ထိုင်းနိုင်ငံ ချင်းမိုင်မှာ အသက် ၁၃ နှစ် အရွယ်ရှိ ယောကျာ်းလေးနဲ့ မိန်းကလေး ၂ ဦး ဇီကာ ဗိုင်းရပ်စ် ကူးစက်ခံရပါတယ်။
ဇွန် ၂၀ ရက်က သွေးထဲမှာ ဇီကာ ဗိုင်းရပ်စ်ရှိနေတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့လည်း ထိုင်းအခြေစိုက် ဘန်ကောက်ပိုစ့်သတင်းက ရေးပါတယ်။
ပတ်ချဘွန်ခရိုင်ကနေ ကလေး ၂ ဦးဟာ ကူးစက်လာတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ကလေး ၂ ဦးကို လန်းနားဆေးရုံမှာ တင်ထားတယ်လို့ ချင်းမိုင် စီးတီး နယူးမှာ ရေးပါတယ်။
ချင်းမိုင်မြို့တော်ဝန် ပ၀င် ချန်နီပရဆတ်ကို ပတ်ချဘွန်ခရိုင်မှာလည်း ဇီကာ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၇ ဦးရှိနေတယ်လို့ သတင်းပေးထားတယ်လို့ သတင်းမှာ ရေးပါတယ်။
ရောဂါ ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ ကလေး ၂ ဦး နေထိုင်တဲ့ ဆန်ဆိုင်း မြို့နယ်ကို ၂၈ ရက်အတွင်း အထူးသတိထားစောင့်ကြည့်ရမယ့် နယ်မြေအဖြစ် သတ်မှတ်ထားပါတယ်။
ဇီကာဗိုင်းရပ်စ်ဟာ သန္ဓေသားကို ထိခိုက်နိုင်တဲ့ အတွက် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ သတိထားဖို့လည်း ထုတ်ပြန်ထားပါတယ်။
DVB
Sign up here with your email
ConversionConversion EmoticonEmoticon