ငြိမ်းချမ်းရေး ဆွေးနွေးပွဲတစ်ခု (Credit: ABC) |
ဒေါက်တာ မင်းဇော်ဦးက ကချင် အေအိုင်အိုနဲ့ ဝတပ်ဖွဲ့ကို လက်မှတ်မထိုးဖို့ တရုတ်က ဖိအားပေးခဲ့တာကြောင့် ဖြစ်တယ်လို့ ရိုက်တာ သတင်းကို ပြောပါတယ်။
တရုတ်တွေရဲ့ စွက်ဖက်မှုနဲ့ ပတ်သက်ပြီး နှုတ်ပိတ်နေခဲ့ပေမယ့် ဒီအချိန်ဟာ ရေငုံနှုတ်ပိတ်နေရမယ့် အချိန်မဟုတ်တော့ဘူးလို့ ပြောပါတယ်။
တရုတ်က မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းမှုကို လိုလားပေမယ့် တဖက်မှာလည်း လွှမ်းမိုးမှု ရှိချင်နေတယ်လို့ ပြောပါတယ်။
NCA ကို လက်မှတ်ထိုးတဲ့အခါမှာ မျက်မြင်သက်သေအနေနဲ့ အမေရိကန်၊ ဂျပန်၊ ကုလသမဂ္ဂ အစရှိတာတွေကို ဖိတ်ခေါ်တဲ့အပေါ် မကျေနပ်လို့ တရုတ်က လက်မှတ်မထိုးဖို့ ကချင်နဲ့ ဝကို ဖိအားပေးတာလို့ ပြောပါတယ်။
ဒါ့အပြင် ကိုးကန့်အဖွဲ့ကို မြန်မာ အစိုးရက NCA မှာ ပါဝင်ခွင့် ပိတ်ပင်ထားတာကြောင့် ဖြစ်တယ်လို့လည်း ပြောပါတယ်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီး Hong Lei ကတော့ ဒေါက်တာ မင်းဇော်ဦးရဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုလိုက်ပါတယ်။
တရုတ်အနေနဲ့ မြန်မာနိုင်ငံမှာ ပြဿနာတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းပြီး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ကိစ္စကို အစောကြီး ကတည်းက အားပေးခဲ့တာလို့ တုန့်ပြန်ထားပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံး NCA မှာ လက်မှတ် မထိုးတာဟာ သမ္မတ ဦးသိန်းစိန် သက်တမ်းအတွင်း ဒီကိစ္စကို မဆောင်ရွက်နိုင်ခဲ့တာတွေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် မဲဆွယ်စရာ အားနည်းချက်လို ဖြစ်သွားနိုင်တယ်လို့လည်း သုံးသပ်နေကြပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီမနက်မှာ ကချင်၊ ဝနဲ့ ကိုးကန့်အဖွဲ့ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် အောင်မြင်မှု မရခဲ့ပါဘူး။
ABC Radio Australia
Sign up here with your email
ConversionConversion EmoticonEmoticon