ္လႊတ္ေပးတဲ့ ဂလင္းျဖစ္ပါတယ္။ ဦးေႏွာက္အက်ိတ္ေၾကာင့္ ‘ဝမ္’ ရဲ႕ ႏို႔ရည္ထုတ္လုပ္မႈဟာ မိခင္ေတြထက္ ၅ ဆေတာင္ ပိုၿပီးျမင့္မားေနတာျဖစ္ပါတယ္။
လက္ရွိမွာေတာ့ ‘ဝမ္’ က ဆရာဝန္ေတြအေနနဲ႔ အက်ိတ္ကို ခြဲထုတ္ေပးဖို႔ ေမွ်ာ္လင့္ေနပါတယ္၊ ဒါေပမယ့္ ဆရာဝန္ေတြကေတာ့ အက်ိတ္ရဲ႕ အ႐ြယ္အစားကို ေသးငယ္ေအာင္ စားေဆးေတြနဲ႔ ကနဦးကုသမႈအေနနဲ႔ ကုသဖို႔ကို ပိုၿပီးစိတ္အားထက္သန္ေနပါတယ္။
https://www.youtube.com/watch?v=nINLOLzkpG8
Unicode ဖြင့်ဖတ်ရန်
အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ သူ့ရဲ့ရင်သားက တစ်နေ့တစ်ခြား အပျို အမျိုးသမီးလေး တစ်ယောက်ရဲ့ ရင်သားကဲ့သို့ ကြီးထွားလာပြီး နို့ရည်များလည်း ထွက်လာတာကြောင့် အလွန်အမင်း ထိတ်လန့် ခဲ့ရပါတယ်။
‘ဝမ်’ လို့ အမည်ရတဲ့ အမျိုးသားဟာ အခုလို ဖြစ်လာတာ ၄ နှစ်ဝန်းကျင်လောက်ရှိပြီဖြစ်ပြီး အခုဆိုရင် သူ့ရဲ့ နို့သီးခေါင်းကနေ နို့ရည်တွေ ထွက်လာတဲ့အတွက် စိုးရိမ်ပြီး ဆေးစစ်ဖို့အတွက် ဟန်ကျိုးမြို့က ဆေးရုံကို ရောက်လာတာဖြစ်ပါတယ်။
သူ့ရဲ့ရင်သားဟာ အမျိုးသမီးရင်သား B-cups လောက် ရှိနေပြီး လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကထက် ၂၅ ကီလိုဂရမ်လောက် ပိုကြီးလာတယ်လို့ ဆိုပါတယ်။ ရင်သားပုံစံ ပြောင်းလဲလာတဲ့အတွက် ရှက်ပြီး အားကစားလေ့ကျင့်ရုံသွားတဲ့အခါမှာ အင်္ကျီကြပ်ကြပ် ဝတ်တာတွေ၊ အင်္ကျီမဝတ်ပဲနေတာမျိုးတွေကို အထူးရှောင်ကျဉ်ခဲ့ရပါတယ်။
ဆရာဝန်တွေက ဆေးစစ်မှုတွေလုပ်ပြီးတဲ့အခါမှာ သူ့ရဲ့ဦးနှောက်ထဲမှာ အကျိတ်ရှိနေကြောင်း တွေ့ခဲ့ရပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ အကျိတ်ဟာ ကင်ဆာဖြစ်စေတဲ့ အကျိတ်မျိုးမဟုတ်ပါဘူး။ ဒါပေမယ့် ဒီအကျိတ်က ဦးနှောက်အောက်မှာ ရှိနေတဲ့ ပစ်ကျူထရီ ဂလင်းကို ဖိအားပေးနေပြီး ရိုလက်တင် လို့ခေါ်တဲ့ နို့ရည်ထုတ်ပေးတဲ့ ဂလင်းကို ပုံမှန်ထက် ၁၀ ဆ လှုံ့ဆော်နေတာကြောင့် အခုလို နို့စူလာပြီး နို့ရည်တွေထွက်လာတာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။
ပရိုလက်တင်ဟာ အမျိုးသမီးတွေ ကလေးမွေးဖွားပြီးနောက် နိုရည်အဖြစ်ထုတ်လွှတ်ပေးတဲ့ ဂလင်းဖြစ်ပါတယ်။ ဦးနှောက်အကျိတ်ကြောင့် ‘ဝမ်’ ရဲ့ နို့ရည်ထုတ်လုပ်မှုဟာ မိခင်တွေထက် ၅ ဆတောင် ပိုပြီးမြင့်မားနေတာဖြစ်ပါတယ်။
လက်ရှိမှာတော့ ‘ဝမ်’ က ဆရာဝန်တွေအနေနဲ့ အကျိတ်ကို ခွဲထုတ်ပေးဖို့ မျှော်လင့်နေပါတယ်၊ ဒါပေမယ့် ဆရာဝန်တွေကတော့ အကျိတ်ရဲ့ အရွယ်အစားကို သေးငယ်အောင် စားဆေးတွေနဲ့ ကနဦးကုသမှုအနေနဲ့ ကုသဖို့ကို ပိုပြီးစိတ်အားထက်သန်နေပါတယ်။
Credit: Burmese Asia
Sign up here with your email
ConversionConversion EmoticonEmoticon