သူဌေးဖြစ်ချင်တယ်ဆိုပြီး ဘုရားမှာ ဆုတောင်းနေရံနဲ့တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ နေ့စဉ်လိုက်နာဆောင်ရွက်ရမဲ့ ကိစ္စလေးတွေကို မမေ့မလျှော့ပဲ လုပ်ဆောင်သွားမယ်ဆိုရင် မအောင်မြင်စရာ အကြောင်း မရှိပါဘူး။ လိုက်နာရမဲ့ အဓိက အချက်လေးတွေ ကတော့ အောက်ပါအတိုင်းပါဘဲ........
၁. ကျန်းမာရေးသာလျှင် အဓိက
နေ့စဉ်နေထိုင်မှု ဘဝမှာ ကျန်းမာရေးက အဓိက ကဏ္ဏမှာ ပါဝင်ပါတယ်။ ကျန်းမာမှသာလျှင်ကိုယ့်ရဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်မှာပါ။
၂. အမြဲတမ်း ပြုံးပြုံးရွှင်ရွှင် တက်တက်ကြွကြွ နေထိုင်နိုင်ခြင်း
နေ့တိုင်းပိုက်ဆံမရှိဘူး ဆိုပြီးထိုင်ပြီးစိတ်ညစ်နေလို့ လဲဘာမှဖြစ်မလာပါဘူး။ ဒါကြောင့်စဉ်းစားနေတာထက် ပြုံးပြုံးရွှင်ရွှင်နေတက်မှ သာလျှင် လူချစ်လူခင်ပေါလာပြီး ကံကောင်းခြင်းနဲ့ အလုပ်လည်းအဆင်ပြေလာမှာပါ။
၃. ဈေးအဝယ်တော်တာကလည်း သူဌေးဖြစ်မယ့် အမျိုးသမီးတွေ အတွက် မရှိမဖြစ်တဲ့ အချက်
ပိုက်ဆံကိုချွေချွေတာတာနဲ့လိုအပ်တဲ့နေရာမှာလိုအပ်သလိုအသုံးချတက်တဲ့သူဟာ သူဌေးဖြစ်ကိုဖြစ်မှာပါ။
၎. အမျိုးသမီးဖြစ်တဲ့အတွက် လှလှပပနေထိုင်ဖို့ဆိုတာဟာလဲ မမေ့နဲ့
ကိုယ်က မိန်းကလေးတယောက်ဆိုတာကိုလည်း မမေ့ထားပါနဲ့။ လှလှပပ နေထိုင်တက်တယ်ဆိုတာကလည်း အရေးကြီးတဲ့ အချက်တစ်ချက်ပါ။
၅. အိမ်ရဲ့ ဝင်ငွေထွက်ငွေ စာရင်းကိုလည်း သေသေချာချာ ပြုစုရန်
အိမ်ရဲ့လိုအပ်ချက်က ဘာလဲဆိုတာကို သေသေချာချာ လေ့လာပြီး လိုအပ်တဲ့နေရာမှာ ပိုက်ဆံကို သုံးပြီး ပိုရင်စုဖို့ဆိုတာကိုလည်း မမေ့ဖို့လိုပါတယ်။
Posted By : Wai Phyoe / shweproperty
Photo Credit : TSL
Sign up here with your email
ConversionConversion EmoticonEmoticon