ဒီလိုကိုယ်လုံးတီးချွတ်ပြီး စားသောက်ရခြင်းဟာ စားသုံးသူတွေကို သဘာဝရဲ. အရသာကို ခံစားစေချင်လို့ ဖြစ်ပါတယ်တဲ့ ။ ဒါ့အပြင် ဒီစားသောက်ဆိုင်မှာ လတ်ဆတ်တဲ့ အစားအသောက်တွေ ရရှိမှာဖြစ်ကာ အပြင်အဆင်ကလည်း သဘာဝပစ္စည်းတွေနဲ့ ဖန်တီးထားမှာ ဖြစ်ပါတယ်။
စားသောက်ဆိုင်ဟာ မွန်းကျပ်တဲ့ မြို.ပြလူနေမှုဘဝကနေ ခဏတာ ထွက်ပေါက်ရရှိဖို့ ရည်ရွယ်ရင်းသာ ဖြစ်ပါတယ်။
ဒီ့အတွက်ကြောင့် စားသောက်ဆိုင်ကို ခေတ်သစ်အသုံးအဆောင်တွေဖြစ်တဲ့ ဖုန်းတွေဘာတွေလည်း ယူဆောင်သွားခွင့် မရှိပဲ ၊ ဆိုင်ကလည်း လျှပ်စစ်မီးကို အသုံးပြုမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ရှက်တက်သူတွေအတွက် အဝတ်အစားဝတ်ပြီး စားသောက်လို့ရမယ့် နေရာ ဖန်တီးထားပေးမယ်လို့ ဆိုပါတယ်။
အစားအသောက်တွေထဲက အကင်တွေကိုလည်း ထင်မီးနဲ့သာ ကင်ပေးမယ်လို့ ဆိုထားပါတယ် ၊ စားစရာတော်တော်များများကို သဘာဝအတိုင်း လက်နဲ့သာ ပြုလုပ်ဖန်တီးသွားမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒီစားသောက်ဆိုင်မှာတော့ သင့်အနေနဲ့ ဓါတ်ပုံရိုက်ခွင့်တော့ ရှိမှာ မဟုတ်ပါဘူး။
Source : Mirror
buzz.myanmarportal
Sign up here with your email
ConversionConversion EmoticonEmoticon