ကြောင်ဆေးပင် (ခေါ်) ကြောင်ရိုသေပင်


လမ်းဘေးတွင် အလေ့ကျပေါက်ပင်တမျိုးဖြစ်ပြီး ထို အပင်၏ အနံ့ ကိုရပါက ကြောင်များ အလွန်နှစ်သက်ကျ ပါတယ်၊၊ ကြောင်များသည် ထိုအပင်ရဲ့ အမြစ်ကိုသာ စားသုံးတတ်ကျကြောင်း တွေ့ ရပါတယ်၊၊ ရှေးရိုးရာ အယူအဆ အရ ကြောင်များအတွက် အသက်ကယ်ဆေးပင် ဖြစ်သောကြောင့် ကြောင်ရိုသေပင်လို့ ခေါ်ကျ ပါတယ်၊၊ ကြောင်များ နှစ်သက်သော ကြောင်ရိုသေပင်(ခေါ်) ကြောင်ဆေးပင်သည် ဆေးပင်တမျိုးဖြစ်ကြောင်း သုံးစွဲ ပုံ နည်းလမ်းများ နှင့် ပြသမှာ ဖြစ်ပါတယ်၊၊ 

ရှေးဦးစွာ ကြောင်ရိုသေပင် အကြောင်းကို လေ့လာကြည့်လျှင် -

ရုက္ခဗေဒ အမည်မှာ - Acalypha indica Linn . ဖြစ်ပြီး EUPHORBIACEAE မျိုးရင်းဝင် ဖြစ်ပါတယ်၊၊ မြန်မာလို ကြောင်ရိုသေပင် (သို့ ) ကြောင်ဆေးပင်လို့ ခေါ်ဝေါ်ပါတယ်၊၊ အင်္ဂလိပ်အမည်မှာ Indian Acalypha ဖြစ်ကာ ဟိန္ဒူ အမည်မှာ Kuppi ၊ သက္ကတ လို Haritamanjari ဖြစ်ကြောင်း သိရပါတယ်၊၊ 

အပင်ဟာ တနှစ်ခံ ပင်ပျော့ မျိုး ဖြစ်ကာ အမြင့် ၁ ပေ မှ ၃ ပေ အထိ ရှိကြောင်းတွေ့ ရပါတယ်၊၊ အရွက် ပုံသဏ္ဍန် မှာ အ၀ိုင်းပုံ ဖြစ်ပြီး ၁လက်မ မှ ၂ လက်မ ခွဲ အထိရှိပါတယ် ၊၊ ရွက်ထိပ်ဖျား တွန့် လေးများ ပါဝင်ပါ တယ်၊၊ အပွင့် သေးလေးများ အဆုပ်လိုက်ပွင့်ပါတယ် ၊၊ အသီးလေးများသီး ကာ အစေ့လေးများ ဟာ ကြေမွ လွယ်တတ်ပါတယ်၊၊ 

သိပ္ပံနည်းကျ ဓါတ်ခွဲ လေ့လာပါ - B sitoterol, stigmasterol, စသည့် ဒြပ်ပေါင်းများ ပါဝင်ပါတယ်၊၊
မြန်မာနိုင်ငံမှာ အလွန်အေးသော တောင်ပေါ် ဒေသမှ လွဲ၍ အနှံ့ အပြား သဘာဝ အလျောက် အလေ့ ကျ ပေါက်ရောက် ခြင်းတွေ့ ရပါတယ် ၊၊

အရွက်၊ပင်စည်၊ အမြစ်၊ အသီး အပွင့်  ဆိုသော ပဉ္စငါးပါးလုံးကို ဆေး အဖြစ် သုံးစွဲ ကျကြောင်း တွေ့ ရပါတယ် ၊၊ 

တိုင်းရင်းဆေးပညာ သဘောအရ သုံးစွဲပုံကို ခွဲခြားလေ့လာမည် ဆိုပါက 

- အရွက်သည် အန်ဆေး အဖြစ် အသုံးပြုနိုင်သည်၊၊ 

- အဆုတ်ကို အကူအညီ ပေးတတ်သည်၊၊

- အဆစ်ရောင် ရောဂါ၊ အဆုတ်အအေးပတ်သော အဖျား၊ ပန်းနာ၊ လေပြွန်ချောင်းပူခြင်း၊ အရူးရောဂါ၊ ဦးနှောက်ရောဂါ၊ ပိုးရောဂါတို့ တွင် အသုံးပြုကြောင်း တွေ့ ရသည်၊၊ 

