ပီကေ သုံးမိနစ်ဝါးရင် စိတ်ဖိစီးမှုလျော့စေနိုင်


ပီကေ၀ါးခြင်းဟာ ဖိအားတွေကို လျော့ပါးစေပြီးပြင်းပြင်းဝါးရင် ယုံကြည်မှု တိုးပွားစေတယ်လို့ ဂျပန်နိုင်ငံ တိုကူရှီးမား တက္ကသိုလ်က သိပ္ပံပညာရှင်တွေက ဖော်ပြထားပါတယ်။ တိုကူရှီမား တက္ကသိုလ်က သိပ္ပံပညာရှင်တွေက အမျိုးသား အမျိုးသမီး ၂၀ ဦးကို အရသာ မပါတဲ့ ပီကေ သုံးမိနစ်ကြာ ၀ါးစေပြီးတဲ့နောက် သူတို့ရဲ့ တံထွေးထဲက ကာတီချိုလမင်း ဟော်မုန်းပါဝင်မှုကို တိုင်းတာခဲ့ကြပါတယ်။

စိတ်ဖိစီးမှု ခံစားရတဲ့အခါ တံထွေးထဲမှာ ကာတီချိုလမင်း ဟော်မုန်းပိုမိုပါဝင်လေ့ရှိလို့ အခုလို စမ်းသပ်ခဲ့တာပါ။ သုံးမိနစ်ကြာ ပီကေ ၀ါးပြီးချိန်မှာ တံထွေးထဲက ကာတီချိုလမင်း ဟော်မုန်းပါဝင်မှု လျော့ကျသွားတယ်လို့ သိရပါတယ်။

ပီကေ၀ါးရင် ဘာကြောင့် စိတ်ဖိစီးမှု လျော့ကျတယ်ဆိုတာကို တိတိကျကျ မသိရသေးပေမယ့် သုတေသီတွေကတော့ ပီကေ၀ါးရင် ဦးနှောက်အတွင်း သွေးလည်ပတ်မှု ပိုများစေပြီး ပီကေ ၀ါးနေချိန်မှာ ဦးနှောက်ရဲ့ လုပ်ဆောင်မှု ပြောင်းလဲသွားလို့ စိတ်ဖိစီးမှု လျော့တာပါလို့ သုံးသပ်ထားကြပါတယ်။ ဒါ့အပြင် ပီကေ၀ါးနေရင် နှလုံးခုန်နှုန်း ပိုမြန်လို့ ဦးနှောက်အတွင်း အောက်ဆီဂျင်နဲ့ အာဟာရဓာတ် ပိုမိုပို့ဆောင်ပေးနိုင်တယ်ဆိုတဲ့ ထင်မြင်ယူဆချက်လည်း ထွက်ပေါ်ခဲ့ပါတယ်။

Nz (ရိုးရာလေး)
Previous
Next Post »
Powered by Blogger.