မြို့ရွှေမန်းသား ဖိုးချစ်က ဧပြီလ ၁၃ ရက်နေ့က မြရွှေစင်သဒ္ဓမ္မ သာ သနာ့ရိပ်သာ၊ ပုလဲမြို့သစ် ဆရာတော် ဦးလှတောကျောင်း မှာ ဒုလ္လဘ ခံခဲ့ ပါတယ်။ ဘွဲ့အမည်ကတော့ အရှင် ကေသရဖြစ်ပြီး ဧပြီလ ၁၈ ရက်နေ့ အထိ ဝတ်ခဲ့တာဖြစ်ပါတယ်။
“ဆရာတော်က စိတ်ကိုထားရမယ့် စိတ်ထားတွေ၊ စိတ်ကို ဘယ်လိုတည် ငြိမ်အောင် လုပ်ရမယ့် အကြောင်းတွေ ပြောပြတယ်။ အတိုင်း အတာတစ်ခု အထိတော့ စိတ်အေးချမ်းမှု ရပါတယ်။ တစ်ရက် တစ်နာရီနဲ့ တရား ၇ ကြိမ် ထိုင်ရတယ်။ ဆွမ်းခံတော့ မကြွဖြစ်ခဲ့ ဘူး” လို့ဖိုးချစ်က ပြောပါတယ်။
ဖိုးချစ်ရဲ့ ဘဝဖြတ်သန်းမှု တစ် လျှောက်မှာ ထူးခြားမှုဖြစ်စဉ်တွေ နဲ့ ကြုံတွေ့ခဲ့ရတယ်လို့ လည်းသိရ ပါတယ်။ အနီးစပ်ဆုံး ထူးခြားမှု အနေ နဲ့ သင်္ကြန်ကာလ ရဟန်း ဝတ်နဲ့ တရားထိုင်နေစဉ် အတွင်း မှာ ငလျင်လှုပ်ခြင်းနဲ့ ထူးခြားစွာ တိုက်ဆိုင် ခဲ့ပါတယ်။
“ဘာရယ်တော့ မဟုတ်ပါဘူး။ ဒါက တိုက်ဆိုင် မှုတစ်ခုပါပဲ။ ဒါပေမဲ့ မြန်မာလူမျိုးတွေ ဆို တော့ နိမိတ် ယူကြ တာပေါ့။ ကောင်းအောင် ယူတာပါပဲ။ ကုသိုလ်ကောင်းမှု ပြုလုပ်နေတဲ့ အချိန်မှာ ငလျင်လှုပ်တာ ဆိုတော့ မဟာမြေကြီး ကတောင် သက်သေပြုတယ် ဆိုပြီး မိန့်တယ်။ ဒါကတော့ ဆရာတော်ကလည်း ကောင်းတဲ့ နိမိတ်ကို မိန့်ပေးတာပါ”လို့ ပြောပါတယ်။
ထို့အပြင် ဖိုးချစ် အနေနဲ့ လွန်ခဲ့တဲ့ ငါးနှစ်ကာလ ကလည်း ရွာ တစ်ရွာမှာ ကစဉ်က မိုးကြိုး ပစ်တာ ညာဘက် လက်မောင်း ဘေး ကနေ ဖြတ် သွားဘူးတယ် လို့ သိရပါတယ်။
“ဝင်လာတဲ့ လျှပ်စီးနဲ့ မိုးကြိုး သွားလမ်းကြောင်းပါ မြင်ရတာ။ ဘေးကလူတွေ လည်း အကုန်လုံးတုန်သွား ကြတယ်။ လူမထိလိုက်ဘူး။ ဖွင့်ထားတဲ့ လျှပ်စစ်မီးတွေ လည်း ပိတ်သွားတယ်။ မြန်မာ လူမျိုးတွေ ဆိုတော့လည်း ဘာပဲ ဖြစ်ဖြစ် ကောင်းတဲ့ နိမိတ် ယူပါတယ်။ ပြီးတော့ ငယ်ငယ်တုန်း ကလည်း မိသား စုနဲ့အတူ ရဟန္တာတွေ ဈာန်နဲ့ကြွနေ တာကို ဖူးခဲ့ရတယ်။ နီးနီးလေး ဖူးခဲ့ ရတယ်။ တကယ့်ကို အံ့သြ စရာပါ”လို့ ကြုံတွေ့ခဲ့ရတဲ့ ထူးခြားဖြစ်စဉ်တွေ နဲ့ ပတ်သက်ပြီး ဖိုးချစ်က ပြန်လည်ပြော ပြပါတယ်။ အခု လက်ရှိ မှာတော့ ဖိုးချစ် က ပဲခူး ဘုရားပွဲတော်ကြီးမှာ ကပြလျက် ရှိပါတယ်။
Popular News
Sign up here with your email
ConversionConversion EmoticonEmoticon