လားရှိုးမြို့ပေါ်တွင် ညဘက်ပိုင်း ဓါးဖြင့်လိုက်ခုတ်သော လူငယ်တစ်စုရှိ၍ သတိထားကြပါ








ဒီရက်ပိုင်းလားရှိုးပြည်သူ့ဆေးရုံကြီးထိခိုက်ဒဏ်ရာနဲ့အရိုးအကြောကုသဆောင်မှာ ဓါးခုတ်ခံရတဲ့လူငယ်များ(၆ ဦး)တက်ရောက်ဆေးကုသနေကြောင်းသိရပါတယ် . အဲဒီလူငယ်တွေဟာ ရပ်ကွက်(၇/၈/၁၂)ဘက်မှာ နေထိုင်ကြပြီး ရန်ငြှိုးရန်စ မရှိကြောင်းလဲသိရှိရပါတယ် . ဓါးနဲ့အခုတ်ခံရတဲ့နေရာတွေကတော့ ရပ်ကွက်(၁၂)ဟတ်ကာလမ်းဘက်၊ မန်ဆူရှေ့၊ ရပ်ကွက်(၇)ရွှေညောင်ပင်အနီး နဲ့ မောသီရိကွက်သစ် “အရှည်ကြီး“၀ါးလုံးဆိုင်ရှေ့ နေရာတွေပဲဖြစ်ပါတယ် . ဓါးခုတ်ခံရတဲ့လူငယ်တွေဟာ ညဘက်ပိုင်း လမ်းသွားနေရင်း၊ အိမ်ရှေ့မှာထိုင်နေရင်း/ဖုန်းပြောနေရင်း အကြောင်းမဲ့ အခုတ်ခံရတာဖြစ်ပါတယ်. ဓါးနဲ့ခုတ်တဲ့လူတွေက လူငယ်တွေဖြစ်ပြီး (၄/၅)ယောက်လောက်ရှိကြောင်း၊ ပစ္စည်းလုယူခံရခြင်းမရှိကြောင်းလဲသိရပါတယ် .

ဒါကြောင့် သူငယ်ချင်းတို့ ညဘက်အပြင်ထွက်ရင် နည်းနည်းဂရုစိုက်ကြပါ . ကိုယ့်နားကို မသိတဲ့လူတွေ ဆိုင်ကယ်နဲ့ကပ်လာရင်လဲ သတိရှိကြပါ . ဒီရက်ပိုင်းလူခြေပြတ်တဲ့နေရာတွေကို သွားလာခြင်းရှောင်ကြပါ .

ဘေးကင်းကြပါစေ . . . .

Nay Myo  facebook
Previous
Next Post »
Powered by Blogger.