ဓာတ်ပုံ - Senior General Min Aung Hlaing |
အောက်တိုဘာ ၉ ရက်က ရန်ကုန်တိုင်းဒေသကြီး သံလျင်တပ်နယ်ရှိ ရေတပ်သင်္ဘောကျင်း ဌာနချုပ်မှာ အရာရှိ၊ စစ်သည်တွေနဲ့ တွေ့ဆုံခိုက် သူက ခုလို ပြောခဲ့တာ ဖြစ်ပါတယ်။
“တိုင်းပြည်အတွက် အမှန်တကယ်အကျိုးရှိမည့် လုပ်ရပ်များကို တပ်မတော်မှ ဖော်ဆောင်ပေးနေခြင်း ဖြစ်ကြောင်း၊ ယင်းလုပ်ဆောင်ချက်များအပေါ် အပြုသဘောမဆောင်သော အချို့သော မီဒီယာများ၊ လူမှုကွန်ရက်များ၏ ရေးသားနေခြင်းကိုလည်း မှန်ကန်စွာသိရှိနားလည်ပြီး လုပ်စရာရှိသည်များကို ဆက်လက် လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း။”
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒီစကားပြောနေချိန်မှာပဲ ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ညွှန်ကြားချက်အရ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ခေါင်းဆောင်တွေကို ဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ် ဆိုတဲ့ ရာထူးတွေ သုံးပြီး သတင်းမရေးဖို့ ဧရာဝတိတိုင်းအစိုးရ ကြေညာချက် ထွက်ပေါ်ခဲ့ပါတယ်။
တချိန်တည်းလိုလိုမှာပဲ အောက်တိုဘာ ၁၀ ရက်က ထုတ်ပြန်လိုက်တဲ့ ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) ရဲ့ ကြေညာချက်ထဲမှာ အစိုးရနဲ့ လက်မှတ်မထိုးနိုင်သေးတဲ့ တပ်ဖွဲ့တို့အပေါ် မြန်မာ့တပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်ပြီး စစ်ရေးအရ ဖိအားပေးနေတယ်လို့ ပြောဆိုလိုက်ပါတယ်။
ဒီပြောဆိုချက်တွေ အားလုံးဟာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၈ ခုတို့ နေပြည်တော်မှာ အပစ်ရပ်စာချုပ်လက်မှတ်ထိုးကြမယ့် အောက်တိုဘာ ၁၅ ရက်မတိုင်မီ ရက်ပိုင်းအတွင်း ထွက်ပေါ်နေတာလည်း ဖြစ်ပါတယ်။
DVB
Sign up here with your email
ConversionConversion EmoticonEmoticon