ရောဂါ ဝေဒနာ အလိုက် အသုံးပြုပုံ 

-ကလေးများ ချွဲသလိပ် ပိတ်ဆို နေကာ ရင်ကြပ်ပါက တမာရွက် နှင့် ကြောင်ရိုသေပင် ရွက်တို့ ကို ထောင်း၍ ညစ်သော အရည်ကို ဆတူရောစပ်ပြီးကလေး၏ အသက်အရွက်အလိုက် လက်ဘက်စားဇွန်း တ၀က်မှ တဇွန်း အထိ ချင့်ချိန် ကာ တိုက်ကျွေးနိုင်ပါတယ် ၊၊ ကလေးများ ၀မ်းသွားခြင်း အော့အန် ခြင်း
ဖြစ်စေပြီးအချွဲများ ပါသွားကာ သလိပ်ပိတ်ဆို့ ရင်ကြပ်ခြင်းကို သက်သာစေပါတယ် ။

-လူကြီးများတွင် ပန်းနာရင်ကြပ်ခြင်း၊ အဆုတ်ရောင်ခြင်း ဖြစ်ခဲ့သော် ထောင်းညှစ်ရည် ကို ဖြစ်စေ၊ ပြုတ်ရည်ကို ဖြစ်စေ အန်ဆေးအဖြစ် တိုက်ကျွေးခြင်းဖြင့် သက်သာစေနိုင်ကြောင်း တွေ့ ရပါတယ်။

- နားရောဂါများ ကို ကုသရာတွင် အရွက်စိမ်းကို ထောင်း၍ ညစ်ရသော အရည် သတ္တုရည်ကို မီးဖြင့်နွေးကာ နားတွင် အစက်ချပေးပါက နားရောဂါများ သက်သာပျောက်ကင်းစေပါတယ်၊၊

- အရွက်ခြောက်ကိုပြုတ်ပြီး တိုက်ပါက အသက်ရှူ လမ်းကြောင်းတလျှောက်တွင် အညစ်အကြေး ပိတ်ဆို့ ခြင်းများ ရှင်းလင်းသွားကာ အသက်ရှူပြွန် ရောင်ပိတ်ဆို့ ခြင်းဝေဒနာကို သက်သာစေပါတယ်။

- အရွက် ကို ထောင်းညစ်သော အရည်ကို ဖြစ်စေ၊ ပြုတ်ရည် ကို ဖြစ်စေ တိုက်ကျွေးပါက ၀မ်းနှင့်ပတ်သက်သော ၀မ်းမကောင်းခြင်း၊ အူရောင်ြခင်း၊ ၀မ်းပျက်ခြင်း၊ ၀မ်းရစ်၍ နာခြင်း၊ ဗိုက်အောင့်၊ ဗိုက်နာခြင်း တို့ ကို သက်သာပျောက်ကင်းစေပါတယ်။

- အရွက်ကို ပြုတ်ပြီးသုတ်စားပါက အဆုတ်ရောဂါ၊ နားအူ နားကိုက်ခြင်းတို့ ကို သက်သာပျောက်ကင်း စေပါတယ်၊၊

- အာအင်နည်းပါး ပင်ပန်းနွမ်းနယ်ပါက ဓါတ်စာ အဖြစ် အရွက်ကို ပုဇွန်ထုပ် နဲ့ ကြော်စားပါက အားအင် ပြည့်ဖြိုးစေပါတယ်။

- အရွက်ကို ထောင်း၍ အရည်ညစ်ကာ တမာဆီနဲ့ ရောပြီး ၀ဲခြောက်၊ ပွေးယားနာ စသော အရပြား တွင် ဖြစ်တတ်သော ယားနာအမျိုးမျိုးကို လိမ်းပေးပါ က သက်သာပျောက်ကင်းစေတတ်ကြောင်း တွေ့ ရပါတယ်၊၊ 

- အရွက်ထောင်းညစ်သော အရည်ကို ကြက်ဆူဆီနဲ့ ဆတူ ရောစပ်ပြီး အဆစ်အမြစ် ကိုက်ခဲရာတွင် လိမ်းပေး ပါက သက်သာပျောက်ကင်းစေနိုင်ပါတယ်။

အချုပ်အားဖြင့် ဆိုရသော အလေ့ကျပေါက်ရောက်ပြီး ကြောင်များ နှစ်သက်သော ကြောင်ရိုသေပင် ခေါ် ကြောင်ဆေးပင်သည် လူသားတို့ အတွက်ကျန်းမာရေးကို ပါ အကျိုးပြုသော ဆေးပင်တပင် ဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်၊၊

Win Thura Nyunt
Previous
Next Post »
Powered by Blogger.