ဟက်ကာအန္တရာယ်ကို တိပ်ဖြင့်ကာကွယ်ထားသည့် မာ့ခ်ဇူကာဘတ်


မာ့ခ်ဇူကာဘတ်သည် Facebook တွင် Instagram လစဉ်သုံးစွဲသူ သန်း ၅၀၀ ပြည့်ကို ချီးကျူးဂုဏ်ပြုသည့် ဓာတ်ပုံတင်ခဲ့ပြီးနောက် ၎င်းဓာတ်ပုံတွင် မာ့ခ်ဇူကာဘတ်၏ MacBook webcam နှင့် audio port များအား တိပ်ဖြင့်ကပ်ထားသည်ကို Gizmodo နှင့် ခရစ္စအော်ဆင်ဆိုသူတို့က သတိပြုမိခဲ့သည်။

အခြားသူများက အဆိုပါ အလုပ်စားပွဲမှာ မာ့ခ်ဇူကာဘတ်၏ စားပွဲမဟုတ်ကြောင်း ပြောဆိုခဲ့ကြသည်။ သို့ရာတွင် ၎င်းစားပွဲမှာ ဇူကာဘတ်၏ အခြားဓာတ်ပုံများနှင့် live stream များစွာတွင် မြင်တွေ့ရသော စားပွဲဖြစ်ကြောင်း မှတ်ယူရသည်။

ယခုနှစ်အစောပိုင်းတွင် Facebook က ဇူကာဘတ်၏ လုံခြုံရေးအစီအစဉ်အသေးစိတ်ကို ဖော်ပြခဲ့ရာ ၂၀၁၅ ခုနှစ်အတွင်း ၎င်း၏ လုံခြုံရေးအတွက် ဒေါ်လာ ၅ သန်း အသုံးပြုခဲ့ကြောင်း သိရသည်။ ကိုယ်ရံတော် ၁၆ ယောက်က ဇူကာဘတ် နေအိမ်အနီးတွင် အလှည့်ကျ စောင့်ဆိုင်းလျက် ရှိသောကြောင့် အိမ်နီးနားချင်းများက ဒေါသထွက်ခဲ့ကြသည်။ ထို့အပြင် အိမ်ရာအနီးနေထိုင်သူများသို့ အိတ်ဖွင့်စာများ ပေးပို့ပြီး ဆန်ဖရန်စစ္စကိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့သို့ ၎င်းကိစ္စအား တိုင်ကြားရန် နှိုးဆော်ခဲ့ကြသည်။

စိုးထက် - Internet Journal
Previous
Next Post »
Powered by Blogger.