ပေကျင်းမြို့က ရုပ်ရှင်လက်မှတ်များ အကုန်ဝယ်လို့ ရည်းစားဟောင်းကို ငွေရှိပြီဖြစ်ကြောင်း သက်သေပြခဲ့သူ


နန်ကျင်းမြို့မှာ နေထိုင်တဲ့ လူငယ်တစ်ဦးဟာ အင်မတန်ဆင်းရဲပါတယ်။ ဘယ်လောက်တောင် ဆင်းရဲသလဲဆို သူ့ချစ်သူက ရုပ်ရှင်ကြည့်ဖို့ တောင်းဆိုတာတောင် ရုပ်ရှင်လက်မှတ် ဝယ်မပေးနိုင်ခဲ့ ပါဘူး။

အမှန်တော့ ဆင်းရဲလို့ ချစ်သူကို မပေးနိုင်တာ၊ မကမ်းနိုင်တာ အင်မတန် များလာတာကြောင့် တင်းတာနဲ့ ကောင်မလေးကလည်း စတင်လမ်းခွဲခဲ့ပါတယ်။ ကောင်လေးကတော့ ဝမ်းနည်းစွာ ကျန်ရစ်ဖြစ်ခဲ့ ပါတယ်။ နောက်တော့ သူဟာ ပေကျင်းမြို့ကို သွားပြီးတော့ အလုပ်ကြိုးစားပါတယ်။ Startup တစ်ခုတည်ထောင်ပြီး ၇ နှစ်အကြာမှာတော့ ကြွယ်ဝချမ်းသာလာပါတယ်။ မြန်မာဇာတ်လမ်းတွေထဲကလို ရုပ်တရက် ကျောက်အောင်လို့ ချမ်းသာတာမျိုးမဟုတ်ပဲ သူစွန့်ဦးတီထွင်တဲ့ ကုန်ပစ္စည်းတစ်ခုဟာ အောင်မြင်သွားတာကြောင့် ဖြစ်ပါတယ်။

ဒါကြောင့် သူ့ကို ထားရစ်ခဲ့တဲ့ ချစ်သူဟာ အမှားလုပ်မိပြီဖြစ်ကြောင်း သူသက်သေပြချင်ပါတယ်။ ဘယ်လို သက်သေပြလိုက်သလဲဆို ပေကျင်းမြို့ ရှိ iMax 3D ရုပ်ရှင်ရုံတိုင်းမှာ ပြသနေတဲ့ Transformer: Age of Extinction လက်မှတ်တွေကို ဝယ်လိုက်ခြင်း ဖြစ်ပါတယ်။ တစ်ချိန်စာကို ရုံတိုင်းကနေ ကြိုဝယ်လိုက်ခြင်း ဖြစ်ပါတယ်။ ဒီတော့ ကုန်ကျငွေက ယွမ်ငွေ ၂သိန်းခွဲ ရှိပါတယ်။ ယင်းငွေတွေကို ပေးချေထားတဲ့ ဘောင်ချာကို ပုံရိုက်ပြီးတော့ သူ့ရဲ့ ဆိုရှယ်မီဒီယာပေါ် တင်ခဲ့ရာ အင်မတန် လူသိများခဲ့ပါတယ်။

သူ့အနေနဲ့ စတန့်တစ်ခုပြုလုပ်ခြင်း ဖြစ်ပါတယ်။ သူ့ကို ထားခဲ့တဲ့ Ex-partner ဟာ အမှားလုပ်ခဲ့ပြီဖြစ်ကြောင်း သက်သေပြချင်လို့ လုပ်ခဲ့ခြင်း ဆိုပါတယ်။ သူ ဝယ်လိုက်တဲ့ လက်မှတ်တွေကိုလည်း အခြား ကြည့်ချင်တဲ့ လူတိုင်းကို အခမဲ့ ဖြန့်ဝေပေးခဲ့ ပါတယ်။

Ref: scmp
ဇီးကွက် (ရိုးရာလေး)
Previous
Next Post »
Powered by Blogger.