သတင်းအရ စစ်သားတွေဟာ ကာရိုဂရက် အထူးနယ်
မြေက ဖြစ်ပြီး လေဆိပ်ကို မေလကတည်းက ခုခံကာ ကွယ်နေရတယ်လို့ ဆိုပါတယ်။ ဒီပုံဟာ စက်တင်ဘာ လ ၂၆ ရက်နေ့ညက ခွဲထွက်ရေး သူပုန်တွေ ဒွန်း ညက်လေဆိပ်ကို တိုက်ခိုက်ခဲ့တဲ့ အချိန်က ရိုက်ကူး တာပါ။
ယူကရိန်း အစိုးရ လုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီ ပြောခွင့်ရသူက သူပုန်တွေဟာ လေဆိပ်ကို ၀င်သိမ်းဖို့ နှစ်ကြိမ် ကြိုးစားခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ဘူးလို့ စက်တင်ဘာလ ၂၆ ရက်နေ့က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
အခုလို တိုက်ခိုက်မှုဟာ ယူကရိန်း အရှေ့ပိုင်းဒေသ အပစ်ရပ်စဲရေး သဘောတူထားပေမယ့် ကြိုကြား ဖြစ်နေတဲ့ တိုက်ပွဲတွေထဲက တခုပါ။ စက်တင်ဘာလ ၂၆ ရက်နေ့မှာပဲ ယူကရိန်း အစိုးရနဲ့ ရုရှားလိုလားတဲ့ ခွဲထွက်ရေး သူပုန်တွေ တွေ့ဆုံပြီး ၁၉ မိုင် အကွာအဝေး ကြားခံ နယ်မြေ သတ်မှတ်ရေး ဆွေးနွေးခဲ့ပါတယ်။
ယူကရိန်း ပဋိပက္ခအတွင်း လူ ၃၀၀၀ ကျော် သေဆုံးခဲ့ပြီး သူပုန်တွေကို ရုရှားက လက်နက်ထောက်ပံ့ပေး တယ်လို့ ယူကရိန်း အစိုးရနဲ့ အနောက်နိုင်ငံတွေက စွပ်စွဲထားပေမယ့် ရုရှားက ငြင်းဆန်ထားပါတယ်။
DVB
Sign up here with your email
ConversionConversion EmoticonEmoticon