ယခုပြိုင်ပွဲကိုတော့ မော်ဒယ်လောက အပြင်၊ သရုပ်ဆောင်လောက၊ ဘဏ်လုပ်ငန်းနဲ့ ပညာရေးလောက စတဲ့ နယ်ပယ်ပေါင်းစုံမှ အမျိုးသမီးများ အနေဖြင့် မိမိတို့ရဲ့ ကိုယ်ခန္ဓာ ကို ရုပ်ပိုင်းသာမက စိတ်ပိုင်းဆိုင်ရာ ပိုမိုကျန်းမာ ဖွံ့ဖြိုးစေရန်နှင့် ခန္ဓာကိုယ်အလှအပကို ပိုမိုတန်ဖိုး ထားတတ်စေဖို့နဲ့ ဂရုစိုက်စေတတ်ဖို့ အတွက် ကျင်းပခြင်း ဖြစ်ပါတယ်။
ပြိုင်ပွဲဝင်များထဲမှ ဆုရရှိသူကိုတော့ အမျိုးသမီး အတွင်းခံ အ၀တ်အစား တံဆိပ်ဖြစ်တဲ့ Sexy Cookie ရဲ့ brand ambassador အဖြစ် ခန့်အပ်ခြင်း ခံရမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲ မစခင်ကပဲ ပြိုင်ပွဲဝင် အမျိုးသမီးများထဲမှ ၂၅ဦးကို အသေအချာ ဆန်ကာတင် စစ်ဆေးထားပြီး အခြား အရည်အချင်းများ အဖြစ် ကိုယ်ခန္ဓာ ကျန်းမာ
ကြံ့ခိုင်မှု၊ အက၊ လမ်းလျှောက်ခြင်း၊ ကိုယ်ဟန် အနေအထား၊ စကားပြော စတဲ့ စွမ်းဆောင်မှုတွေကိုပါ ထည့်သွင်း စစ်ဆေးထားတယ်လို့ သိရပါတယ်။
နောက်ဆုံးအဆင့် ပြိုင်ပွဲဝင်များဟာ ဆိုရင် သုံးပတ်ကြာ သင်တန်း တက်ရပါတယ်။ ပြိုင်ပွဲဝင်များထဲမှ ဆုရသူ ခြောက်ဦးဟာဆိုရင်တော့ ၂၀၁၅ pictorial catalog မှာ ပါဝင်ခွင့် ရမှာ ဖြစ်ပြီး ဆုရရှိတဲ့ ငွေကြေးများမှ တစ်ဝက်ကိုတော့ လှုဒါန်းရမှာ ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်အတွက် ပထမဆုကိုတော့ ပြိုင်ပွဲဝင်အမှတ်စဉ် ၇ Kim Ha Neul က ရရှိသွားပါတယ်။ ပြိုင်ပွဲဝင်များ အနေဖြင့် မျက်နှာကို မျက်နှာဖုံးအုပ်ပြီး ယှဉ်ပြိုင်ရတဲ့ အတွက်ကြောင့် ပထမဆုရရှိသူ Kim Ha Neul ရဲ့ အနောက်ပိုင်းကောက်ကြောင်းဟာ အင်မတန်မှ စွဲမက်ဖွယ် ဖြစ်တာကြောင့် သူမရဲ့ မျက်နှာကိုလည်း မြင်

တွေ့လိုကြတဲ့ ပရိသတ်တွေလည်း မနည်းဘူးလို့ သိရပါတယ်။
World Myanmar
World Myanmar
Sign up here with your email
ConversionConversion EmoticonEmoticon