တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်သင်္ဘောတွေကို တွေ့ရစဉ် (Credit: Reuters) |
ပိုင်ဆိုင်မှု အငြင်းပွားနေကြတဲ့ နေရာမှာ တရုတ်က ကျွန်းအတုတွေ တည်ဆောက်ပြီး ပိုင်ဆိုင်ကြောင်း ပြသနေတဲ့အတွက် အဲဒီ ကျွန်းရဲ့ ရေမိုင် ၁၂ မိုင်အတွင်းမှာ အမေရိကန် စစ်သင်္ဘောကို ဖြတ်မောင်းသွားဖို့ စဉ်းစားနေတာဖြစ်ပြီး နှစ်ပတ်အတွင်း လုပ်ဆောင်ဖို့ ရှိတယ်လို့ ဆိုပါတယ်။
အမေရိကန် ရေတပ်ကတော့ ရက်ပိုင်းအတွင်း သင်္ဘောဖြတ်မောင်းဖို့ ဆုံးဖြတ်ထားပေမယ့် အစိုးရရဲ့ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေတာ ဖြစ်ပြီး အစိုးရကတော့ ခွင့်ပြုသင့်မသင့် စဉ်းစားနေတယ်လို့သာ ပြောဆိုထားပါတယ်။
အရင်လတုန်းကတော့ အမေရိကန် ကာကွယ်ရေးအရာရှိ Ash Carter က တရုတ်နိုင်ငံရဲ့ လုပ်ရပ်ကို ဆန့်ကျင်ကြောင်း ပြသဖို့ အဲဒီဒေသပေါ်ကို လေယာဉ်နဲ့ ပျံသန်းတာတွေ၊ စစ်သင်္ဘော ဖြတ်မောင်းသွားတာတွေ အစရှိတဲ့ နိုင်ငံတကာ ဥပဒေအတွင်း လုပ်လို့ရတဲ့ နည်းလမ်းပေါင်းစုံနဲ့ လုပ်ပြီး ဆန့်ကျင်မှုကို ပြသသွားမယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။
အမေရိကန် စစ်သင်္ဘောတွေက တောင်တရုတ်ပင်လယ်ပြင်က Spratly ကျွန်းနား တဝိုက်ကို ဖြတ်သန်းနိုင်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တရုတ်အနေနဲ့ အနီးကပ် စောင့်ကြည့်နေတယ်လို့ တရုတ်အစိုးရက တုန့်ပြန်ထားပါတယ်။
တရုတ်နိုင်ငံနဲ့ တခြား အာရှနိုင်ငံတွေအကြား ဖြစ်နေတဲ့ နယ်မြေပိုင်ဆိုင်မှု ပြဿနာကို အမေရိကန် အနေနဲ့ တရားမျှတစွာ ရှုမြင်ပေးဖို့ မျှော်လင့်ကြောင်း ပြောသွားခဲ့ပါတယ်။
တောင်တရုတ် ပင်လယ်ပြင်က Spratly ကျွန်းတဝိုက်မှာ တရုတ်အပြင် ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်းနဲ့ ထိုင်ဝမ်တို့က သူတို့လည်း ပိုင်ဆိုင်တယ်ဆိုပြီး အငြင်းပွားနေကြတာ ဖြစ်ပါတယ်။
ပိုင်ဆိုင်မှု အငြင်းပွားနေတုန်းမှာပဲ တရုတ်က ကျွန်းအတုတွေ ထပ်ဆောက်နေသလို၊ စစ်သုံးပစ္စည်းတွေပါ ထားရှိတဲ့အတွက် အမေရိကန်က စိုးရိမ်မကင်း ဖြစ်နေရတယ်လို့ ပြောပါတယ်။
အဲဒီကျွန်းတဝိုက်မှာ သဘာဝ သံယဇာတတွေ ပေါကြွယ်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။
ABC Radio Australia
Sign up here with your email
ConversionConversion EmoticonEmoticon