KFC နှင့် တို့၏ Pizza Hut မိခင်ကုမ္ပဏီ Yum Brands သည် စက်တင်ဘာလ (၅)ရက်နေ့အထိ ရှေ့ပိုင်း သုံးလတာ ၀င်ငွေကျဆင်းနေမှုကို ထုတ်ပြန် ကြေညာပြီးနောက် နယူးယောက် စတော့ဈေးကွက်တွင် ရှယ်ယာဈေး (၁၇) ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကြောင်း သိရသည်။
“Yum Brands သည် ၊တို့အတွက် အဓိက ဈေးကွက်ကြီး ဖြစ်သော တရုတ် ဈေးကွက်တွင်လည်း ယခုနှစ် တစ်နှစ်တာ ၀င်ငွေကို ယခင်ခန့်မှန်းထားသည်ထက် လျှော့ချ ခန်းမှန်းထားသည်။ ယွမ်ဈေးထက် အမေရိကန် ဒေါ်လာဈေး မာနေမှုသည် ၀င်ငွေ ကျဆင်းရခြင်း အဓိကအချက်” ဟု Yum Brands ဆိုထားသည်။
ပြီးခဲ့သည့်နှစ် ဇူလိုင်က သက်တမ်းလွန် အသားငါးများ ရောင်းချနေသော ရှန်ဟိုင်းအခြေစိုက် Shanghai Husi Food လုပ်ငန်းသည် KFC သို့လည်း အသားများ ပေးသွင်းနေကြောင်း သတင်းများတွင် ပါလာသဖြင့် တရုတ်ရှိ KFC ဆိုင်များ ရောင်းအား သိသိသာသာ ကျဆင်းခဲ့ရသည်။ ယခုထိတိုင် ရောင်းအား ပုံမှန်အနေအထားသို့ ပြန်ရောက်ဖို့ ကြိုးပမ်း ရုန်းကန်နေရဆဲ ဖြစ်သည်။တရုတ်ဈေးကွက်မှာ ရောင်းအား တက်နှုန်းဟာ Yum Brands က မှန်းထားတဲ့ ပမာဏကို မရောက်ရှိသေးပါဘူး”ဟု Yum Brands အမှုဆောင် အရာရှိချုပ် ဂရက်ခရိဒ်က ထုတ်ပြန် ပြောကြားသည်။
Yum Brands သည် တစ်ကမ္ဘာလုံး အတိုင်းအတာအားဖြင့်ကား တတိယသုံးလပတ် ၀င်ငွေ ဒေါ်လာ (၃ ဒသမ ၄၃) ဘီလီယံ ရရှိထားသည်။ ဒေါ်လာ (၃ ဒသမ ၆၇)ဘီလီယံ ရရှိနိုင်သည်ဟု ခန့်မှန်းထားမှုကို ပြည့်မီဖို့ အနည်းငယ် လိုသွားခဲ့သည“တရုတ်ပြင်ပမှာတော့ ကျွန်တော်တို့ရဲ့Taco Bell နဲ့ KFC ဆိုင်တွေ အခြေအနေ ကောင်းနေပါတယ်။ Pizza Hut ကတော့ အရောင်း သိပ်မတက်ဘဲ ဖြစ်နေပါသေးတယ်”ဟု မစ္စတာခရိဒ်က ပြောသည်။
messenger
Sign up here with your email
ConversionConversion EmoticonEmoticon