၁.၂ မိမိကိုယ်အမူအရာကိုနားလည်မှု
ဒေါသစိတ်ကြောင့် ရုပ်ပိုင်းဆိုင်ရာလက္ခဏာတွေဖြစ်ပေါ်တတ်ပြီး
အထူးသဖြင့် အမျိုးသမီးတွေဟာ လူမှုရေးနဲ့ ယဉ်ကျေးမှုဖိအားတွေကြောင့်
ဖော်ရွေမှုပြသဖို့နဲ့ ဒေါသစိတ်ကို ဖောက်ထုတ်ဖို့ ရှောင်ရှားတတ်ကြပါတယ်။
နေရထိုင်ရခက်တာ ဒါမှမဟုတ် ကြွက်သားနာကျင်တာ၊ အသက်ရှုပြင်းတာ၊
ထိတ်လန့်ကြောက်ရွံ့တာ၊ ခေါင်းကိုက်တာတွေဖြစ်ပေါ်တတ်ပြီး
ဒီလက္ခဏာအားလုံးက ဒေါသစိတ်နဲ့ပတ်သက်နေပါတယ်။
ကိုယ်တကယ်ဒေါသဖြစ်နေတာကို သိထားလိုက်ရင်
ခံစားချက်ကို မမျိုသိပ်တော့ဘဲ ဒေါသစိတ်လျှော့ချဖို့ အထောက်အကူဖြစ်ပါတယ်။
- စိတ်လှုပ်ရှားခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အိပ်မပျော်ခြင်းတွေဟာလည်း ဒေါသစိတ်နဲ့ ဆက်စပ်နေပါတယ်။
၁.၃ မျိုးရိုးစဉ်ဆက်ဒေါသကြီးတတ်သလား
ကိုယ့်မိဘတွေနဲ့ တခြားမိသားစုဝင်တွေရဲ့ ဒေါသစိတ်တွေဟာ မိမိဒေါသဖြစ်လွယ်ခြင်းနဲ့
ဆက်စပ်နေလားဆိုတာ သိထားရင်ကောင်းပါတယ်။ ကိယ်ကြီးပြင်းလာချိန်က
မိသားစုဆွေမျိုးတွေ ဒေါသဖြစ်တဲ့အခါမှာ ဘယ်လိုပုံစံမျိုးလုပ်ခဲ့ကြသလဲ၊
ကိုယ့်မိဘတွေက ဒေါသကို ဖွင့်ထုတ်ကြသူတွေလား၊ ဒါမှမဟုတ် မျိုသိပ်တတ်ကြသူတွေလား။
(ဆက်လက်ဖော်ပြပေးပါမည်)
ညီမင်းဟန်(ဆန္ဒကူး)
Sign up here with your email
ConversionConversion EmoticonEmoticon