သတင်းအချက်အလက် နည်းပညာတက္ကသိုလ်မှ ကျောင်းသားဦးရေ ၂၀၀ လက်ခံမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၅-၂၀၁၆ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့်အတွက် တက္ကသိုလ်ဝင်စာမေးပွဲတွင် စုစုပေါင်းရမှတ် ၄၅၀ နှင့်အထက် ရရှိသူများ လျှောက်ထားနိုင်မည်ဖြစ်ပြီး တက္က သိုလ်ဝင် စာမေးပွဲတွင် သိပ္ပံတွဲ (သို့မဟုတ်) ဝိပ္ပံတွဲဖြင့် အောင်မြင်သူများ လျှောက်ထားနိုင်မည်ဖြစ်သည်။
မြန်မာတစ်နိုင်ငံလုံးရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခဲ့သည့် စာစစ်ဌာနအားလုံးမှ အောင်မြင်သူများ တက်ရောက်သင်ကြားနိုင်ပြီး သင်တန်းကာလမှာ ၅ နှစ် တက်ရောက်ရမည်ဖြစ်သည်။
အထူးပြုဘာသာရပ်အလိုက် အောင်မြင်သူများကို B.C.Sc (Software Engineering), B.C.Sc (Knowledge Engineering), B.C.Sc (Business Information Systems), B.C.Sc (High Performance Computing), B.C.Sc (Embedded Systems), B.C.Sc (Communication Systems), B.C.Sc (computer Systems) အစရှိသော ဘွဲ့များပေးအပ်ချီးမြှင့်မည်ဖြစ်သည်။
Internet Journal
Sign up here with your email
ConversionConversion EmoticonEmoticon