ဤပုံလေးအား ကြည့်၍ ဆရာမ တစ်ယောက်အား ချစ်မိနေသော FB ပေါ်မှ သူငယ်ချင်းတစ်ယောက်မှ ကျွန်တော်အား အတွေ့ကြုံများလာမေး၍ လူစုံတုန်းရှင်းပြလိုက်သည် ဒီအဖြစ် အပျက် ရှစ်ခုအား ခံနိုင်မှဆရာမကိုချစ်ပါလို့
(1)ကိုယ့်အတွက် ထမင်းဟင်းမဆိုထားနှင့်။ မိုးလင်းလျှင် သူ့အတွက်မနက်စာပင်အနိုင်နိုင် မစားနိုင်ပဲ မှင်နီးအောက်မရောက်ရလေအောင် အပြေးအလွှားအလှပြင်ကာသွားရခြင်း
(2)ကျောင်းရောက်တာနှင့် မျောက်လောင်းတွေက တစ်မျိုး ဂျူတီကတစ်ဖုံ ရုံးခန်းက ဆရာမကြီးကတစ်မောက် စစ်ဆေးရေးက အာရုံနောက် နေ့လည်စာ ထမင်းစား မမှန်၍ရောဂါဖြစ်တက်သည် (အခန့်မသင့်လျှင် ဆေးရုံတက်ရနိုင်၍။ (လူနာပြုစုနည်းလေးပါသင်ထားပါသူငယ်ချင်း)
(3)တစ်နေကုန် စစ်ဆေးရေး ရစ်သမျှ ကျောင်းသားမိဘ ရစ်သမျှ ကျောင်းက စီနီယာဆရာမကြီးများမှ C.M ပေးသမျှကို ပြုံးပြုံးကြီးခေါင်းငုံ့ခံခဲ့ရ၍ (ကုလားမနိုင် ရခိုင်မဲပါက မင်းကသာ ရခိုင်ဖြစ်ရပါလိမ့်မည် သူငယ်ချင်း)
(4)မနက်ကျောင်းသွားချိန်တွင် ရိုးရိုးလေးယဉ်တယ်ဗျာ သိပ်လှတယ်ဆရာမရယ်ဆိုတဲ့အတိုင်း ပြင်ဆင်ထားသော်လည်း ညနေကျောင်းဆင်း၍ အိမ်ပြန်ရောက်လျှင် ဘီးလူး သရဲရုပ်ပေါက်လာ၍ အသံမထွက် မှန်ချိုယပ်၍ (ထမင်းဟင်း ခူး၍ အဆင်သင့်ပြင်ပေးလိုက်ပါသူငယ်ချင်း)(အထူးမှတ်ချက်)(မင်းကိုယ်တိုင်ချက်ရမည်)
(5)လကုန်နှင့် လဆန်းရက်များတွင် မိုးမလင်းခင် ကျောင်းသွားကြရပြီး မိုးစုန်းစုန်းချုပ်မှသာ အိမ်ပြန်လာကြတက်၍ ငါ့အိမ်၌ ငါမွေးထားသော အိမ်ကခွေးလေးက သူ့သခင်မအား မမှတ်မိလို့ သဲကြီးမဲကြီး ထိုးဟောင်နေတာသာ (မင်း လာလေ့လာပါသူငယ်ချင်း)
(6)ကလေးမွေးပြီးပါက လပိုင်းအတွင်း ကျောင်းပြန်တက်ရ၍ ကလေးကိုပစ်ထားခဲ့သဖြင့် မိမိအိမ်ရှိ လူကုန်မနေရပဲ ကလေးတစ်ယောက်အား ဝိုင်းဝန်းထိမ်းကြရချင်း (စီနီယာကလေးအဖေ အစ်ကိုကြီးများမှ ပြောပြခြင်း)
(7)ဤကိစ္စတွေအား မင်းမခံစားနိုင်ပါက သူ့ကိုဘယ်လောက်ပြဿနာရှာရှာ ကျောင်းအစည်းဝေး ကျောင်းကျမ်းမာရေး ကျောင်းအုပ်ကြီးခိုင်းထားလို့ဟု၍ ထိုထိုကိစ္စများအား အကြောင်းပြ၍ မင်းလက်က ရှောင်ပြေးနိုင်သဖြင့် (မင်းတစ်ယောက်တည်း ဒေါသထွက်၍ ကျန်ခဲ့ရခြင်း)
(8)အဆိုးဆုံးမှာ မင်းနေမကောင်းဖြစ်လျှင် မင်းအားပြုစုရမည်ဆိုပါက ခွင့်မရသဖြင့် မဲရုံကိစ္စ သန်းခေါင်းစာရင်းကိစ္စတွေရှုပ်နေတက်၍ ဒီဇင်ဘာပိတ်ရက် သို့မဟုတ် နွေရာသီပိတ်ရက်များ၌ (တစ်နှစ်စာစုပေါင်း၍ မင်း ဖျားနာပါကအကောင်းဆုံးဖြစ်ပေလိမ့်မည်သူငယ်ချင်း)
Myat Noe Oo
Sign up here with your email
ConversionConversion EmoticonEmoticon