တစ်ရပ်ကွက်လုံးကို ဂရပ်ဖီတီ မှုတ်ခိုင်းပြီး လူငယ်တွေကို စည်းလုံးမှုရစေခဲ့တဲ့ မက္ကဆီကို အစိုးရ


မက္ကဆီကို နိုင်ငံ အစိုးရ ဟာ ပါချူကာ မြို့မှာရှိတဲ့ ပါးမီတပ်စ် ဆိုတဲ့ ရပ်ကွက်ငယ်လေး တစ်ခုကို စည်းလုံးမှု ရှိသွားစေဖို့အတွက် အကောင်းဆုံး နည်းလမ်း ကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

ထို နည်းလမ်းကတော့ ဂရပ်ဖီတီ ရေးဆွဲသူတွေကို အကူအညီတောင်းပြီး တစ်ရပ်ကွက် လုံးကို မှုတ်ဆေးဘူးတွေနဲ့ အရောင်တွေ ခြယ်သ လိုက်တာပါပဲ။

ပါချူကာ မြို့ပေါ်က နံရံတွေပေါ်မှာ သူတို့ရဲ့ ခံစားချက်တွေကို ရေးဆွဲ ဖော်ပြလေ့ရှိတဲ့ "German Crew" ဆိုသူ လူငယ် အဖွဲ့တစ်ဖွဲ့ကို အစိုးရ တာဝန်ရှိသူတွေက အကူအညီ တောင်းပြီး အိမ်ပေါင်း ၂၀၉ လုံးကို ဆေးရောင်ခြယ်ကာ ရပ်ကွက်နေပြည်သူတွေကို စည်းလုံးမှု ရရှိစေခဲ့ပြီး လူငယ်တွေကြားမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေကို အတူတကွ တိုက်ထုတ်ကြဖို့ လှုံ့ဆော်ပေးခဲ့ပါတယ်။

လူငယ် ဂရပ်ဖီတီ အဖွဲ့ဟာ ၂၀၀၀၀ စတုရန်းမီတာ ကျယ်ပြန့်တဲ့ အိမ် နံရံ တစ်ခုဆီကို ဆေးရောင် အမျိုးမျိုး ခြယ်သခဲ့ပြီး တစ်ရပ်ကွက်လုံးပေါင်းလိုက်တဲ့အခါ သက်တန့်ရောင်စုံတွေအသွင်ဖြစ်သွားစေခဲ့ပါတယ်။

ထို မြို့နယ်မှာနေထိုင်တဲ့ မိသားစု ၄၅၂ စု နဲ့ ၁၈၀၈ ယောက်သော လူဦးရေတို့က ပြောပြခဲ့တာတော့ ထို ဂရပ်ဖီတီ ပရောဂျက် ဟာ ထိရောက်တဲ့ သက်ရောက်မှု တွေရှိခဲ့ပြီး လူငယ်တွေကြားမှာလည်း အကြမ်းဖက်မှု တွေ ပပျောက်သွားခဲ့တာကို တွေ့ရတယ်လို့ ဆိုကြပါတယ်။

( Mario ) - သစ်ထူးလွင်
Ref : Metro

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.