Apple ရဲ့ စမတ်နာရီ တွေဟာ ဆိုင်တွေ မှာ ရောင်းချနေခဲ့တာ လအနည်းငယ်တော့ရှိနေပါပြီ။ ဒါပေမယ့်လည်း နည်းပညာ ကုမ္မဏီကြီး ဖြစ်တဲ့ Apple က ထို Apple စမတ်နာရီ တွေအတွက် ဆော့ဖ်ဝဲလ် update ကို ထုတ်လုပ်လိုက်ပြန်ပါပြီ။
အဲဒီ update ကို WatchOS 2 လို့ခေါ်ပြီး ထို update ကို မိမိရဲ့ စမတ်နာရီထဲ update လုပ်လိုက်တဲ့အခါမှာတော့ အနည်းငယ် ကောင်းမွန်လာတဲ့ လုပ်ဆောင်ချက်အသစ်တွေလည်း ပါဝင်လာပါတယ်။
Apple ဟာ နာရီတွေရဲ့ မျက်နှာပြင်ပုံစံသစ်တွေကိုလည်း ထို update ထဲမှာ ထည့်သွင်းပေးထားပြီး ၂၄ နာရီ စာ အချိန်နဲ့ ယှဉ်ပြမယ့် မျက်နှာပြင်တွေကိုလည်း ပြောင်းလဲလို့ရမှာပါ။
ဒါ့အပြင် အထူးခြားဆုံး လုပ်ဆောင်ချက်ကတော့ ရာသီဥတု ပါ။ ထို ရာသီဥတု စနစ်ကိုတော့ Apple က "Time Travel" လို့ နာမည်ပေးထားပါတယ်။ မနက်ဖြန် ညနေမှာ ဖြစ်ပေါ်မယ့် ရာသီဥတု အခြေအနေကိုပါ Apple စမတ်နာရီတွေက ကြိုတင်ခန့်မှန်းပေးနိုင်သွားပါပြီ။
လေကြောင်းခရီးစဉ်ထွက်ခွာမယ့်အချိန်လိုမျိုး အရေးကြီးတဲ့ အချက်အလက်တွေကို အချိန် နဲ့ အတူ မျက်နှာပြင်မှာ ဖော်ပြနိုင်စေရန် လည်း ပြောင်းလဲလို့ ရ နိုင်သွားပါပြီ။ အီးမေးလ်လည်း ပြန်လို့ ရသလို Facetime ခေါ်ဆိုမှုတွေကိုလည်း စမတ်နာရီနဲ့ တင်လုပ်ဆောင်နိုင်သွားပါပြီ။
Watch OS 2 ဟာ Fitness နဲ့ဆိုင်တဲ့ ခြေရာခံ စနစ် အသစ်တစ်ခုလည်း ထည့်သွင်းထားပြန်ပါတယ်။ ထို Watch OS 2 စနစ်သစ်ကို Beta ဗားရှင်းအနေနဲ့ လက်ရှိမှာ အခမဲ့ ဒေါင်းလုဒ် ပြုလုပ်နိုင်ပြီး Full ဗားရှင်းကတော့ မကြာမီအချိန်အနည်းငယ် အတွင်းမှာပဲ အခမဲ့ အသုံးပြုခွင့်ရရှိမှာဖြစ်ပါတယ်။
( Mario ) - သစ်ထူးလွင်
Ref : Mirror
Sign up here with your email
ConversionConversion EmoticonEmoticon