စင်္ကာပူ ပညာရေး စာစစ်ဘုတ်အဖွဲ့မှ GCE O-Level စာမေးပွဲ အောင်စာရင်းကို ယမန့်နေ့ (၁၁-၀၁-၂၀၁၆) က ထုတ်ပြန်ပေးခဲ့ပါတယ်။ Westwood Secondary ကျောင်းတွင် ပညာသင်ကြားနေသော မြန်မာကျောင်းသူလေး မယွန်းရတီနိုင်က ၂၀၁၆ ခုနှစ်ရဲ့  GCE O-Level တစ်ကျောင်းလုံး ပထမဆုကို ရရှိသွားခဲ့ပါတယ်။ မယွန်းရတီနိုင် ဟာ မနေ့က GCE O-Level စာမေးပွဲကို ဘာသာစုံ (၇) ဘာသာ ဂုဏ်ထူးထွက်ပြီး တစ်ကျောင်းလုံးမှာ ပထမဆုရပြီး Top 1 ဖြစ်ခဲ့တာပါ။
"အမေ ဘယ်လောက် ၀မ်းသာသလဲဆိုတာ ပြောမပြတတ်အောင်ပါပဲ။ သမီးရဲ့  ဓာတ်ပုံကို ကျောင်းမှာ Top 1 အဖြစ် Life Time ချိတ်ထားမယ်ဆိုတဲ့အတွက် အမေတစ်ယောက်အနေနဲ့ မကဘဲ မြန်မာလူမျိုးတစ်ယောက်အနေနဲ့ပါ ၀မ်းသာလို့ မဆုံးပါဘူး။ စင်္ကာပူရီးယန်းတွေဟာ သူတို့နိုင်ငံမှာ လာအလုပ် လုပ်တဲ့ နိုင်ငံခြားသားတွေကို နှိမ့်ချပြီး ကြည့်နေတာ အမြဲခံရတဲ့ အမေတို့အတွက် သမီးရတဲ့ ဆုဟာ မြန်မာနိုင်ငံကို ကိုယ်စားပြုပါတယ်။ Principal ၊ ဆရာ၊ ဆရာမများ၊ စင်္ကာပူရီယန်း မိဘ၊ သူငယ်ချင်းများအားလုံးက ၀ိုင်းပြီး ဖက်ပွေ့ကာ Congrats လုပ်ကြတဲ့အတွက် အမေဂုဏ်ယူပါတယ်။ ၂၀၁၆ ရဲ့  O-Level ပထမဆုကို မြန်မာကျောင်းသူလေးရသွားတာဟာ မြန်မာတွေ မညံ့ဘူးဆိုတာသူတို့ သိပြီး အံ့သြသွားစေခဲ့တဲ့အတွက် အမေဂုဏ်ယူပါတယ်။" လို့ မယွန်းရတီနိုင်၏ မိခင်မှ သူမ၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ဂုဏ်ယူဝံ့ကြွားစွာ ရေးသားထားပါတယ်။
သမီးလေး ယွန်းရတီနိုင်ငံဟာ Junior College ကို တိုက်ရိုက် တက်ရောက်ခွင့်ရမှာဖြစ်ပြီး စင်္ကာပူနိုင်ငံတွင် Student Pass ဖြင့် ပညာလာသင်နေသော မြန်မာနိုင်ငံသား စစ်စစ်ဖြစ်ပါတယ်။ မယွန်းရတီနိုင်ဟာ စင်္ကာပူနိုင်ငံတွင် Residential Technical Officer ရာထူးဖြင့် အလုပ် လုပ်နေသော ဖခင်ဖြစ်သူနဲ့ အတူတကွနေထိုင်ပြီး မိခင်ဖြစ်သူမှာ အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်မြို့ တွင် အလုပ် လုပ်နေတယ်လို့ သိရပါတယ်။
စလုံး Page
(စင်္ကာပူနိုင်ငံနှင့် ပတ်သတ်သော အကြောင်းအရာများ စုစည်းတင်ပြမှု)
Sign up here with your email
ConversionConversion EmoticonEmoticon