တယ်လီနောမြန်မာအနေဖြင့် ဒေါ်လာငါးဆယ် အောက် တန်ဖိုးနည်းဟန်းဆက်နှစ်မျိုးကို ၎င်းတို့၏ ဆင်းမ် ကတ် များနှင့် တွဲဖက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တယ်လီနောမှ ရောင်းချပေးမည့် ဟန်းဆက်များမှာ 2 G ကွန်ရက် အသုံးပြုနိုင်သည့် Keypad ဟန်းဆက်ကို ကျပ် ၁၉,၉၀၀ နှင့် 3G ကွန်ရက်ကို အသုံးပြုနိုင်သည့် Touch Screenစမတ်ဖုန်းကို ကျပ် ၄၉,၉၀၀ ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။
ဟန်းဆက်နှစ်မျိုးတွင် 2G ကွန်ရက်သုံး Keypad ကို ၀ယ် ယူမည်ဆိုပါက မိနစ်တစ်ရာအခမဲ့ဖုန်းပြောဆိုခွင့်၊ SMS တစ်လအခမဲ့ပေးပို့ခွင့်နှင့် အင်တာနက် 100 MB အခမဲ့အသုံးပြုခွင့် တို့ကိုရရှိနိုင်မည်ဖြစ်သည်။
3G ကွန်ရက်သုံး Touch Screen စမတ်ဖုန်းကို ၀ယ်ယူမည် ဆိုပါက မိနစ်နှစ်ရာအခမဲ့ဖုန်းပြောဆိုခွင့်၊ SMS တစ်လ အခမဲ့ ပေးပို့ခွင့်နှင့် အင်တာနက် 200 MB အခမဲ့အသုံးပြုခွင့်တို့ကို လည်း ရရှိနိုင်မည်ဖြစ်သည်။
အဆိုပါဟန်းဆက်များသည် ထိုင်ဝမ်နိုင်ငံထုတ် Maximusတံဆိပ်ဖုန်းများဖြစ်ပြီး တယ်လီနောတံဆိပ်များ တွဲဖက်ပါဝင် မည်ဖြစ်ကာ ရောင်းချမည့် အရေအတွက်ကို တိတိကျကျပြော ကြားခြင်းမရှိသော်လည်း လိုသလောက်ရောင်းချပေးသွားမည် ဟု တယ်လီနောမြန်မာအမှုဆောင်အရာရှိချုပ် Petter Ferburg ကပြောသည်။
ဟန်းဆက်ဝယ်ယူလိုသူများအနေဖြင့် မန္တလေးမြို့တွင် တယ်လီနော၏ ဆင်းမ်ကတ်အရောင်းဆိုင်ပေါင်း ၁,၅၀၀ ရှိသည့်အနက် အရောင်းဆိုင်ကိုးခုတွင်သာ ၀ယ်ယူနိုင်မည်ဖြစ်သည်။
တယ်လီနောအနေဖြင့် ယခုရောင်းချပေးမည့် ဟန်းဆက် များအပြင် Samsung, Huawei စသည့် စမတ်ဖုန်းထုတ်လုပ် သော ကုမ္ပဏီများနှင့် ပူးပေါင်း၍ ရောင်းချပေးရန်လည်း စီစဉ် နေကြောင်း သတင်းရရှိသည်။
နိုင်လင်းအောင် | 7day
Sign up here with your email
ConversionConversion EmoticonEmoticon