တပ်မတော် အနေဖြင့် လာမည့် ရွေးကောက်ပွဲအပေါ် လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေလိုပြီး ထိုသို့ ဖြစ်စေရန် လည်း သက်ဆိုင်ရာ တပ်များကို ပဏာမ အနေဖြင့် ညွှန်ကြားချက်များပေးထား ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ပြောကြား


တပ်မတော်အနေဖြင့် လာမည့်ရွေး ကောက်ပွဲအပေါ် လွတ်လပ်တရားမျှ တ သည့်ရွေးကောက် ပွဲဖြစ်စေ လိုပြီး ထိုသို့ဖြစ်စေရန် လည်း သက်ဆိုင်ရာ တပ်များကို ပဏာမအနေဖြင့် ညွှန် ကြားချက် များ ပေးထားကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြား လိုက်သည်။

တပ်မတော်ကာ ကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် စက်တင်ဘာ ၂၁ရက်က နေ ပြည်တော် ရှိ ဘုရင့်နောင် ရိပ်သာ ၌ စာနယ်ဇင်းကောင်စီ(ယာယီ)၊ သက် ဆိုင်ရာအဖွဲ့ အစည်း များ၊ နေ့စဉ် ထုတ်သတင်းစာများ၊ ရုပ်သံမီဒီယာ များနှင့် တွေ့ ဆုံ ခဲ့ခြင်းဖြစ်ပြီး တပ် မတော်၏ လက်ရှိ လုပ်ဆောင်နေမှု များကို ရှင်းလင်းခြင်း၊ တက်ရောက် လာသည့် သတင်း မီဒီယာများ၏သိရှိ လိုသည့်မေး ခွန်းများ ကို ပြန်လည်ဖြေ ကြားခဲ့ရာတွင် သတင်းမီဒီယာ တစ်ခု ၏မေးမြန်းချက်ကို ပြန်လည်ဖြေ ကြားရာတွင် အထက် ပါအတိုင်းထည့် သွင်းဖြေကြား ခဲ့ခြင်းဖြစ်ကြောင်း သိ ရ သည်။

တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ''တပ်မတော်အနေနဲ့ အတတ်နိုင် ဆုံးဆောင်ရွက်နေတယ်။ ကျွန်တော် တို့ဘက်ပေါ့၊ တိုင်းပြည်တစ်ပြည်လုံး နဲ့ပတ်သက်တဲ့အတွက် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စေ ချင်တယ်။ ဒါပေမဲ့ တချို့နေရာတွေ ပေါ့။ တချို့လက်နက်ကိုင်ပဋိပက္ခ တွေရှိတဲ့ တချို့နေရာတွေမှာ ခြိမ်း ခြောက်မှုလေးတွေ ရှိနေတယ်ဆိုတာ တွေ့နေပါတယ်။ တွေ့နေတဲ့အတွက် ဒါတွေကို ကျော်လွှားနိုင်အောင်ကြိုး စားနေပါတယ်။ 

ကျွန်တော် တို့က တော့တင်ပြမယ်။ အဆုံးအဖြစ်ပေး မှာကတော့ ကော်မရှင်နဲ့ နိုင်ငံတော် ပိုင်းကအဆုံးအဖြတ်ပေးမှာပေါ့။ ဒီ ဟာလဲ သံသယနဲ့ပြောပြီးတော့ ဖြစ် ကြရင်မကောင်းဘူး။ ကျွန်တော် အစောကြီးကတည်းကပြောတယ်၊ ဒီစကားပြော တာ တော်တော် ကြာပြီ။ ရွေးကောက်ပွဲမှာ free and fair ဖြစ်ရမယ်ဆိုတာ ပြောခဲ့တာရှိပါတယ်။ ဒီအတွက်လဲ သက်ဆိုင်ရာတပ်တွေ ကို ဒီလိုပဲလုပ်စေချင်ပါတယ်။ ပဏာမ အနေနဲ့လဲ ဒီအတိုင်းညွှန်ကြားထား တာရှိပါတယ်။ free and fair ဖြစ်တဲ့ ညွှန်ကြားချက်တွေပေးထားတာ ရှိပါ တယ်''ဟု ပြောကြားခဲ့သည်။

အများစိတ်ဝင်စားသည့် ငြိမ်း ချမ်းရေးနှင့်ပတ်သက်၍လည်း တိုင်း ပြည်ငြိမ်ပြီး တည်ငြိမ်အေးချမ်းကာ ဖွံ့ဖြိုးတိုးတက်ရန် တပ်မတော် အနေ ဖြင့်ရော၊ မိမိ၏ပုဂ္ဂိုလ်ရေးဆန္ဒအနေ ဖြင့်ပါလိုလားလျက်ရှိကြောင်း၊ လက် နက်ကိုင်ပဋိပက္ခများမှာလည်း လွတ် လပ်ရေးမရမီ ကိုလိုနီစနစ်အောက် ရောက်ခဲ့ရသည့် အခြေအနေနောက် မှ သံသယများ၏ နောက်ဆက်တွဲ ဖြစ်ပေါ်လာ မှုများဖြစ်ကြောင်း၊ မကြာ ခင်လည်း NCA စာချုပ်ကို လက် မှတ်ရေးထိုးနိုင်မည်ဟု ယုံကြည်မိ ကြောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်ကို သွား ရာတွင်လည်း နိုင်ငံချစ်စိတ်တိုးတက် စေလိုသည့်စိတ်များဖြင့် သွားရမည် ဖြစ်ပြီး တစ်ဦးနဲ့တစ်ဦး ဘာသာရေး အရမခွဲခြား ဘဲ အသိအမှတ်ပြုကာ အထင်အမြင်မလွဲကြဖို့ လိုအပ် ကြောင်း၊ တပ်မတော်အနေဖြင့်လည်း ငြိမ်းချမ်းရေးအတွက် ကြိုးစားလျှောက် လှမ်းနေပြီး အားလုံးမှလည်းဝိုင်းဝန်း ကြိုးစားဆောင်ရွက်ကြမှသာ တိုင်း ပြည်တိုးတက်ဖွံ့ဖြိုးဖို့အတွက် အ ထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း လည်း တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က ပြောကြားခဲ့သည်။

KMK / Democracytoday‬
Previous
Next Post »
Powered by Blogger.