မီးခိုးမွှန်အောင်လုပ်သည့် ပစ္စည်းတွေ တင်မရောင်းဖို့ လှုံ့ဆော်


အင်ဒိုနီးရှားတွင် တောမီးလောင်ကျွမ်းမှုကြောင့် စင်ကာပူနှင့် မလေးရှားဘက်သို့ မီးခိုးများ ဖုံးအုပ်နေရာ စင်ကာပူသားများကို မီးခိုးမွှန်အောင်လုပ်သည့် အင်ဒိုဘက်မှ ကုမ္ပဏီများ ထုတ်လုပ်သည့် ကုန်ပစ္စည်းများ မသုံးရေး၊ ဆိုင်ပေါ်တင် မရောင်းရေး စင်ကာပူတွင် စည်းရုံးလှုပ်ရှားမှုများ အရှိန်မြင့်နေကြောင်းသိရသည်။

NTUC Fair Price၊IKEA စသည့် အဓိက စတိုးဆိုင် လုပ်ငန်းကြီးများ အပါအ၀င် လုပ်ငန်းကြီးခုနစ်ခုကို အဓိက စည်းရုံးလျက်ရှိကြောင်း သိရသည်။ အင်ဒိုဘက်မှ မီးခိုးများကြောင့် စင်ကာပူတွင် လေထုညစ်ညမ်းမှု အမြင့်ဆုံး အနေအထားသို့ ရောက်ရှိနေရသည်။ လယ်မြေခုတ်ထွင် မီးရှို့ရာတွင် ပါဝင်သော အင်ဒိုကုမ္ပဏီတစ်ခုထံမှ ပစ္စည်းများကို အသုံးရပ်လိုက်ပြီ FairPrice က ကြေညာထားသည်။ နိုင်ငံပိုင် ရှောပင်းစင်တာ လုပ်ငန်းကြီး ဖြစ်သော FairPrice သည် အင်ဒိုဘက်မှ လယ်မြေခုတ်ထွင် မီးရှို့ရာတွင် ပါဝင်သော Asia Pulp and Paper Group (APP) ထံမှ စက္ကူများ မှာယူအသုံးပြုမှု၊ ရောင်းချမှုများကိုလည်း ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း ကြေညာထားသည်။

ဆီးအုန်းနှင့် ရော်ဘာ စိုက်ခင်းများအတွက် အင်ဒိုဘက်တွင် ယခုလိုကာလတွင် နှစ်စဉ် ခုတ်ထွင် မီးရှို့နည်းဖြင့် လယ်မြေရှင်းလင်းလေ့ရှိရာ နှစ်တိုင်းလိုလို မလေးရှားနှင့် စင်ကာပူသည် မီးခိုးမွှန်နေရသဖြင့် ထိုကိစ္စ အမြန်ဆုံး ရပ်တန့်ရေး အင်ဒိုသမ္မတ ဂျိုကိုဝီဒိုဒိုကို ဖိအားပေးလျက် ရှိသည်။

messenger
Previous
Next Post »
Powered by Blogger.