ဟောင်ကောင်တွင် မေတ္တာတရားနှင့် ငြိမ်းချမ်းရေးအတွက် မြို့လယ်သိမ်း လှုပ်ရှားမှု စတင်

ဟောင်ကောင်မှာ ဒီမိုကရေစီတောင်းဆိုတဲ့ ကျောင်း သားသပိတ်ကို အာဏာပိုင်တွေက ဖြိုခွင်းဖို့ ကြိုးစား ချိန်မှာ နောက်ထပ် လူထောင်ပေါင်းများစွာ စက်တင် ဘာလ ၂၇ ရက်နေ့ကစလို့ လမ်းပေါ်ထွက်လာကြ ပါတယ်။

ဒီဆန္ဒပြပွဲကတော့ မေတ္တာတရားနှင့် ငြိမ်းချမ်းရေးအ တွက်စင်ထရယ်ကို သိမ်းလို့ နာမည်ပေးထားပြီး ဟောင်ကောင်မြို့လယ်ခေါင်မှာ စုရုံးနေကြတာပါ၊

လှုပ်ရှားမှုကို ခေါင်းဆောင်သူတွေဟာ ဒါဟာ ငွေရေးကြေးရေး ဘဏ္ဍာရေးလုပ်ငန်းတွေ စုရုံးတည်ရှိတဲ့ မြို့နယ်ကို ပိတ်ဆို့ဖို့ ရည်ရွယ်တဲ့ လှုပ်ရှားမှုရဲ့ အစလို့ ပြောပါတယ်။ ဒီဆန္ဒပြပွဲတွေဟာ ဟောင်ကောင်မှာ ဆယ်စုနှစ်တွေအတွင်း လူအများဆုံး ပူးပေါင်းပါဝင်တဲ့ ဆန္ဒပွဲဖြစ်ဖို့ စည်းရုံးလှုပ်ရှားသူတွေက မျှော်လင့်နေပါတယ်။

အစိုးရရုံးချုပ်နားမှာ ဆန္ဒပြတဲ့ ကျောင်းသားတွေကို အဓိကရုဏ်း နှိမ်နင်းရေးတပ်တွေက ငရုပ်ကောင်း ရည်တွေနဲ့ ပက်ပြီး လူစုခွဲပြီး ၂၄ နာရီမတိုင်ခင်မှာ စင်ထရယ်ကိုသိမ်း လှုပ်ရှားမှုကို စတင်လိုက်တာဖြစ် ပါတယ်။

ကျောင်းသားတွေနဲ့ ရဲတွေ ရုန်းရင်းဆန်ခတ်ဖြစ်မှုအတွင်း ၃၄ ယောက် ဆေးရုံတင်ခဲ့ရသလို ၆၀ လောက် လည်း ဖမ်းဆီးခံထားရပါတယ်။

DVB

ConversionConversion EmoticonEmoticon

:)
:(
=(
^_^
:D
=D
=)D
|o|
@@,
;)
:-bd
:-d
:p
:ng
Powered by Blogger.