ဂျပန်ရဲ့ လွတ်လပ်တဲ့ ဒီမိုကရက်တစ်ကို ကာကွယ်ဖို့ လစ်ဗရယ်ဒီမိုကရေစီအတွက် အရေးပေါ် အကောင်ထည်ဖော်ဆောင်ရေး ကျောင်းသားများအဖွဲ့ (SEALD)က ဇူလိုင် ၁၇ ရက်က ဆန္ဒပြခဲ့ပါတယ်။
ဒီအဖွဲ့မှာ ဆယ်ကျော်သက် ကျောင်းသားလူငယ်တွေ အများအပြားပါဝင်နေပြီး ဂျပန်နိုင်ငံရဲ့ ဆိုးဝါးလာနေတဲ့ နိုင်ငံရေး အခြေအနေအတွက် လှုံ့ဆော် ဆန္ဒပြနေတာ ဖြစ်ပါတယ်။
ဇူလိုင်မှာ ဂျပန်ဝန်ကြီးချုပ် အာဘေးအစိုးရက လုံခြုံရေး ဆိုင်ရာ ဥပဒေတွေ အများအပြား ပြဌာန်းဖို့ ရှိနေပါတယ်။
ဒါအပြင် အာဏာရ လေဘာဒီမိုကရက်တစ်ပါတီက လာမယ့်နှစ် အထက်လွှတ်တော် ရွေးကောက်ပွဲ ဂျပန်ရဲ့ ငြိမ်းချမ်းရေး အခြေခံဥပဒေကို ပြင်ဆင်ဖို့ လုပ်ဆောင်နေပါတယ်။
ဂျပန်ရဲ့ အနာဂတ်အတွက် အရေးပါတဲ့ အချိန်မှာ ရောက်ရှိနေတဲ့ အတွက် လူငယ်မျိုး ဆက်သစ်တွေကို ဒီကိစ္စကို သေချာစဉ်းစားဖို့ နှိုးဆော်ပြီး တိုက်တွန်းမှုတွေ လုပ်ဆောင်နေ ပါတယ်။
ဂျပန်ရဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို ဒိုင်းသဖွယ်ကာကွယ်ဖို့အတွက် ဒီအဖွဲ့က ဆောင်ရွက်နေ ပါတယ်။
DVB
Sign up here with your email
ConversionConversion EmoticonEmoticon